Skip to main content

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေး စောင့်ရှောက်မှုခံယူနိုင်ရေး ဆောင်ရွက်ထားရှိမှုများ

နေပြည်တော်ကောင်စီ

(ယမန်နေ့မှ အဆက်)

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမည့်အစီအစဉ်

ယခုအခါ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိမှု၊ ဖြစ်ပွားမှုနှုန်းသည် ကမ္ဘာနှင့်အဝန်း ပြန်လည် မြင့်မားလာရာ မြန်မာနိုင်ငံတွင်လည်း ၂၅-၅-၂၀၂၁ မှစတင်၍ တတိယလှိုင်းအဖြစ် စတင်ခဲ့သည့် အတွက် ရောဂါ ထိန်းချုပ်တားဆီးကာကွယ်နိုင် ရေးအတွက် ကာကွယ်ဆေးထိုးနှံနိုင်ရေး စီမံချက်ကို နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီများ၏ အနီးကပ် ကြီးကြပ်မှုဖြင့် ပြန်လည်ဆောင်ရွက်ရန် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်အရ နေပြည်တော်ကောင်စီ နယ်မြေတွင် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းအား အောင်မြင်ထိရောက်စွာ ဆောင်ရွက်မည် ဖြစ်ပါသည်။

ပထမအရစ် ကာကွယ်ဆေးရရှိမှုအပေါ် ဆေးထိုးနှံမည့်အခြေအနေ

နေပြည်တော်ကောင်စီနယ်မြေတွင် ခရိုင် ၂ ခရိုင်ဖွဲ့စည်းထားရှိရာ ဆေးထိုးရန် ကျန်အင်အားအပေါ် အခြေပြု၍ ပထမအရစ်ရရှိဆေး Sinopharm အရေအတွက် (၃၈၀၀၀)အား အောက်ပါအတိုင်း ခွဲဝေထိုးနှံသွားမည် ဖြစ်ပါသည်

(က) ဥတ္တရခရိုင် (၁၉၀၀၀)

(၁) တပ်ကုန်းမြို့နယ် (၁၀၀၀၀)

(၂) ဇေယျာသီရိမြို့နယ် (၃၀၀၀)

(၃) ပုဗ္ဗသီရိမြို့နယ် (၃၀၀၀)

(၄) ဥတ္တရသီရိမြို့နယ် (၃၀၀၀)

(ခ) ဒက္ခိဏခရိုင် (၁၇၅၀၀)

(၁) ပျဉ်းမနားမြို့နယ် (၅၀၀၀)

(၂) လယ်ဝေးမြို့ နယ် (၈၀၀၀)

(၃) ဇမ္ဗူသီရိမြို့နယ် (၃၅၀၀)

(၄) ဒက္ခိဏသီရိမြို့နယ် (၁၀၀၀)

အရန်(၁၅၀၀)အား ဆေးမထိုးနှံရသေးသော နိုင်ငံ့ ဝန်ထမ်းများအား ဆက်လက်ထိုးနှံပေးမည် ဖြစ်ပါသည်။

ဆေးထိုးနှံရမည့်ဦးစားပေးအုပ်စုသတ်မှတ်ခြင်းနှင့် စာရင်းကောက်ယူခြင်း

ဆေးထိုးနှံရမည့် ဦးစားပေးအုပ်စု (၁၃)မျိုး သတ်မှတ်ထားရာ အုပ်စုအလိုက် ဖြန့်ကြက်၍ သတ်မှတ်ပုံစံနှင့်အညီ စာရင်းကောက်ယူရပါမည်။ ယင်းသို့ကောက်ယူရာတွင် အုပ်စုအလိုက် ကြီးကြပ် ရမည့်ဌာနများကို တာဝန်ပေးလျက်ဌာနစုံနှင့် Volunteer များ ပါဝင်သောအဖွဲ့ စာရင်းကောက်ယူ မည်ဖြစ်ပါသည်။ ပထမအရစ် ရရှိသော ကာကွယ် ဆေးများအား ဆေးထိုးနှံရန် ဦးစားပေးအုပ်စု အဖြစ် အသက် ၆၅ နှစ်နှင့်အထက် မိဘပြည်သူ များ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်း လုပ်ငန်းများတွင် ရှေ့တန်းမှတာဝန် ထမ်းဆောင်နေ  ကြသည့် ကာကွယ်ဆေးမထိုးရသေးသော ကျန်းမာ ရေးဝန်ထမ်းများနှင့် ပုဂ္ဂလိကကျန်းမာရေး ဝန်ထမ်း များ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်း လုပ်ငန်းများဆောင်ရွက်နေသော ကာကွယ်ဆေး မထိုးရသေးသည့် စေတနာ့ဝန်ထမ်းများ၊ ဘိုးဘွား ရိပ်သာများရှိ ဘိုးဘွားမိဘပြည်သူများ၊ သာသနာ့ ဝန်ထမ်းများ၊ ဘုန်းတော်ကြီးများနှင့် သီလရှင်များ၊ ကာကွယ်ဆေးမထိုးရသေးသော နိုင်ငံ့ဝန်ထမ်း များ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ/ အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်/မိုတယ်/တည်းခိုခန်းများ မှ ဝန်ထမ်းများ၊ အကျဉ်းထောင်များရှိ အကျဉ်းသား များနှင့် အချုပ်သားများ၊ ပုဂ္ဂလိကသယ်ယူပို့ဆောင် ရေးလုပ်ငန်းများမှ ပုဂ္ဂိုလ်များ (ကုန်းကြောင်း၊ လေကြောင်း၊ ရေကြောင်း)၊ စူပါမားကတ်များ/ဈေး များမှ ဝန်ထမ်းများ စသည်တို့ ဖြစ်ပါသည်။ ဆေးထိုးနှံရန် နေရာရွေးချယ်သတ်မှတ်မှုနှင့် အသုံးပြုမည့်အဖွဲ့ အင်အားများ ၊ ကာကွယ်ဆေးထိုးနှံမှုကို မြို့နယ်အလိုက် ကျယ်ဝန်း၍ သွားလာရေးလွယ်ကူသော ဆေးထိုးရမည့် သူများအား ပို့ဆောင်ပေးရန် အချက်အချာ ဆုံချက်ကျသောနေရာများကို ဦးစားပေးရွေးချယ် ထားပါသည်

တပ်ကုန်းမြို့နယ် - အထက(၁)တပ်ကုန်း

ဇေယျာသီရိမြို့နယ် - အထက၊ ပြည်စံအောင်

ပုဗ္ဗသီရိမြို့နယ် - အထက(၂၀)

ဥတ္တရသီရိမြို့နယ် - အထက(မင်းကုန်း)

လယ်ဝေးမြို့နယ် - အထက(၁)

ပျဉ်းမနားမြို့နယ် - အထက(၃)

ဒက္ခိဏသီရိမြို့နယ် - အထက(၁၈)

ဇမ္ဗူသီရိမြို့နယ် - အထက(၇)

ဆေးထိုးနှံပြီးစီးမှု မှတ်ပုံတင်ခြင်းနှင့် ဆက်သွယ်ရေး ကာကွယ်ဆေးထိုးလုပ်ငန်းသည် စာရင်း ကောက်ယူရေး လုပ်ဆောင်နေချိန်တွင် ဆေးထိုးနှံခြင်းလုပ်ငန်းကို တစ်ပြိုင်တည်းလုပ်ဆောင်ရမည် ဖြစ်သကဲ့သို့ ဆေးထိုးနှံပြီးစီးသူများ Digital စနစ်ဖြင့် မှတ်ပုံတင်ခြင်းကိုလည်း တစ်ပါတည်းလုပ်ဆောင် ရမည်ဖြစ်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ Volunteer များလည်း ပါဝင်ကြမည် ဖြစ်ပါသည်။ ကာကွယ်ဆေး ထိုးနှံခြင်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးဌာနမှ တာဝန်ခံများ၏ ဖုန်းနံပါတ်များကိုလည်း လိုအပ်ပါကအောက်ပါ အတိုင်း ဆက်သွယ် မေးမြန်းနိုင်မည် ဖြစ်ပါသည်

အုပ်ချုပ်မှု

မြို့နယ်အလိုက် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများကို အသီးသီး ဖွဲ့စည်းထားရှိပြီး ဖြစ်ရာ ဥက္ကဋ္ဌများက ဦးဆောင်၍ လိုအပ်မည့်အုပ်ချုပ်မှုကိစ္စရပ်များကို ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့သို့ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ရန် ဖြစ်ပြီး ခရိုင်များမှလည်း နေပြည်တော်ကောင်စီ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ဆက်လက်တင်ပြရမည် ဖြစ်ပါသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးကို မိဘပြည်သူများ သေဆုံးမှုလျော့ကျစေရေး၊ ရောဂါကူးစက်ပြန့်ပွားမှု များ တားဆီးရေးနှင့် နိုင်ငံစီးပွားရေးထိခိုက်မှု မဖြစ်ပေါ်စေရေးတို့အတွက် ရည်ရွယ်၍ ဦးစားပေး အုပ်စုများ ခွဲခြားထိုးနှံမည်ဖြစ်ရာ ကာကွယ်ဆေးများ အချိန်မီထိရောက်စွာထိုးနှံနိုင်ရေး ဌာနအားလုံးမှ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ရန်နှင့် မိဘပြည်သူများမှလည်း ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းစဉ် ထိရောက် အောင်မြင်ရေး အတွက် ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။