Skip to main content

အကြမ်းဖက်ခြင်း သင်နှင့်အနီးဆုံးမှာနှင့် နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆောင်းပါးများ စာအုပ်ထွက်ရှိ

နေပြည်တော် ဇူလိုင် ၂၅

အကြမ်းဖက်ခြင်း သင်နှင့် အနီးဆုံးမှာနှင့် နိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ဆောင်းပါးများ စာအုပ်ထွက်ရှိလာပြီ ဖြစ်သည်။

ယင်းစာအုပ်တွင် ဒေါက်တာ ရင်ရင်နွယ်၊ ကနောင်၊ ကိုထွန်းခင်၊ ကိုသာယာ၊ မေ၊ နေခြည်သွေး၊ ကြိုင်သင်း၊ စာချစ်သူ၊ မောင်မိုးမြင့်၊ မိုးဦးဝေ၊ သမား အို၊ ဒေါင်၊ ကိုရင်မောင်၊ ငြိမ်းချမ်းမောင်၊ စွန်ရဲ၊ ထွန်းထွန်း(ခရေရိပ်)၊ မောင်ပြည်ချစ် စသည့် ကလောင်စုံတို့၏ ဆောင်းပါးများ ပါဝင်သည်။

အဆိုပါ စာအုပ်တွင် ဆောင်းပါးရှင် မိုးဆွေက “အကြမ်းဖက်လုပ်ရပ်မှန်သမျှ ပူးပေါင်းတိုက်ဖျက်” ဆောင်းပါးတွင် အာရပ်နွေဦးလို မြန်မာ့နွေဦးကို သွေးစွန်းအောင် ကြံစည်ကြသည်။ နွေဦးတော်လှန်ရေးဟု နာမည်တပ်ကြသည်။ ယခု နွေဦးတော်လှန် ရေးအမည်ခံ အကြမ်းဖက် လုပ်ရပ်များသည် မြန်မာပြည် မတည်မငြိမ်ဖြစ်ရေးကိုသာ ဦးတည်နေသည်။

 ဖြစ်စေရန် လှုံ့ဆော်ဖန်တီးခြင်း၊ ဆူပူအကြမ်းဖက် တိုက်ခိုက်ခြင်းတို့ကြောင့် ပြည်သူတို့၏ လူမှုစီးပွား အခက်အခဲဖြစ်လာကြသည်။ ထို့ကြောင့် နိုင်ငံရေး အမြတ်ထုတ်လိုသူများ၏ရည်ရွယ်ချက် မပြည့်ဝနိုင် စေရန် မှားယွင်းသည့် သတင်းအချက်အလက်များကို ဆင်ခြင်သတိပြုရမည်ဖြစ်သည်ဟု “အစွန်းရောက် နိုင်ငံရေးအကြမ်းဖက်သမားများ လက်တွဲဖယ်ရှား” ဆောင်းပါးတွင် အသိပေးဖော်ပြထားသည့် ဆောင်းပါး အပါအဝင် ဆောင်းပါး ၆၉ ပုဒ်ကို တစုတစည်းတည်း လေ့လာဖတ်ရှုနိုင်မည်ဖြစ်သည်။

အဆိုပါစာအုပ်ကို သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း စာအုပ်အရောင်းဆိုင် အမှတ်(၁၇၃/၁၇၅) ပန်းဆိုး တန်းလမ်း(အလယ်) ကျောက်တံတားမြို့နယ် ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်း - ၀၁-၈၂၄၈ ၁၀၂ သို့ ဆက်သွယ်၍ တန်ဖိုးငွေကျပ် ၃၅၀၀ ဖြင့် ဝယ်ယူရရှိနိုင်သည်။

မြန်မာ့အလင်း