Skip to main content

မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီညှိနှိုင်း အစည်း အဝေး ထီးလင်း၌ပြုလုပ်

မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီညှိနှိုင်း အစည်း အဝေး ထီးလင်း၌ပြုလုပ် ထီးလင်း ဇူလိုင် ၂၅ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်သည်။ ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြသိန်းမောင်က ပိုးတွေ့လူနာများ အတွက် လိုအပ်သော ဆေးဝါးများနှင့်အောက်ဆီဂျင်အိုးများ ရရှိရေး၊ ပိုးတွေ့ လူနာများအား စနစ်တကျ ပြုစုစောင့်ရှောက်ကုသပေးနိုင်ရေး၊ ကျေးရွာများတွင် ပိုးတွေ့လူနာများ ထားရှိနိုင်ရေးအတွက် စာသင်ကျောင်းများအား ကုသရေးစင်တာများအဖြစ် ထားရှိ ဆောင်ရွက်နိုင်ရေး စသည်တို့ကို ရှင်းလင်းပြောကြားရာ တက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့်လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေး တင်ပြကြသည်။ ထီးလင်းမြို့နယ်တွင် ဇူလိုင်လ ၂၅ ရက်(ယနေ့)အထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ လူနာပေါင်း(၁၉၂)ဦး၊ ဆေးရုံ၌ဆေးကုသမှု ခံယူနေသူ(၁၀၁)ဦး၊ ဆေးရုံဆင်းပြီးသူ(၉၀)ဦး၊ သေဆုံးသူ(၁)ဦး ရှိကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။ အောင်စည်(ပြန်/ဆက်)