နေပြည်တော်၊ ဇူလိုင် ၂၈
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများ စားရေးအဆင်ပြေ စေရေးအတွက် စေတနာရှင်အလှူရှင်များ၊ သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်များက စားသောက်ဖွယ်ရာ များ ထောက်ပံ့ပေးအပ်လျက်ရှိသည်။
ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ တာပုံစစ်မှုထမ်း ဟောင်းအိမ်ရာနှင့် ခေးနင်းအဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာတို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များနှင့် နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေး လှူခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များအား အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် တာဝန်ရှိ သူများက အဆိုပါအိမ်ရာများ၌ သွားရောက်တွေ့ဆုံပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်သည်။ အလားတူ ယနေ့နက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်နေပြည်သူ အိမ်ထောင်စု ၂၀၀ စုတို့အတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက ဆန်နှင့် စားသောက် ဖွယ်ရာများကို ပြည်သူများ၏ လက်ဝယ်အရောက် ပေးဝေလှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်