Skip to main content

ဘုန်းကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း

နေပြည်တော် ဇူလိုင် ၂၄

 

“တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာန ချုပ်များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင် ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက် ရှိသည်။

 

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ် မဟာဓမ္မိကာရာမကျောင်းတိုက်၊ ရတနာပုံကျောင်းနှင့် ပဲခူးတိုင်းဒေသကြီး ပန်းတောင်း မြို့ ရွာသာရွာ ကျေးရွာအုပ်စုရှိ ဆုတောင်းပြည့်ဘုန်းကြီးကျောင်းတို့မှ သံဃာ တော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များကို ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲအမယ်လေးမျိုး၊ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေး အထောက် အကူပြုပစ္စည်းများနှင့်လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များအလိုက် တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်