Skip to main content

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အဖွဲ့ဝင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ၊ လှိုင်ရပ်ကွက် ၊ မြို့ရှောင်လမ်း၊ဇောတိကာရုံစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တစန္ဒောဘာသ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဝနတ်ထံပျံလွန်တော်မူ

 

 

မော်လမြိုင် ဇူလိုင် ၂၈

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ မြို့ရှောင်လမ်း၊ ဇောတိကာရုံစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အဖွဲ့ဝင်ဆရာတော် ဘဒ္ဒန္တစန္ဒောဘာသ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)၊ မဟာထေရ်မြတ်ကြီးသည် သက်တော် (၇၀)နှစ်၊ သိက္ခာတော်(၅၀)ဝါ အရ ၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၄)ရက်၊ (၂၇-၇-၂၀၂၁)၊ အင်္ဂါနေ့၊ နံနက် (၁၁:၂၀)နာရီအချိန်တွင် ဘဝနတ်ထံပျံလွန် တော်မူကြောင်းနှင့် ယင်းနေ့ နေ့လယ် (၁၄ : ၀၀)နာရီအချိန်တွင် ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အန္တိမအဂ္ဂိ ဈာပန ပြုလုပ်ခဲ့ကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။

သတင်းစဉ်