Skip to main content

ပင်စင်စား မိဘပြည်သူများသို့ ပန်ကြားချက်

ပင်စင်စား မိဘပြည်သူများသို့ ပန်ကြားချက်

 

              မြန်မာ့စီးပွားရေးဘဏ်သည် နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ရုံးပိတ်ရက်ကာလများအတွင်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို Stay at Home သတ်မှတ်ထားသည့်နယ်မြေ များအပါအဝင် မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများတွင် ထုတ်ပေးရေး ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

 

          သို့ပါ၍ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများ ထုတ်ယူနေကြသော မိဘပင်စင်စားများ သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရေးအတွက် ၂၆-၇-၂၀၂၁ ရက်နေ့အပါအဝင် ဘဏ်ဖွင့်ရက် များတွင် ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ ဘဏ်လုပ်ငန်းချိန်အတွင်း ထုတ်ယူနိုင်ပါကြောင်း လေးစား စွာဖြင့် အသိပေးပန်ကြားအပ်ပါသည်။                                                                                                  

                              မြန်မာ့စီးပွားရေးဘဏ်