Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် နှင့် ဧရာဝတီတိုင်းဒေသကြီးတို့၏ ရွေးကောက်ပွဲရလဒ်များနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်

 
၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ပဲခူးတိုင်း ဒေသကြီး မြို့နယ် ၂၈ မြို့နယ်၊ မကွေးတိုင်းဒေသကြီး မြို့နယ် ၂၅ မြို့နယ်၊ ရှမ်းပြည်နယ် မြို့နယ် ၄၉ မြို့နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီး မြို့နယ် ၂၆ မြို့နယ်တို့၏ မဲစာရင်းများကို တစ်မြို့နယ်ချင်းအလိုက် အသေးစိတ်စိစစ်ခဲ့ပြီး မြို့နယ်အသီးသီးရှိ မဲရုံတစ်ခုချင်းအလိုက် မဲပေးခဲ့မှုအခြေအနေများနှင့် ဆန္ဒမဲလက်မှတ်များကိုသက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၅၃ အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ မြို့နယ်အလိုက် ယခင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် အတူမြေပြင်ဖွင့်ဖောက်စစ်ဆေး ဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူး/ မဲရုံ အဖွဲ့ ဝင်များနှင့်လည်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။
 
၂။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ အောက်ပါအတိုင်း ပါဝင်ယှဉ်ပြိုင်/ ဆန္ဒမဲပေးခဲ့ကြပါသည်-
 
(က) ပဲခူးတိုင်းဒေသကြီး မြို့နယ် ၂၈ မြို့နယ်တွင် နိုင်ငံရေးပါတီ ၂၄ ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မဲရုံပေါင်း ၄၁၄၄ ရုံတွင် မဲဆန္ဒရှင်စုစုပေါင်း ၃၉၅၁၆၃၇ ဦး ရှိသည့်အနက် ၂၈၃၉၃၇ဝ ဦး မဲပေးခဲ့ကြသဖြင့် မဲပေးမှုရာခိုင်နှုန်း၊ ၇၁.၈၅ ရာခိုင်နှုန်းရှိခဲ့ပါသည်။
 
(ခ) မကွေးတိုင်းဒေသကြီး မြို့နယ် ၂၅ မြို့နယ် တွင် နိုင်ငံရေးပါတီ ၁၃ ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မဲရုံပေါင်း ၄၅၄၈ ရုံတွင် မဲဆန္ဒရှင်စုစုပေါင်း ၃၂၀၁၃၂ ဦး ရှိသည့်အနက် ၂၅၇၇၅၆၀ ဦး မဲပေးခဲ့ကြသဖြင့် မဲပေးမှုရာခိုင်နှုန်း ၇၇.၈၇ ရခိုင်နှုန်းရှိခဲ့ပါသည်။
 
(ဂ) ရှမ်းပြည်နယ် မြို့နယ် ၄၉ မြို့နယ်တွင် နိုင်ငံရေးပါတီ ၃၁ ပါတီ ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မဲရုံပေါင်း ၃၅၉၁ ရုံ၊ မဲဆန္ဒရှင် စုစုပေါင်း ၃၆၃၄၂၈၃ ဦး ရှိသည့်အနက် ၂၄၂၁၃၄၈ ဦး မဲပေးခဲ့ကြသဖြင့် မဲပေးမှုရရာခိုင်နှုန်း ၆၆.၆၃ ရာခိုင်နှုန်း ရှိခဲ့ပါသည်။ ။
 
(ဃ) ဧရာဝတီတိုင်းဒေသကြီး မြို့နယ် ၂၆ မြို့နယ်တွင် နိုင်ငံရေးပါတီ ၂၁ ပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မဲရုံပေါင်း ၅၇၄၈ ရုံတွင် မဲဆန္ဒရှင် စုစုပေါင်း ၄၆၈၁၁၅ ဦး ရှိသည့်အနက် ၃၅၄၁၉၃၃ ဦး မဲပေးခဲ့ကြသဖြင့် မဲပေးမှု ရာခိုင်နှုန်း ၇၅.၆၆ ရာခိုင်နှုန်းရှိခဲ့ပါသည်။
 
၃။ ပဲခူးတိုင်းဒေသကြီး မြို့နယ် ၂၈ မြို့နယ်၏ ယခင် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည့် မဲဆန္ဒရှင်စာရင်းမှာ ၃၉၅၁၆၃၇ ဦး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလစာရင်းအရ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများမှာ ၃၅၀၅၉၆၅ ဦး ဖြစ်သည်။ မဲဆန္ဒရှင်စာရင်းများတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား နိုင်ငံသားပြုခွင့်ရသူလက်မှတ်မရှိသူများမှာ ၈၅၈၆၁၁ ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် တစ်ခုတည်းဖြင့် မဲစာရင်းတွင် ၃ ကြိမ်နှင့်အထက် ပါဝင်နေသူများမှာ ၃၇၁၆၂ ဦး၊ ၂ကြိမ် ပါဝင်နေသူများမှာ ၃၈၂၀၅၈ ဦး၊ တိုင်းဒေသကြီးအတွင်း မြို့နယ် အချင်းချင်း အပြန်အလှန်စစ်ဆေးခြင်း (CDs Check)အရ မဲစာရင်းထပ်နေသူ ၆၁၀၀၈ ဦး၊ အသက် ၁၀ နှစ်အထက် မဲစာရင်းတွင် ပါဝင်နေသူ ၁၉၈၅ ဦး၊ ရွေးကောက်ပွဲကျင်းပသည့် နေ့တွင် အသက် ၁၈ နှစ် မပြည့်ဘဲ မဲစာရင်း၌ ပါဝင်နေသူ ၈၇၇ ဦးဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။
 
၄။ ပဲခူးတိုင်းဒေသကြီး မြို့နယ် ၂၈ မြို့နယ်တွင် မဲရုံပေါင်း ၄၁၄၄ရုံ၊ စုစုပေါင်း ထုတ်ယူရရှိခဲ့သော ဆန္ဒမဲလက်မှတ်အရေအတွက်မှာ ၄၄၂၁၈၂၀ ဖြစ်ပြီး မဲပေးအသုံးပြုခဲ့သော လက်မှတ်ဖြတ်ပိုင်း များမှာ ၂၈ဝ၁၈၈၃၊ ကျန်ရှိရမည့်အရေအတွက်မှာ ၁၆၁၉၉၃၇၊ မြေပြင်လက်ကျန် ၁၅၃၆၁၃၂ ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။ ကွာခြားချက်အနေဖြင့် ကျန်ရှိရမည့်အရေအတွက်ထက် လျော့နည်းသော မဲလက်မှတ်အရေအတွက် ၁၅၁၈၆၇ ဖြစ်ပြီး၊ အပိုတွေ့ရှိရသော မဲလက်မှတ် အရေအတွက်မှာ ၆၈၀၆၂ ဖြစ်သည်။
 
၅။ မကွေးတိုင်းဒေသကြီး မြို့နယ် ၂၅ မြို့နယ်၏ ယခင်ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည့် မဲဆန္ဒရှင်စာရင်းမှာ ၃သ၀၁၃၂ ဦး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ စရင်းအရ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများမှာ ၃၀၄၂၆၇၄ ဦး ဖြစ်သည်။ မဲဆန္ဒရှင်စာရင်းများတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူလက်မှတ်မရှိသူများမှာ ၁၇၂၉၇၆ ဦး၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် တစ်ခုတည်းဖြင့် မဲစာရင်းတွင် ၃ ကြိမ်နှင့်အထက် ပါဝင်နေသူများမှာ ၃၃၉၅၆ ဦး၊ ၂ ကြိမ် ပါဝင်နေသူများမှာ ၃၉၇၅ဝ၄ ဦး၊ တိုင်းဒေသကြီးအတွင်း မြို့နယ် အချင်းချင်း အပြန်အလှန်စစ်ဆေးခြင်း (Cross Check) မဲစာရင်းထပ်နေသူ ၄၅၂၄၂ ဦး၊ အသက် ၁၀၀ နှစ်အထက် မဲစာရင်းတွင် ပါဝင်နေသူ ၁၅၆၇ ဦး၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ် မပြည့်ဘဲ မဲစာရင်း၌ ပါဝင်နေသူ ၆၅ဝ ဦး ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။
 
၆။ မကွေးတိုင်းဒေသကြီး မြို့နယ် ၂၅ မြို့နယ်တွင် မဲရုံပေါင်း ၄၅၄၈ရုံးစုစုပေါင်း ထုတ်ယူရရှိခဲ့ သော ဆန္ဒမဲလက်မှတ်အရေအတွက်မှာ ၃၈ ၂၀၅၆၁ ဖြစ်ပြီး မဲပေးသုံးပြုခဲ့သော လက်မှတ်ဖြတ် ပိုင်းများမှာ ၂၅၅၁၆၈၁ ၊ကျန်ရှိရမည့်အရေအတွက်မှာ ၁၂၆၈၈၈ဝ ၊မြေပြင်လက်ကျန် ၁၁၉၀၅၃၃ ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်း ကွာခြချက်အနေဖြင့် ကျန်ရှိရမည့်အရေအတွက်ထက် လျော့နည်းသော မဲလက်မှတ်အရေအတွက် ၈၆၈၇၂ ဖြစ်ပြီး၊ အပိုတွေ့ရှိရသော မဲလက်မှတ် အရေအတွက်မှာ ၈၅၂၅ ဖြစ်သည်။
 
၇။ ရှမ်းပြည်နယ် မြို့နယ် ၄၉မြို့နယ်၏ ယခင်ရွေးကောက်ပွဲ ကော်မရှင်ကထုတ်ပြန်ခဲ့သည့် မဲဆန္ဒရှင် စာရင်းမှာ ၃၆၃၄၂၈၃ ဦး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလစာရင်းအရ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများမှာ ၃၀၅၅၅၉၇ဦး ဖြစ်သည်။ မဲဆန္ဒရှင် စာရင်းများတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ လက်မှတ်မရှိသူများမှာ ၆၁၆၅၃၁ ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် တစ်ခုတည်းဖြင့် မဲစာရင်းတွင် ၃ ကြိမ်နှင့် အထက် ပါဝင်နေသူများမှာ ၂၂၆၉၇ ဦး၊ ၂ကြိမ် ပါဝင်နေသူများမှာ ၁၉၂၄၈ ဦး၊ ပြည်နယ်အတွင်း မြို့နယ်အချင်းချင်း အပြန်အလှန်စစ်ဆေးခြင်း (Cross Check) အရ မဲစာရင်း ထပ်နေသူ ၆၉၀၅၄ ဦး၊ အသက် ၁၀ နှစ်အထက် မဲစာရင်းတွင် ပါဝင်နေသူ ၂၅၉၇ ဦး၊ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်မပြည့်ဘဲ ၊ မဲစာရင်း၌ ပါဝင်နေသူ ၁၉၉၆ ဦး ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။
 
၈။ ရှမ်းပြည်နယ် မြို့နယ် ၄၉ မြို့နယ်တွင် မဲရုံပေါင်း ၃၅၉၁ ရုံ၊ စုစုပေါင်း ထုတ်ယူရရှိခဲ့သော ဆန္ဒမဲ လက်မှတ်အရေအတွက်မှာ ၄၀၂၃၉၄ ဖြစ်ပြီးမဲပေးအသုံးပြုခဲ့သော လက်မှတ်ဖြတ်ပိုင်း များမှာ ၂၃၉၉၂၂၅၊ ကျန်ရှိရမည့် အရေအတွက်မှာ ၁၆၂၃၉၆၉၊ မြေပြင်က်ကျန် ၁၅၇၄၉၀၇ ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။ ကွာခြားချက်အနေဖြင့် ကျန်ရှိရမည့် အရေအတွက်ထက် လျော့နည်းသော မဲလက်မှတ်အရေအတွက် ၉၆၆၆၆ ဖြစ်ပြီး၊ အပိုတွေ့ရှိရသော မဲလက်မှတ်အရေအတွက်မှာ ၄၇၆၀၄ ဖြစ်သည်။ ။
 
၉။ ဧရာဝတီတိုင်းဒေသကြီးမြို့နယ် ၂၆ မြို့နယ်၏ ယခင်ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည့် မဲဆန္ဒရှင်စာရင်းမှာ ၄၆၈၁၅၂ ဦး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ စာရင်းအရ အသက် ၁၈ နှစ်ပြည့်ပြီးဆန္ဒမဲပေးပိုင်ခွင့်ရှိသူများမှာ ၄၄၁၆၇၆၆ဦး ဖြစ်သည်။ မဲဆန္ဒရှင်စာရင်းများတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူလက်မှတ်မရှိသူများမှာ ၇၀၆၉၈၄ ဦး၊ နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ် တစ်ခုတည်းဖြင့် မဲစာရင်းတွင် ၃ ကြိမ်နှင့်အထက် ပါဝင်နေသူများမှာ ၅၄၂၈၅ ဦး၊ ၂ ကြိမ် ပါဝင်နေသူများမှာ ၅၆၇၃၀၀ ဦး၊ တိုင်းဒေသကြီးအတွင်း မြို့နယ် အချင်းချင်း အပြန်အလှန်စစ်ဆေးခြင်း (Cros Check) အရ မဲစာရင်းထပ်နေသူ ၃၉၇၄၂ ဦး၊ အသက် ၁၀၀ နှစ်အထက် မဲစာရင်းတွင် ပါဝင်နေသူ ၂၇ဝ၇ ဦး၊ ရွေးကောက်ပွဲ ကျင်းပသည့် နေ့တွင် အသက် ၁၈နှစ် မပြည့်ဘဲ မဲစာရင်း၌ ပါဝင်နေသူ ၃၃၃၉ ဦး ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။
 
၁၀။ ဧရာဝတီတိုင်းဒေသကြီး မြို့ နယ် ၂၆ မြို့နယ်တွင်မဲရုံပေါင်း ၅၇၄၈ရုံ၊ စုစုပေါင်းထုတ်ယူ ရရှိခဲ့သော ဆန္ဒမဲလက်မှတ်အရေအတွက်မှာ ၅၂၃၈၂၀၅ ဖြစ်ပြီး မဲပေးအသုံးပြုခဲ့သော လက်မှတ် ဖြတ်ပိုင်းများမှာ ၃၄၇၉၈၆၉၊ ကျန်ရှိရမည့်အရေအတွက်မှာ ၁၇၅၈၃၃၆၊ မြေပြင်လက်ကျန် ၁၆၄၁၃၄ ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။ ချက်အနေဖြင့် ကျန်ရှိရမည့် အရေအတွက်ထက် လျော့နည်းသော မဲလက်မှတ်အရေအတွက် ၁၈၂၇၁၉ ဖြစ်ပြီး၊ အပိုတွေ့ရှိရသော မဲက်မှတ်အရေ အတွက်မှာ ၆၅၇၂၄ ဖြစ်သည်။
 
၁၁။ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီ တိုင်းဒေသကြီးတို့၌ မဲဆန္ဒရှင်စာရင်းများနှင့် ပြည်သူ့လွှတ်တော်ဆန္ဒမဲ လက်မှတ် များ မြေပြင်စစ်ဆေးတွေ့ရှိ ချက်များမှာ အောက်ပါအတိုင်းဖြစ်သည် ။
 
၁၂။ ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၁၇-၁၁-၂၀၁၇ ရက်စွဲပါ ကြေညာချက် အမှတ် (၃၂/ ၂၀၁၇) ဖြင့် တိုင်းဒေသကြီး/ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။ ယင်းနောက် ယခင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ၄-၁၂-၂၀၁၇ ရက်စွဲပါ ကြေညာချက်အမှတ် (၃၃/၂၀၁၇) နှင့် ၆-၁၂-၂၀၁၇ ရက်စွဲပါကြေညာချက် အမှတ်(၃၄/၂၀၁၇)တို့ဖြင့် တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများတွင် NLD ပါတီ အမာခံများ ထည့်သွင်း၍ ဖွဲ့စည်းတာဝန် ပေးအပ်ခြင်း ကြေညာချက်များကို ထပ်မံထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ကြေညာချက်များတွင် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များမှ ခန့်အပ်လိုသူများအား ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအဖြစ် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ ။
 
၁၃။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၄-၈-၂၀၂၀ ရက်စွဲပါစာအမှတ်၊ ၇ / ၄၆၄- အထွေထွေ အဖရ (၂၀၂၀)ဖြင့်ညွှန်ကြားချက်အရ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များ ဦးဆောင်သည့် မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ရာ ယင်းအဖွဲ့ ကြောင့်ပင် လူဦးရေစာရင်းများထပ်ကာ မဲဆန္ဒရှင်စာရင်းများ ၂ ကြိမ်၊ ၃ ကြိမ်နှင့်အထက် ပါဝင်မှုများဖြစ်ပွားခဲ့ရကြောင်း စိစစ်တွေ့ရှိရသည်။ ယင်းအဖွဲ့၏ ညွှန်ကြားချက်အရမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လူဦးရေစာရင်းများ ကျန်ရှိသေးကြောင်း ထပ်မံပေးပို့ လာသည့် စာရင်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများအနေဖြင့် မဲဆန္ဒရှင် စာရင်းများတွင် ထပ်မံထည့်သွင်းခဲ့ရကြောင်း တွေ့ရှိရသည်။ သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန (ရပ်ကွက်/ကျေးရွာအုပ်စု)တို့မှ အောက်ခြေတွင် သေချာစွာ စိစစ်ခြင်း မရှိဘဲ ထပ်မံပေးပို့လာသည့် လူဦးရေစာရင်းများကြောင့် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ပြီးသူများ ထပ်မံပါဝင်လာသဖြင့် မဲစာရင်းများ ဖောင်းပွခြင်း၊ ထပ်ခြင်းများဖြစ်ပေါ်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ ။
 
၁၄။ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင် မဲစာရင်းများပြုစုရန်အတွက် လူဦးရေစာရင်း အချက်အလက်များ ကောက်ယူရာတွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကဥက္ကဋ္ဌအဖြစ် ပါဝင်သည့်လူဦးရေစာရင်း ကောက်ယူရေး လုပ်ငန်းအဖွဲ့က အဓိကဆောင်ရွက်ခဲ့သည်။ မဲဆန္ဒရှင်စာရင်းများ မြေပြင်ကောက်ယူရာတွင် NLD အစိုးရက ခန့်အပ်ထားသည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် အချို့နေရာများတွင် NLD ပါတီ၏ အောင်နိုင်ရေးအဖွဲ့များ ပူးပေါင်းကောက်ယူကြောင်း စိစစ်သိရှိရသည်။ ယင်းသို့ စာရင်းများ ကောက်ယူရာတွင် ရပ်ကွက်/ကျေးရွာအတွင်း အမှန်တကယ် နေထိုင်ခြင်းရှိ/မရှိ၊ နိုင်ငံသားစိစစ်ရေးကတ်ရှိ/မရှိ၊ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေအရ မဲပေးပိုင်ခွင့် ရှိသူ ဟုတ်/မဟုတ် စိစစ်နိုင်ခြင်း မရှိခဲ့သည့်အတွက် မဲစာရင်းတွင် နိုင်ငံသားစိစစ်ရေးကတ် မရှိသူများ အစုလိုက်အပြုံလိုက်ပါဝင်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် တစ်ခုတည်းဖြင့် မဲစာရင်း ၂ ကြိမ်၊ ၃ ကြိမ်နှင့်အထက် ပါဝင်နေခြင်းတို့ကို စိစစ်တွေ့ရှိရသည်။ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း (၆) မဲစာရင်းပြုစုခြင်းပါ ပုဒ်မ၁၅(ဂ)တွင် “မဲဆန္ဒနယ် များရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မည်သူမဆို သက်ဆိုင်ရာမဲဆန္ဒနယ်၏ မဲစာရင်းတစ်ခုမှအပ အခြား မဲဆန္ဒနယ်၏ မဲစာရင်းများ၌ တစ်ချိန်တည်းတွင် အမည်စာရင်းပါဝင်ခြင်း မရှိစေရ” ဟု ပြဋ္ဌာန်းထားသော် လည်း မဲစာရင်းများ ကောက်ယူရာတွင် ဥပဒေနှင့် ညီညွတ်ခြင်း မရှိသော မှားယွင်းမှုများကို တွေ့ရှိရသည်။ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၉(ခ)အရ မဲစာရင်းတွင် ပါဝင်ခွင့်မရှိဘဲ ပါဝင်ကြောင်း တွေ့ရှိလျှင် ထိုအမည်များကို မဲစာရင်းမှ ပယ်ဖျက်ရမည်ဟု ပြဋ္ဌာန်းထားသော်လည်း ပယ်ဖျက်ခြင်းမရှိဘဲ ထည့်သွင်းမဲပေးခဲ့ကြောင်း စိစစ်တွေ့ရှိ ရသည်။
 
၁၅။ အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များ ကြိုတင်မဲပေးရန်အတွက် ရွေးကောက်ပွဲနေ့ မတိုင်မီ ၂၉-၁၀-၂၀၂၀ ရက်နေ့မှစတင်၍ ဆောင်ရွက်နိုင်ကြောင်း ယခင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားချက် ထုတ်ပြန်ဆောင်ရွက်ခဲ့သည့်အတွက် ကြိုတင်ဆန္ဒမဲ များ ကောက်ခံရာတွင် အချို့နေရာများ၌ NLD ပါတီ အောင်နိုင်ရေးအဖွဲ့များ ပါဝင်၍ နေအိမ်များသို့ သွားရောက်ကာ ဆောင်ရွက်ခဲ့ကြသဖြင့် ဥပဒေ နှင့်မညီသော မဲပေးမှုဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သည်။ ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်အရ မိမိမဲဆန္ဒနယ်သို့ ပြန်လည်ဆန္ဒမဲပေးခြင်းမပြုနိုင်သည့် မဲဆန္ဒရှင်များ ကြိုတင် ဆန္ဒမဲပေးရန် အသိပေးကြေညာချက်ကို ၈- ၁၀- ၂၀၂၀ ရက်နေ့နှင့် ညွှန်ကြားချက်ကို ၁၁- ၁၀- ၂၀၂၀ ရက်နေ့တို့တွင် ယခင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာ ဆောင်ရွက်ခဲ့သည်။ ယင်းညွှန်ကြားချက်များကြောင့် မဲစာရင်းများ ထပ်ခြင်း၊ နိုင်ငံသား စိစစ်ရေးကတ် မရှိသူများ အစုလိုက် အပြုံလိုက် မဲစာရင်းတွင်ထည့်သွင်း၍ မဲပေးခဲ့ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။
 
၁၆။ မဲဆန္ဒရှင်များ ဆန္ဒမဲပေးသည့်အခါတွင် နိုင်ငံသားစိစစ်ရေးကတ်မရှိသူ မဲဆန္ဒရှင်များ မဲပေးခွင့် ရရှိရေးအတွက် ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၁၉-၈-၂၀၂၀ ရက်နေ့တွင် ညွှန်ကြား ချက်ထုတ်ပြန်၍ ဆောင်ရွက်ခဲ့သဖြင့် မဲရုံများတွင် နိုင်ငံသားစိစစ်ရေး ကတ် စိစစ်မှုမပြုနိုင်သော မဲဆန္ဒရှင် သက်သေခံလက်မှတ်များဖြင့် မဲပေးခဲ့ခြင်းကြောင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေများ နှင့် ညီညွတ်မှုမရှိသော နိုင်ငံသားစိစစ်ရေး ကတ် မရှိသူများ မဲပေးခွင့်ပြုခဲ့ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ် အမှတ် တစ်ခုတည်းဖြင့် ၂ ကြိမ်၊ ၃ ကြိမ်နှင့် အထက် မဲစာရင်းတွင် ပါဝင်သူများ မဲပေးခွင့်ရရှိခဲ့ကြသဖြင့် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၉ ပါ ပြဋ္ဌာန်းချက်များကို ကျူးလွန်ဖောက်ဖျက်မှုများ ရှိခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ ရွေးကောက်ပွဲနေ့တွင် မဲရုံများ၌ အသုံးပြုခဲ့သည့် ဆန္ဒပြုအမှန်ခြစ် တံဆိပ်တုံးများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရာတွင် UEC တံဆိပ် မပါရှိသည့် အမှန်ခြစ် တံဆိပ်တုံး ရိုက်နှိပ်ထားသော မဲလက်မှတ်များကို တွေ့ရှိပါကလည်း ခိုင်လုံမဲအဖြစ် သတ်မှတ်မည် ဖြစ်ကြောင်း ညွှန်ကြားခဲ့ခြင်းသည် မဲရေတွက်မှုများတွင် ရှုပ်ထွေးမှုများကို ဖြစ်ပေါ်စေခဲ့သဖြင့် မဲရလဒ်များ မှန်ကန်မျှတမှုမရှိကြောင်း စိစစ်တွေ့ရှိရပါသည်။
 
၁၇။ မဲစာရင်းများ အရေအတွက်များပြားစွာ မဲရုံတိုင်း၌ မှားယွင်းမှုများ ဖြစ်ပေါ်ရခြင်းသည် မတော်တဆ ဖြစ်ပေါ်ခဲ့သော မှားယွင်းမှုမျိုးမဟုတ်ဘဲ ကြိုတင်ကြံစည် ဆောင်ရွက်ခဲ့ခြင်း ကြောင့်သာဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။ ထို့ပြင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် ဖွဲ့စည်းခြင်း၊ မဲစာရင်းကောက်ယူခြင်း၊ မဲဆွယ်စည်းရုံးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်း ရေးကော်မတီများဖွဲ့စည်းခြင်း၊ ကြိုတင်ဆန္ဒမဲ ပေးခြင်း၊ ရွေးကောက်ပွဲနေ့ ဆန္ဒမဲပေးခြင်းစသည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်တွင် NLD ပါတီအနေဖြင့် အုပ်ချုပ်ရေး အာဏာကို အလွဲသုံးစားပြုလုပ်၍ ဝင်ရောက်စွက်ဖက် မလျော်သြဇာ အသုံးပြုကာ မသမာမှုများ ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသည့်အပြင် အခြားနိုင်ငံရေးပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ် လောင်းများ၏ မဲဆွယ်စည်းရုံးရေးအပါအဝင် ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှား ဆောင်ရွက်မှုများအားလုံးကို COVID- 19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်/ တားမြစ် ချက်ကို အလွဲသုံး၍လည်းကောင်း၊ အုပ်ချုပ်ရေးအာဏာကို အလွဲသုံး၍လည်းကောင်း ကန့်သတ်ထိန်းချုပ်၍ နိုင်ငံတော်အာဏာကို မတရားရယူနိုင်ရန် ကြိုတင်ကြံစည် ဆောင်ရွက်ခဲ့ခြင်း၊ ယခင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း တရားဝင် အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုကာ ဥပဒေ၊ နည်းဥပဒေများကို ကျော်လွန်ဖောက်ဖျက် ဆောင်ရွက်ခဲ့ခြင်းတို့ကို စိစစ်တွေ့ရှိရသည်။
 
၁၈။ အထက်ပါ စစ်ဆေးတွေ့ရှိချက်များအရ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ကျင်းပခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ/ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိသည်ကို စိစစ်တွေ့ရှိရသည့်အပြင် လွတ်လပ်၍ တရားမျှတမှု မရှိကြောင်း ပေါ်လွင်ထင်ရှားပါသည်။ သို့ဖြစ်၍ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နှင့် စပ်လျဉ်း၍ ပဲခူးတိုင်းဒေသကြီး မြို့နယ် ၂၈ မြို့နယ်၊ မကွေးတိုင်းဒေသကြီး မြို့နယ် ၂၅ မြို့နယ်။ ရှမ်းပြည်နယ်မြို့နယ် ၄၉ မြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး မြို့နယ် ၂၆ မြို့နယ်တို့၏ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်တို့အတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များအတွင်း တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခဲ့သော ရွေးကောက်ပွဲရလဒ်များကို ဥပဒေနှင့်အညီ ပယ်ဖျက်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
 
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်