Skip to main content

တပ်မတော်ဆေးရုံများနှင့် ယာယီအရေးပေါ်ဆေးရုံများ၌ ယနေ့အထိ ပြင်ပလူနာ နှစ်သိန်းခုနှစ် သောင်းကျော် ကုသပေးနိုင်ခဲ့

နေပြည်တော် ဇူလိုင် ၂၈

ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မ တော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိသည့် အပြင် ပြည်သူလူထု၏ အရေးပေါ်ကျန်းမာရေးဆိုင်ရာကုသမှုများ ဆောင်ရွက်ပေးနိုင်ရန် အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများ၌ ကျန်းမာရေးစောင့်ရှောက်မှု များကို နေ့ညမပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ပေါင်း ၂၇၅၀၈၉ ဦးနှင့် အတွင်းလူနာပေါင်း ၈၀၂၈၈ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။ ၎င်းလူနာများအနက်အကြီးစားခွဲစိတ်ကုသရန်လိုအပ်သူ ၁၂၇၈၂ ဦး၊ အသေးစားခွဲစိတ်ကုသရန် လိုအပ်သူ ၆၈၇၆ ဦး၊ စုစုပေါင်း ၁၉၆၅၈ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ်ကုသပေး လျက်ရှိသည်။ ထို့ပြင်ကလေးမီးဖွားလူနာ ၆၅၉၀ကို ခွဲစိတ်၍ လည်းကောင်း၊ ၉၂၁၉ ဦးကို သာမန်ဖြင့်လည်းကောင်း မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ ကလေးငယ်၁၅၈၀၉ဦးကို အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ပြီး တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ မြင့်မားရေးတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်