နေပြည်တော် ၊ ဇူလိုင် ၂၀
ဒဂုံမြို့နယ်(မြောက်ပိုင်း)ရှိ စေတနာ့ဝန်ထမ်း ဆေးကုသပေးနေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ပြည်သူအကျိုးပြု ဆရာဝန်နှင့် စေတနာ့ဝန်ထမ်းအဖွဲ့အား လုံခြုံရေးအဖွဲ့များက ဇူလိုင်လ ၁၉ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးပြီး ငွေကျပ် ၃၂ သိန်း တန်ဖိုးရှိ ဆေးဝါးများနှင့် အောက်ဆီဂျင်အိုးများ၊ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းခံရ ကြောင်း အဖွဲ့ခေါင်းဆောင် ဦးချမ်းလေး၏ ပြောကြားချက်အရဆိုပြီး BBC Burmese နှင့် Myanmar Now သတင်းဌာန များက ထုတ်ပြန်လျက်ရှိသည့်သတင်းမှာ သတင်းမှား သာဖြစ်ကြောင်းသိရသည်။
အဆိုပါ သတင်းမှာ အမှန်တကယ်ဖြစ်ပွားမှုမရှိသော သတင်းဖြစ်ပြီး ဒဂုံမြို့ နယ် (မြောက်ပိုင်း) တွင် မည်သည့် CDM ဆရာဝန်စေတနာ့ဝန်ထမ်းများ ဖမ်းဆီး ထားခြင်းမရှိကြောင်း၊ မည်သည့် ရည်ရွယ်ချက်ဖြင့် ပြည်သူလူထုအတွင်း ယခုကဲ့သို့ မဟုတ်မမှန်လုပ်ကြံသတင်းများအား ထုတ်လွှင့်နေခြင်းကို စိစစ်လျက် ရှိပါကြောင်း၊ CDM ဆရာဝန်များ၊ CDM ကျန်းမာရေး ဝန်ထမ်းများ အနေဖြင့် ပြည်သူလူထုအတွင်း ကိုဗစ် ၁၉ ရောဂါဖြစ်ပွားနေသော လူနာများအား ဆေးဖိုးဝါးခ အဆမတန်တောင်းယူ၍ နေအိမ်များတွင် လျှို့ဝှက်ကုသပေးနေကြောင်း၊ လူမှုကွန်ရက် စာမျက်နှာ များမှတဆင့် လူနာများအား မိမိအစီအစဉ်ဖြင့် ဆေးကုသနိုင်အောင် ညွှန်ပြမှုများကြောင့် လူနာများမှာအသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးနေကြကြောင်း စသည့်သတင်းများ ပြည်သူလူထုအတွင်း ပျံ့နှံ့လျက်ရှိကြောင်းကို သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြေကြားချက်အရ သိရသည်။