နေပြည်တော် ဇူလိုင် ၂၄
ရခိုင်ပြည်နယ်အဆင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၈/၂၀၂၁)ကို ယနေ့ နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေး အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌနှင့် တိုင်းမှူးတို့က အမှာစကား ပြောကြားကြ သည်။ ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တက်ရောက်လာကြသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် တစ်ဖက် တစ်လမ်းမှ ပါဝင်ဆောင်ရွက် လျက်ရှိသည့် လူမှုရေးအသင်းအဖွဲ့ ရှစ်ဖွဲ့ကို တစ်ဖွဲ့လျှင် ငွေကျပ် သိန်း ၂၀ စီ ထောက်ပံ့ပေးအပ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်