(ယမန်နေ့မှအဆက်)
Who News Agency မှ ကိုကျော်ဝဏ္ဏက လျှပ်စစ်နှင့် ပတ်သက်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနှင့် လူများခက်ခဲနေချိန် လျှပ်စစ်မီတာမဆောင်၍ သပိတ်မှောက် သူများရှိသလို မတတ်နိုင်၍ မဆောင်သူများလည်း ရှိကြောင်း၊ ထိုအချိန်မျိုးတွင် မီတာပုံးများ ဖျက်သိမ်းကြောင်း၊ လက်ရှိလုပ်ငန်း အသေးလေးများ လည်ပတ်နေမှုမျိုးရှိကြောင်း၊ ထိုသို့ လုပ်လိုက်ခြင်းဖြင့် လက်ရှိအစိုးရနှင့် ပြည်သူလူထုကြား အက်ကြောင်း များဖြစ်လာနိုင်ကြောင်း၊ ယင်းပြဿနာများကို မည်သို့ဖြေရှင်းပေးနိုင်မည်ကို သိလိုပါကြောင်း မေးမြန်းသည်။
ပွဲလန့်တုန်းဖျာခင်း
ဗိုလ်ချုပ်ဇော်မင်းထွန်းက လျှပ်စစ်မီတာနှင့်ပတ် သက်ပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနကလည်း ထုတ်ပြန်ချက်ရှိကြောင်း၊ တချို့ကိစ္စများသည် ပွဲလန့်တုန်း ဖျာခင်းလုပ်ခြင်း ရှိကြောင်း၊ လျှပ်စစ်မီတာခါ မဆောင်လို၍ PDF များကို လှူမည်ဟုဆိုသည်မျိုး လည်းရှိကြောင်း၊ လျှပ်စစ်မီတာခ သိန်း ၆၀၀ ခန့် ပေးစရာရှိသည်ကို လျှပ်စစ်ရုံးက စာရွက်စာတမ်းများ မီးရှို့ပေးလျှင်၊ ပြုလုပ်ပေးလျှင် မည်မျှပေးမည်ဆိုသည် များလည်း ရှိကြောင်း၊ ဘဏ်လုပ်ငန်း များတွင်လည်း ထိုကိစ္စများရှိကြောင်း၊ လုပ်ကြံဖန်တီး၍ ပြောခြင်းဖြစ် မည်စိုး၍ ပေါ်လာသည့် တစ်နေ့ တွေ့ရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာလကတည်းက လျှပ်စစ်မီတာနှင့် ပတ်သက်ပြီး ကင်းလွတ်ခွင့်၊ သက်သာခွင့် ပေးထားမှုများလည်းရှိကြောင်း၊ သာမန် အိမ်ထောင်စု တစ်စု၊ လက်လုပ်လက်စား လူတန်းစားတစ်ခုက ထိုလျှပ်စစ်ဓာတ် အားယူနစ်နှင့် လုံလောက် သည့်အနေအထားမျိုးရှိသလို မလုံလောက်မှုမျိုး လည်းရှိနိုင်ကြောင်း၊ အချို့မှာ တတ်နိုင်လျက် နှင့် မပေးခြင်းမျိုးလည်းရှိကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ယခင် ကတည်းက သက်သာခွင့်များ ပေးပြီးဖြစ်ကြောင်း၊ လုံလောက်သည့် လျှပ်စစ်ဓာတ်အား ပမာဏမျိုးသုံးစွဲနိုင်ရန် ပေးပြီးဖြစ်ကြောင်း၊ အဓိက နိုင်ငံသူနိုင်ငံသား များ၏တာဝန် ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားသည် ထုတ်လုပ်ရသည့် နေရာတွင် ပမာဏငွေကုန်ကြေး ကျရှိကြောင်း၊ ပုဂ္ဂလိကဆောင်ရွက်နေသည့် လုပ်ငန်းများ လည်းရှိပြီး ဆက်စပ်ဆောင်ရွက် နေသည့် လုပ်ငန်းများလည်းရှိကြောင်း၊ မည်သည့်နိုင်ငံတွင် မှမရှိပါကြောင်း၊ သုံးစွဲထားသည့် ပမာဏအတိုင်း ပေးရမည်ဖြစ်ကြောင်း၊ ကင်းလွတ်ခွင့်လည်း ပေးထား ပြီးဖြစ်ကြောင်း၊ ယခုလို ကိုဗစ်-၁၉ ကာလတွင် Stay at Home နေရသည့်အတွက် လျှပ်စစ်ဓာတ်အား ပိုမိုသုံးနိုင်ခြင်း ရှိနိုင်ကြောင်း၊ ပိုမိုသုံးစွဲခြင်းနှင့် ပတ်သက်ပြီး ပြန်လည်စဉ်းစား သုံးသပ်ပေးနိုင်မည်ဟု ပြောနိုင်ကြောင်း၊ ပြန်လည်စဉ်းစားသုံးသပ် ပေးနိုင်မည်ဆိုသည့်နေရာတွင်လည်း ကျပ်တည်း နေသော အခြေခံ လူတန်းစားအတွက်သာ ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားကို သတ်မှတ် လစ်မစ်ထက် သုံးစွဲထားသူများက ပေးဆောင် ရမည်ဖြစ်ကြောင်း၊ အဓိကကတော့ နိုင်ငံကြီးသား ပီသရန်ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။
Who News Agency Rampogam ပွဲလန့်တုန်းဖျာခင်းသည့်လူများကို မည်သို့ဖော်ထုတ် အရေးယူသွားမည်ကို သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ဥပဒေစည်းမျဉ်း စည်းကမ်းနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်ပြီး ပထမဆုံးသတိပေးပြီး ဖြတ်တောက်ခြင်းမျိုး လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ဖြေကြားသည်။
Myanmar Public Press ဒေါက်တာစိုးမြင့်ဦးက ယခုကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းတွင် ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ အားနည်းနေသည်ကို တွေ့ရကြောင်း၊ CDM မလုပ်ဘဲ အမှားကိုသိမြင်လာသည့် ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများကို ဖြေလျှော့ပေးရန် အစီအစဉ်ရှိ/ မရှိနှင့် Volunteer များကို လေ့ကျင့်ပျိုးထောင်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် အခြေအနေများက မည်မျှထိရောက်နေပြီး မည်မျှထိကျယ်ပြန့်အောင် ဆောင်ရွက်မည်ကို သိလိုပါကြောင်း မေးမြန်းသည်။
ဖြေလျှော့ထားပြီးဖြစ်
ဗိုလ်ချုပ်ဇော်မင်းထွန်းက ကျန်းမာရေးဝန်ထမ်းများကို ဖြေလျှော့ပေးရန်ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ထမ်းသာမက အခြားဝန်ထမ်းများ၊ အားလုံးကိုပါ ဖြေလျှော့ထားပြီး ဖြစ်ပါကြောင်း၊ CDM ဝန်ထမ်းများနှင့် ပတ်သက်ပြီး လုပ်ဆောင်ရမည့် လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ကို ပြောပြီးဖြစ်ကြောင်း၊ ၎င်းတို့သည် ထဲထဲဝင်ဝင်ပတ်သက်သည့်သူမဟုတ်၊ လှုံ့ဆော်ခဲ့သူမဟုတ်ပါက သက်ဆိုင်ရာ ဝန်ကြီးဌာနများတွင် ကိုယ်တိုင်ဝန်ခံချက်နှင့်အတူ ပြော၍ရပါကြောင်း၊ ကိုယ်တိုင်ဝန်ခံချက်နှင့်အတူ လိုအပ်သည်များ လုပ်ဆောင်ပြီးပါက မူလရာထူးအဆင့်အတိုင်း ခန့်ထားမည်ဟု ပြောပြီးဖြစ်ကြောင်း၊ အချိန်အကန့် အသတ်ရှိ မည်ဖြစ်ကြောင်း၊ မိမိလည်း မမှတ်မိကြောင်း၊ ယခုနောက်ပိုင်းတွင်လည်း လုပ်ထုံးလုပ်နည်းအရ ဆက်လက် လုပ်ဆောင်နိုင်ရန်ဖြစ်မည် ဟုပြောလိုပါကြောင်း၊ volunteer နှင့်ပတ်သက်ပြီး လုပ်ဆောင်နေမှုများရှိပါကြောင်း၊ အဓိကအားဖြင့် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှ အငြိမ်းစား ယူသွားသူများ၊ ပြင်ပ၌ လုပ်ငန်းလုပ်ဆောင်နေသူများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အငြိမ်း စားယူသွားသူများ၊ ပြင်ပတွင် လုပ်ဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများ အစရှိသည် တို့ကို ဦးစားပေးပြီး လုပ်ဆောင်နေပါကြောင်း၊ မြို့နယ်များအလိုက် ဖိတ်ခေါ်ပြီး volunteer စနစ်နှင့် ၎င်းတို့ရသင့်ရထိုက်သည့် ခံစားခွင့်များ၊ ရပိုင်ခွင့်များပေးပြီး လုပ်ဆောင် မည့်စနစ်များ ကို လုပ်ဆောင်နေပါကြောင်း၊ တိုးတက်မှုစာရင်းများရရှိလျှင် အချိန်မီပြန်ကြားပေး သွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
Myanmar Public Press မှ ဒေါက်တာစိုးမြင့်ဦးက volunteer ထဲတွင် ပရဟိတလုပ်နေသည့် လူငယ်များကိုပါ ထည့်သွင်းအသုံးပြုစေလိုကြောင်း၊ volunteer အသင်းများတွင်လည်း အချို့ ကိစ္စများ အခက်အခဲရှိကြောင်း၊ ယခင်အစိုးရ လက်ထက်ကဆိုလျှင် NGO များ၊ CSO များကို မှတ်ပုံတင်မရခြင်းများ၊ အချိန်ဆွဲထားခြင်းများရှိပါကြောင်း၊ ယခုနိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ အစိုးရလက်ထက်တွင် အသင်းအဖွဲ့ မှတ်ပုံတင်များကို တင်၍ရ၊ မရသိလိုကြောင်း၊ တင်၍မရပါကလည်း အသင်းအဖွဲ့ဆိုင်ရာ ဥပဒေအရ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအခန်း(၄) အပိုဒ်(၇)တွင် ပြည်တွင်းအသင်းအဖွဲ့ များသည် ဆန္ဒအလျောက် မှတ်ပုံတင် လျှောက်ထား လိုပါက အောက်ပါအတိုင်း လျှောက်ထားနိုင်သည်ဆိုပြီး ပါရှိပါကြောင်း၊ မှတ်ပုံမတင်သည့်အတွက် ပြစ်ဒဏ်လည်းမရှိပါကြောင်း၊ ဘာသာရေးနှင့် စီးပွားရေးအဖွဲ့ အစည်းများတွင် မှတ်ပုံတင်ရန်မလိုဟု ပါရှိပါကြောင်း၊ သို့သော် အချို့ဝန်ထမ်းများသည် မှတ်ပုံတင်မရှိသည့်အသင်းအဖွဲ့ကို ဥပဒေနှင့်မညီသလို၊ တရားမဝင်သလို မျိုးဆိုသည် များလည်း ရှိကြောင်း၊ ထို့ကြောင့် အသင်းအဖွဲ့ မှတ်ပုံတင်ခွင့် မရ သေးလျှင်လည်း ဝန်ထမ်းများ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေနှင့် နားလည်ပြီး အရပ်ဘက်အသင်းအဖွဲ့များကို ဥပဒေနှင့်ညီသည် ဆိုပါက တရားဝင်သဘောမျိုး ဆက်ဆံပေးရန်လည်း ဖြစ်စေလိုကြောင်း၊ အသင်းအဖွဲ့ မှတ်ပုံတင် နှင့်ပတ်သက်ပြီး မည်သည့်အခြေ အနေမျိုးရှိသည်ကို သိလိုပါကြောင်း မေးမြန်းသည်။
အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူ
ဗိုလ်ချုပ်ဇော်မင်းထွန်းက အသင်းအဖွဲ့မှတ်ပုံတင် ပိတ်ထားခြင်းမရှိပါကြောင်း၊ ယခုလိုကာလမျိုး ဖြေလျှော့နေသည့်ကာလမျိုးတွင် ပိုပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ volunteer အသင်းများ တွင် ပရဟိတလုပ်နေသည့်အသင်းများ ပါဝင်ရန်ကိစ္စများ သည်လည်း ကောင်းမွန်သည့် အစီအစဉ်ဖြစ်ပါကြောင်း၊ အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ပြောကြားသည့် အထဲတွင်လည်း ပါရှိကြောင်း၊ အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ခံယူပြီး အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပရဟိတ လုပ်နေသည့်အသင်းများ volunteer အနေဖြင့် ပါဝင် လာမည်ဆိုပါကလည်း ပိုပြီးကောင်းမွန်ပါကြောင်း၊ ကြိုဆိုလျက်ရှိကြောင်း ပြောလိုပါကြောင်း ပြန်လည် ဖြေကြားသည်။
97 Media မှသတင်းထောက်ချုပ်နန္ဒလင်းကျော်(ထားဝယ်)က ရုရှားနှင့် မြန်မာ နှစ်နိုင်ငံ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်နေသည်ဟု သိရှိရပါကြောင်း၊ | ကာကွယ်ဆေးထုတ်လုပ်မှု အစီအစဉ်အကြောင်းကို ဖြေကြားပေးစေလိုကြောင်း၊ ဆက်စပ်မေးခွန်းအနေ ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထုတ်လုပ်ရန် အတွက် ရုရှားနှင့်မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်နေသကဲ့သို့ အခြားထုတ်ကုန်ကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များရှိ/မရှိနှင့် ရှိပါက ဖြေကြားပေးစေလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပြောကြားသွားသည့်အထဲတွင်လည်း ပြည်သူကို အသိပေးချက်၊ ပြည်သူကိုသိနိုင်ရန် သတင်းထုတ်ပြန်သည့်အထဲတွင်လည်းပါကြောင်း၊
ကိုဗစ်-၁၉ ရောဂါကိစ္စနှင့်ပတ်သက်ပြီး နောက်ပိုင်း ယူဆလိုက်သည်မှာ နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်ပြီး ကုသနိုင်မှုများ၊ ရောဂါမပြန့်ပွားသည့် ၁၀၀ ရာခိုင်နှုန်း ထိန်းချုပ် နိုင်ပြီဆိုသည့် နိုင်ငံမရှိသေးကြောင်း၊ ယခု မိတ်ဆွေနိုင်ငံဖြစ်သည့်၊ အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံဖြစ်သကဲ့သို့ အိန္ဒိယမှ ဆေးသန်း ၃၀ မှာ ထားသော်လည်း လက်တွေ့တွင် နှစ်သန်းသာရသေးကြောင်း၊ အချို့က ကြိုတင်ငွေချေပြီးဖြစ်ကြောင်း၊ ယင်းကို ဆေးထပ်ရရန် ဖိအားသွားပေး၍မရကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့နိုင်ငံတွင်ပင် ရောဂါဖြစ်ပွားမှုနှုန်း များနေပါကြောင်း၊ ယခုအများဆုံးပို့ပေးနေသည့် မိတ်ဆွေနိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ကြောင်း၊ ကျန်သည့် နိုင်ငံများက ပို့ပေးသည်ထက် မိမိနိုင်ငံထဲတွင် ထုတ်လုပ်နိုင်လျှင် ပိုမကောင်းဘူး လားဆိုသည့် ယူဆချက် ဖြစ်လာကြောင်း၊ ထို့ကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေဖြင့် ကာကွယ်ဆေးထုတ်လုပ်နိုင်ရေး အတွက် ဆွေးနွေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ရုရှားတွင် တာဝန်ရှိသူများနှင့် ဆွေးနွေးသည့်အခါ အခြေခံ သဘောတူညီချက်ရခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် ကာကွယ်ဆေးထုတ်လုပ်နိုင်ရန်အတွက် စက်ရုံကို အသစ်ထောင်မည်ဆိုလျှင် ကုန်ကျစရိတ်များ သည့်အတွက် ဤနိုင်ငံတွင် ထုတ်လုပ်နိုင်ရန် အခြေခံ အချက်အလက်များ မေးခြင်းများ ရှိကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ပါကြောင်း၊ ထိုသို့ ဆွေးနွေးသည့်အခါ ထုတ်လုပ်နိုင်သည့် အခြေခံရှိနိုင်သည့်အတွက် မိမိတို့နိုင်ငံတွင် စက်ရုံများကို လာရောက် လေ့လာမည် ဖြစ်ကြောင်း၊ ထို့နောက် ထုတ်လုပ်နိုင်ရေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အချိန်အတိုင်းအတာတစ်ခု အထိ စောင့်ရမည်ဖြစ်ကြောင်း၊ အမှန်တကယ် ယခု လထဲတွင် လာရောက်လေ့လာရန်ဖြစ်ကြောင်း၊ သို့သော် မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု များနေသည့်အတွက် ၎င်းတို့ဘက်ကလာရောက်ရန် မေးမြန်းနေသည့် သဘောမျိုး ရှိကြောင်း၊ လုပ်ဖြစ်မည်ဟု ပြောလိုပါကြောင်း၊ အခြားကိစ္စများနှင့် ပတ်သက်၍ လက်တွေ့ ဖြစ်လာနိုင်သည့်ကိစ္စတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရေနံနှင့်သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်ရေးလုပ်ငန်းဖြစ်ကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးလုပ်ငန်းကို ရုရှားအနေဖြင့် စိတ်ဝင်စားကြောင်း၊ ၎င်းတို့အနေဖြင့်လည်း ကမ္ဘာပေါ်တွင် သဘာဝဓာတ်ငွေ့ အများဆုံးထုတ် လုပ်နေသည့်နိုင်ငံဖြစ်သည့်အတွက်၊ အတွေ့အကြုံ ရှိပြီးဖြစ်သည့်အတွက် လုပ်ဆောင်သွားရန်ရှိကြောင်း၊ တွင်းအသစ်များ ရှာဖွေခြင်းလုပ်ငန်းများ၊ ရေနံမြေ အဟောင်းများတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်နိုင်ရေးလုပ်ငန်း များဆောင်ရွက် သွားရန်ရှိသည်ဟု ပြောလိုပါကြောင်း၊ အခြားလုပ်ငန်းများအနေဖြင့်လည်း ကမ္ဘာလှည့်ခရီး သွားလုပ်ငန်းဖြစ်ပြီး ယင်းတို့မှာလည်း ညှိနှိုင်းဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ ၎င်းတို့ဘက်မှ တောင်းဆို သည်မှာ ကမ္ဘာလှည့်ခရီးသွားလာရေးလုပ်ငန်းဆိုလျှင် မြန်မာနိုင်ငံဘက်တွင် ဗီဇာမလိုဘဲ တိုက်ရိုက်စင်းလုံး ငှားလေယာဉ်ဖြင့် ဝင်ရောက်နိုင်ခွင့် စသည့်လုပ်ငန်း များလည်း တိုးချဲ့ လာမည်ဖြစ်ကြောင်း၊ သို့သော် ပထမဦးဆုံး မိမိတို့လုပ်ရမည့်လုပ်ငန်း၊ အာရုံစိုက် လုပ်ရမည့်လုပ်ငန်းမှာ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး ထိန်းချုပ်နိုင်ရေးဆောင်ရွက် သွားရမည်ဖြစ် ကြောင်း ပြန်လည်ဖြေကြားသည်။
နေပြည်တော်တိုင်းမ်သတင်းဌာနမှ သတင်းထောက် ဦးမင်းမောင်က ကိုဗစ်-၁၉ ရောဂါပိုး အမျိုးအစားသုံးမျိုး တွေ့ရှိထားသည်ကိုသိရကြောင်း၊ အဆိုပါ ရောဂါပိုးသုံးမျိုးလုံး၏ မြန်ဆန်မှုနှုန်းသည် ဒုတိယလှိုင်းထက် ပိုမိုကူးစက်မြန်ဆန်သည်ကို တွေ့ရကြောင်း၊ မှာယူထားသည့် ကာကွယ်ဆေးများမှာ တရုတ်၊ ရုရှား၊ အိန္ဒိယနိုင်ငံများဖြစ်ပြီး မိမိတို့ နိုင်ငံအနေဖြင့် ထုတ်လုပ်ရန်အတွက် ပြင်ဆင်နေ သည်ကိုသိရကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါပိုးသုံးမျိုးကို တရုတ်ကပို့လိုက်သည့် ကာကွယ်ဆေးအနေဖြင့် ကာကွယ်ဆေး ထိုးပြီးထား သည့်သူများမှာ ရောဂါပိုးပြန်လည်တွေ့ရသည်ကို သိရကြောင်း၊ လက်ရှိတပ်မတော် အတွင်း ကာကွယ်ဆေးထိုးပြီးသည့် အရာရှိများ ပြန်လည်ကူးစက်နေသည်ကို ကြားသိရ ကြောင်း၊ အဆိုပါကိစ္စများနှင့် ပတ်သက်ပြီး မှာယူထားသည့် ဆေးများသည် အာနိသင် ထိရောက်မှု ရှိ/မရှိနှင့် တရုတ်ကကူညီပေးသည်မှာ မှန်သော်လည်း ကူညီပေးလိုက်သည့် ဆေးက မိမိတို့နိုင်ငံအတွက် အကျိုးသက်ရောက်မှုရှိ/မရှိကိုသိလိုကြောင်း မေးမြန်းသည်။
သေဆုံးမှုကို ၉၃ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်
ဗိုလ်ချုပ်ဇော်မင်းထွန်းက ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇနှင့်ပတ်သက်ပြီး သုံးမျိုးအပြင် နောက်ထပ် နှစ်မျိုးရှိသည်ကို ကျန်းမာရေးဝန်ကြီးဌာနက အသေးစိတ်ရှင်းလင်းမည်ဖြစ်ကြောင်း၊ အဆိုပါ မေးခွန်းဖြစ် ပေါ်လာခြင်းသည် သတင်းအခြေခံအချက်အလက် များကြောင့်ဖြစ်ကြောင်း၊ ကျင့်ဝတ်သိက္ခာမရှိသော မီဒီယာများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ CDM လုပ်သွားသည့် ဆရာဝန်၊ ဆရာမများနှင့် နိုင်ငံခြား တွင်နေထိုင်သည့် ဆန့်ကျင်ဘက် အမျိုးမျိုးပြောနေသည့် ကျန်းမာရေး ဝန်ထမ်းများနှင့် ပြုလုပ်ထားသည့် အင်တာဗျူးများတွေ့ရကြောင်း၊ ဖြေကြားမှုများတွင် ရုရှားနိုင်ငံထုတ်ကာကွယ်ဆေးများနှင့် တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများအနေဖြင့် စိတ်မချရကြောင်း၊ ၎င်းတို့နေထိုင်သည့် အမေရိကန်နိုင်ငံထုတ် ကာကွယ်ဆေးထိုးပြီးနောက် ရောဂါပိုးမှာ မကူးစက် ဘူးလား၊ အမေရိကန်နိုင်ငံတွင်လည်း ရောဂါပိုးကူးစက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးထားသည့်သူများသည် ကိုဗစ်-၁၉ ရောဂါ မဖြစ်နိုင်ရန် အတွက် ၆၉ ရာခိုင်နှုန်း အာမခံချက်ရှိကြောင်း၊ သိပ္ပံနည်းလမ်းအရ စစ်ဆေးတွေ့ရှိချက် ဖြစ်ပြီး ၎င်းထက်များစရာမရှိဘဲ နည်းစရာသာရှိကြောင်း၊ အိန္ဒိယနိုင်ငံက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမှာယူခဲ့ပြီး အိန္ဒိယနိုင်ငံတွင် မည်မျှကူးစက်နေသည်ကို တွေ့ရကြောင်း၊ လက်တွေ့ နှိုင်းယှဉ်ကြည့်ပြီး ပညာရပ်အရပြောခြင်းမဟုတ်ကြောင်း၊ အိန္ဒိယ နိုင်ငံနှင့် တရုတ်နိုင်ငံတွင် မည်သည့်နိုင်ငံက ရောဂါ ဖြစ်ပွားနှုန်းများနေသလဲ၊ အမေရိကန်တွင် ၎င်းတို့ ဖော်ထားသည့် ဆေးနှင့် ကုသခဲ့ပြီး မည်မျှများနေသလဲ၊ ရုရှားနိုင်ငံတွင် ၎င်းကိုယ်တိုင်ဖော်ထားသည့်ဆေးနှင့် ကုသခဲ့ပြီး မည်မျှများနေသလဲ စသည်ကို နှိုင်းယှဉ်ကြည့်လျှင် သိနိုင်ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြောသွားသည့်အတိုင်း ရရှိထားသည့် ကာကွယ်ဆေးသည် အကောင်းဆုံးဖြစ်ကြောင်း၊ အဆိုပါနိုင်ငံများမှထုတ်ထားသည့် ကာကွယ်ဆေးများသည် အာမခံချက်ရှိခြင်းကြောင့် ထုတ်ထားပြီး ၎င်းတို့နိုင်ငံသားများကိုယ်တိုင် လက်တွေ့ထိုးပြီး ပျောက်ကင်းလျက်ရှိကြောင်း၊ သို့သော် မည်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမှ အပြည့် အဝကာကွယ်ပေးနိုင်ခြင်း မရှိသေးကြောင်း၊ လူ၏ Antibody နှင့်လည်း သက်ဆိုင်ကြောင်း၊ ၆၉ ရာခိုင် နှုန်းသာမဖြစ်အောင် ကာကွယ်နိုင်ကြောင်း၊ သို့သော် အာမခံချက်အမြင့်ဆုံးအနေဖြင့် ကာကွယ်ဆေး ထိုးထားသည့်သူများသည် ရောဂါထပ်မံဖြစ်ပွားလျှင် ပြင်းထန်သည့် ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ပြီး သေဆုံးမှုကို ၉၃ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင် ကြောင်း၊ အဆိုပါ အခြေခံအချက်များကို သိရပြီးကြောင်း၊ ယခုလိုမေးခွန်းမေးပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ မိမိတို့နိုင်ငံသူ နိုင်ငံသားများ လက်ထဲတွင် မဟုတ်မမှန်မီဒီယာများက အားပေးအားမြှောက်လုပ်ပြီး လူသတ်ကောင်များက မေးနေခြင်းဖြစ်ကြောင်း၊ ယခင်က စစ်အစိုးရက ထိုးပေး သည့်ကာကွယ်ဆေးမထိုးရန် ပြောဆိုသပိတ်မှောက် ခဲ့သည်များရှိကြောင်း၊ ယခုအခါ ကာကွယ်ဆေးထိုးရန် အရေးကြီးသည့်အချိန်တွင် တရုတ်ကမှာယူထား
သည့် ကာကွယ်ဆေးသည် မကောင်းကြောင်း၊ ရုရှားကကာကွယ်ဆေးသည် WHO အဖွဲ့ အစည်းက အသိအမှတ်မပြုထားမှုကို ဖြန့်ဝေလျက်ရှိကြောင်း၊ WHOက အသိအမှတ်ပြု ထားသည့် ကာကွယ်ဆေးထိုး သည့်သူများလည်း ပြန်လည်ကူးစက်နေပြီး မည်သည့် ကာကွယ်ဆေးမဆို ၆၉ ရာခိုင်နှုန်းသာ ကာကွယ်နိုင်ကြောင်း၊ သို့သော် သေဆုံးနိုင်ခြေနှင့် ပြင်းထန်စွာဖြစ်ပွားနိုင်ခြေကို ၉၃ ရာခိုင်နှုန်း ကာကွယ်ကြောင်း၊ ထပ်မံတွေ့ရှိချက်များအရ တချို့နိုင်ငံများ တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဒုတိယ အကြိမ်ထပ်မံထိုးရန် ဆောင်ရွက်နေကြောင်း၊ ဒုတိယ အကြိမ်ဆိုသည်မှာ ပထမအကြိမ်တွင် နှစ်ကြိမ်ထိုးနှံပြီး ထပ်မံထိုးနှံရန်လုပ်ဆောင်နေကြောင်း၊ Antibody ကို စစ်ဆေးသည့်အခါ ကျနေသည့်သူများ၊ အဓိက ကျန်းမာရေးဝန်ထမ်းများကို ထိုးရန်လုပ်ဆောင်နေကြကြောင်း၊ အဆိုပါအစီအစဉ်ကို မိမိနိုင်ငံ အနေဖြင့် ဆောင်ရွက်ရန်ရှိကြောင်း ပြန်လည် ဖြေကြားသည်။
၁၀၀ ရာခိုင်နှုန်း ကာကွယ်သည့်ဆေးမပေါ်ပေါက်သေး
ဆက်လက်ပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးက ဖြည့်စွက်ရှင်းလင်းရာ ကမ္ဘာပေါ်တွင် ကာကွယ်ဆေးကို ထုတ်လုပ်ပြီး သုံးစွဲလာသည့်ကိစ္စ သည် ခေတ်ပေါ်ဆေးသိပ္ပံပညာ၏ ကောင်းကျိုးတစ်ခု လည်းဖြစ်ကြောင်း၊ မည်သည့်ကာကွယ်ဆေးမှ ၁၀၀ ရာခိုင်နှုန်း ကာကွယ်သည့်ဆေး မပေါ်ပေါက်သေးကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကာကွယ်ဆေး တစ်ခုကို ပြည်သူလူထုအတွက် အသုံးပြုသင့်ကြောင်း၊ ထောက်ခံသည့်ဆေးသည် အခြေခံအားဖြင့် ၅၀ ရာခိုင်နှုန်းအထက်ကာကွယ်နိုင်လျှင် အဆိုပါ ကာကွယ်ဆေးသုံး၍ ရသည်ကို သတ်မှတ်ထားကြောင်း၊ နှစ်စဉ်နှစ်တိုင်း ထိုးနေသည့် တုပ်ကွေးကာကွယ်ဆေး (H,N,)သည် ၅၀ ရာခိုင်နှုန်းသာ ကာကွယ်နိုင်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး၏ ထူးခြားချက်အနေဖြင့် ၉၃ ရာခိုင်နှုန်းအထက် ကာကွယ်နိုင်ပြီး မျိုးပြောင်းလဲသည့်ပိုးကို ၆၀ ရာခိုင် နှုန်းအထက် ၇၀ ရာခိုင်နှုန်းခန့်ရှိသည်ကို သုတေသန စာတမ်းအရသိနိုင်ကြောင်း၊ လတ်တလောအဖြစ် အပျက်များကိုကြည့်လျှင် နေပြည်တော် ကောင်စီ နယ်မြေအတွင်း ကျမ်းသုတေသနလုပ်ထားခြင်း များရှိကြောင်း၊ ကာကွယ်ဆေး ထိုးသည့်သူများတွင် မည်မျှကူးစက်ပြီး ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုနှုန်းသည် ကာကွယ်ဆေး ထိုးထားသည့်သူများတွင် အင်မတန်နည်းပါးကြောင်း၊ အသက်အရွယ်ကြီးလျှင် အတော်လေး စိတ်ပူရပြီး ကျန်းမာရေးအသိုင်းအဝိုင်းက တချို့ဆရာဝန်များလည်းပါဝင်ပြီး ရောဂါအခံများ လည်းရှိကြကြောင်း၊ ကာကွယ်ဆေးထိုးထားခြင်းကြောင့် ပြင်းပြင်းထန်ထန်မခံစားရဘဲ ပြန်ကောင်း သွားသည့်သူများ မျက်မြင်ရှိကြောင်း၊ အဆိုပါဖြစ်စဉ် များကိုလည်း ထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံထုတ် ကာကွယ်ဆေးအမျိုးအစား Sputnik V၊ Sinopharm နှင့် Sinovac အမျိုးမျိုး ရှိကြောင်း၊ Sinopharm သည် ကမ္ဘာ့ကျန်းမာရေး လက်မှတ်ရထားပြီး Sinovac အနေဖြင့် EU က အရေးပေါ်အသုံးပြုခွင့် လက်မှတ်ရထားကြောင်း၊ ၎င်းတို့ နိုင်ငံများတွင် အများကြီးထိုးလျက်ရှိကြောင်း၊ ကာကွယ်ဆေးတစ်ခုကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက အသိအမှတ်ပြုပြီးမှ မိမိတို့နိုင်ငံမှာ ထိုးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေး တစ်ခုအနေဖြင့် အသိအမှတ်ပြုရန်အတွက် အခြေခံ အရည်အချင်းနှစ်ခုရှိပြီး နံပါတ်တစ် ကာကွယ်ဆေးသည် ထိရောက်မှုရှိရမည်၊ နံပါတ်နှစ် ဘေးကင်းလုံခြုံစိတ်ချရမှု ရှိရမည်၊ အဆိုပါအချက်များပြည့်စုံမှအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးက အသိအမှတ်ပြု မည်ဖြစ်ကြောင်း၊ အဆိုပါ အသိအမှတ်ပြု ကာကွယ်ဆေးကို အဆိုပါနိုင်ငံများတွင် ထိုးနှံခြင်း ရှိ၊ မရှိ ကြည့်ရမည်ဖြစ်ပြီး ယခုကာကွယ်ဆေးကို အဆိုပါ နိုင်ငံများတွင် ထိုးထားသည့်သူများ များစွာရှိကြောင်း၊ ကမ္ဘာပေါ်တွင် နိုင်ငံအရေအတွက် ဘယ်လောက်က အဆိုပါကာကွယ်ဆေးကို ထိုးထားသလဲ ဆိုလျှင် Sinovac နှင့် Sputnik V ကို ကမ္ဘာပေါ် တွင်ထိုးနေသည့်နိုင်ငံ အများအပြားရှိကြောင်း၊ ကာကွယ်နိုင်စွမ်းကို ဆေးပညာဆောင်းပါးများတွင် ရှာကြည့်လျှင် တွေ့နိုင်ကြောင်း၊ ၅၀ ရာခိုင်နှုန်း အထက်မှာရှိခြင်း၊ အာနိသင်သက်ရောက်မှုလည်းရှိ ခြင်းနှင့် ထိုးထားသည့်သူများတွင် ပြင်းပြင်းထန်ထန် မခံစားရကြောင်း၊ ထို့ကြောင့် မိမိနိုင်ငံအတွက် ရရှိ သည့်ဆေးသည် အကောင်းဆုံးဖြစ်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ထိုးသင့်ကြောင်း ကို တရားဝင်ထုတ်ပြန်ထားကြောင်း၊ သို့သော် ကာကွယ်ဆေးထိုးပြီးသည့်အခါ ၁၀၀ ရာခိုင်နှုန်း အပြည့်ကာကွယ်နိုင်သည့် ဆေးမရှိသေးကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထူးခြားချက်အရ ရောဂါပိုး ဝင်လာလျှင်လည်း ခံနိုင်ရည်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ပိုးသည် မျက်လုံး၊ ပါးစပ်၊ နှာခေါင်းမှ ဝင်လာခြင်းကြောင့် အဆိုပါနေရာများတွင် သွေးလည်ပတ်မှုက ရောဂါပိုးကို ချေဖျက်မှုများရှိကြောင်း၊ နှာခေါင်းတွင် ကပ်ပါလာခြင်း၊ နှာခေါင်းတစ်ဝိုက်တွင် ပွားနေခြင်းကို သွေးထဲတွင် ရောဂါပိုးအများကြီးမပွားနိုင်၊ ရောဂါ အကြီးကြီးဖြစ်မသွား သော်လည်း နှာခေါင်းတစ်ဝိုက် ပွားနေချိန်တွင် အာခေါင်တို့ဖတ်ယူခြင်းကြောင့် Positive ဖြစ်သွားသည့်သူလည်းရှိကြောင်း၊ ထို့ကြောင့် ကာကွယ်ဆေးကို ထိုးနှံသင့်ပါကြောင်း၊ ကာကွယ်ဆေး ထိုးခြင်းသည် အနာဂတ်တွင် ကိုဗစ်၁၉ ရောဂါပိုးကို ရေရှည်ရင်ဆိုင်နိုင်မည့် အကောင်းဆုံး နည်းလမ်းဖြစ်ပါကြောင်း ဖြည့်စွက်ရှင်းလင်းသည်။
သုံးလပေါင်းပြီး ရောက်ရှိလာသည့် စလစ်များအတွက် ဒဏ်ကြေးပေးဆောင်ရ
နေပြည်တော် တိုင်းမ်သတင်းဌာနမှ သတင်းထောက် ဦးမင်းမောင်က လျှပ်စစ်မီတာကိစ္စနှင့် ပတ်သက်ပြီး မီတာသုံးစွဲသူပြည်သူလူထုကြား ဝေဖန်ပြောဆိုမှုများရှိကြောင်း၊ ယခင်က ဆန္ဒပြ သည့်ကိစ္စနှင့် ကြုံတွေ့နေသည့်အခါ မီတာရုံးမှာ ပြည်သူလူထုထံသို့ စလစ်များကို အချိန်မီမရောက်ရှိခြင်းကြောင့် ပြည်သူလူထုအနေဖြင့် မပေးဆောင်ခြင်းများရှိကြောင်း၊ တချို့ အနေဖြင့် သုံးလကြာမြင့်ပြီး သုံးလစာစလစ်များရောက်ရှိခြင်းကြောင့်တွေ့ရှိရကြောင်း၊ ပြည်သူလူထု အနေဖြင့် သုံးလပေါင်းပြီးရောက်ရှိလာ သည့်စလစ်များအတွက် ဒဏ်ကြေးပေး ဆောင်ရမှုအပေါ် သဘောမကျကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူလူထုသည် ကိုဗစ်ကာလ၊ နိုင်ငံရေး ပြဿနာကာလ၊ စားဝတ်နေရေး ကျပ်တည်းမှု၊ လုပ်ငန်းရှားပါးမှုပြဿနာများကြောင့် ဒဏ်ကြေး အတတ်နိုင်ဆုံး ဖြေလျှော့ပေးနိုင်ရန်ရှိ/မရှိကို သိလို ကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက အဆိုပါလျှပ်စစ်မီတာကိစ္စနှင့် ပတ်သက်သည့် မေးခွန်းကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို မေးမြန်းပြီးမှ ဖြေနိုင်မည်ဖြစ်ကြောင်း၊ ဘာကြောင့်ဒဏ်ကြေး ပေးဆောင်ရသည်မှာ သူ့အကြောင်းအရင်းနှင့်သူ ရှိမည်ဖြစ်ကြောင်း၊ အကြောင်းအရင်းမရှိဘဲ ဥပဒေမဲ့၊ စည်းကမ်းမဲ့ လုပ်ဆောင်စရာ အကြောင်းမရှိကြောင်း၊ စလစ်များ သုံးလကြာမှ ရောက်ရှိခြင်း၊ မီတာခကောက်ခံရန် တာဝန်မည်သို့ ခွဲဝေထားသည်ကို မည်သို့ရှိသည်ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကို မေးမြန်းပြီး ပြန်လည်ဖြေကြား ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
Daily Eleven သတင်းဌာနမှ သတင်းထောက် အောင်မင်းသိန်းက CDM ပြုလုပ်သည့် ကျန်းမာ ရေးဝန်ထမ်းတချို့သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး သိုလှောင်ထားသည့် သိုလှောင်ရုံရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ပျက်စီးအောင်လုပ် ဆောင်သည့်ကိစ္စသည် မြေပြင်တွင် အမှန်တကယ် ဖြစ်ပျက်ခဲ့ခြင်းရှိ/မရှိ သိလိုကြောင်း မေးမြန်း သည်။
မြေပြင်တွင်အမှန်တကယ်မဖြစ်ခဲ့
ဗိုလ်ချုပ်ဇော်မင်းထွန်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သိုလှောင်ရုံကိစ္စသည် မြေပြင်တွင် အမှန်တကယ်မဖြစ်ခဲ့ကြောင်း၊ လက်ရှိအစိုးရကို သဘောကျသည့် သူများလည်းရှိပြီး သဘောမကျ သည့်သူများလည်း ရှိနိုင်ကြောင်း၊ အစိုးရကို သဘောမကျသည့် သူများသည် အစိုးရကို ဆန့်ကျင်တိုက်ခိုက်မည် ဖြစ်ကြောင်း၊ အစိုးရကို သဘောမကျခြင်းကြောင့် အစိုးရ၏ လုပ်ဆောင်ချက်အားလုံးကို ဆန့်ကျင်တိုက်ခိုက်မည်ဆိုလျှင် အဆိုပါ အယူအဆသည် အစွန်းရောက်သည့် အယူအဆဖြစ်ကြောင်း၊ ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေသည့်အချိန် တွင် ပထမအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးမထိုးကြရန် လှုံ့ဆော်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးသည့်သူများရှိပြီး ကာကွယ် ဆေးထိုးနှံသည့်အရေအတွက် ထုတ်ပြန်ခြင်းကြောင့် စိတ်ခံစားချက်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အာနိသင်မရှိဘူးဟု ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါဝန်ထမ်းအား ထိန်းသိမ်းထားရှိပြီးဖြစ်ကြောင်း၊ ကျန်းမာရေး ဝန်ထမ်းတစ်ဦးကကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များသည်ဘာမှသုံးစွဲ၍မရတော့ကြောင်းကို မစဉ်းစား မဆင်ခြင်ဘဲ လုပ်ခြင်းဖြစ်ကြောင်း၊ ယခုအခါ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး တတိယလှိုင်းဖြစ်လာခြင်းကို အခြားတစ်ဖက် တွင်ရောက်နေသည့် ဝါရင့်ကျန်းမာရေးပညာရှင် ကိုယ်တိုင်က ၎င်းတို့ကို မကူးစက်ကြောင်း၊ တပ်နှင့်ရဲများကိုသာ ကူးစက်မည်ဟု ပြောဆိုထား ခြင်းများရှိကြောင်း၊ အတွေ့အကြုံ၊ ဉာဏ်ပညာလည်းရှိသူ ကိုယ်တိုင်ပြောဆိုခြင်းဖြစ်ကြောင်း၊ သို့သော် အမုန်းတရား၊ ဆန့်ကျင်ဘက်များလာသည့်အခါ စဉ်းစားဆင်ခြင်သည့်စိတ်ဖြင့် မပြောနိုင်တော့ကြောင်း၊ အမုန်းတရားများမှတ်ထားသည့်ဉာဏ်များ ကောင်းရန်မလိုကြောင်း၊ တချို့ အရာများကို မေ့လိုက် ခြင်းသည်ကောင်းပြီး မေ့ဉာဏ်မကောင်းလျှင် ရူးတတ်ပါကြောင်း၊ မေ့သင့်သည့်အရာများ၊ ခွင့်လွှတ် သင့်သည့်အရာများကို မခွင့်လွှတ်လျှင် ရူးတတ်ပါ ကြောင်း ပြန်လည်ဖြေကြားသည်။ Daily Eleven သတင်းဌာနမှ သတင်းထောက် အောင်မင်းသိန်းက ပြီးခဲ့သည့်အစိုးရလက်ထက်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အိန္ဒိယနိုင်ငံကနေ ဝယ်ယူပြီး ထိုးနှံပေးခဲ့ကြောင်း၊ ပထမအကြိမ်ထိုးသည့် အချိန်က နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူလူထုများပါ တော်တော်များများ ထိုးခဲ့ကြကြောင်း၊ ဒုတိယအကြိမ် မထိုးနှံသည့် သူများရှိသည်ကို သိရကြောင်း၊ အဆိုပါ ဖြစ်စဉ်ကြောင့် လူဦးရေမည်မျှရာခိုင်နှုန်းလောက် ကာကွယ်ဆေးလာမထိုးသည်ကို သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ပထမအကြိမ် ကာကွယ်ဆေးထိုးသည့်စာရင်းနှင့် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးသည့်စာရင်းအရ လူဦးရေလေးသိန်းနှင့် ငါးသိန်းကြားကွာဟကြောင်း၊ ဒုတိယအကြိမ် ထိုးသည့်အခါ လှုံ့ဆော်မှုများ တော်တော်များကြောင်း၊ တချို့အနေဖြင့် မျိုးစုံလှုံ့ဆော်မှုကြောင့် မထိုးခဲ့ခြင်းဖြစ်ကြောင်း၊ သွားထိုးသည့်သူများကို ဒလန်ဟု စွပ်စွဲမှုများ ရှိကြောင်း၊ အမုန်းတရားများခြင်းကြောင့် ကြောင်တောင်တောင် အတွေးအခေါ်များ ထွက်လာခြင်း ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
Daily Eleven သတင်းဌာနမှ သတင်းထောက် အောင်မင်းသိန်းက ကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံပြီး ဒုတိယအကြိမ်မထိုးနှံခြင်းကြောင့် မည်သည့်ဘေးထွက်ဆိုးကျိုးများ ဖြစ်သည်ကို သိလိုကြောင်း မေးမြန်းသည်။
အဆိုပါ မေးခွန်းနှင့်ပတ်သက်ပြီး ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ကာကွယ်ဆေးတစ်ခု၏ အာနိသင် အပြည့်အဝရရန်အတွက် ပထမ အကြိမ်နှင့် ဒုတိယအကြိမ်ထိုးနှံပြီး နှစ်ပတ်အကြာတွင် ကိုယ်ခံအားအပြည့်အဝရရှိမည် ဖြစ်ကြောင်း၊ ထိုးနှံသည့်အဖွဲ့များကလည်း ကာကွယ်ဆေးထိုးလုပ်ငန်းတွင် အတွေ့အကြုံ ရှိသည့်ဆရာဝန်ကြီးများနှင့်ညှိနှိုင်းပြီး လမ်းညွှန်မှုများခံယူလျက်ရှိကြောင်း၊ များသောအားဖြင့် တစ်ကြိမ်တည်းထိုးထားလျှင် အပြည့်အဝမရဘဲ အခုနောက်ပိုင်း တစ်ကြိမ်ထိုးထားလျှင် ထိရောက်မှုရှိကြောင်း၊ နှစ်ကြိမ်ထိုးထားလျှင် Antibody နေနိုင်သည့်ပမာဏ ပိုရှည်သွား ကြောင်း၊ တစ်ကြိမ်ထိုးနှံထားပြီး နောက်ထပ်တစ်ကြိမ် မထိုးနှံသည့်သူ ကျန်းမာရေးဝန်ထမ်းတွင် လူဦးရေ သုံးသောင်းလောက်ရှိကြောင်း၊ အဆိုပါလူများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေဖြင့် ထိုးနှံပေးရန် ဆောင်ရွက်ထားကြောင်း၊ ဆေးရရှိမှု အပေါ်မူတည်ပြီး အမျိုးသားအဆင့် Corona Virus ဗဟိုကော်မတီ၏ လမ်းညွှန်မှုကိုခံယူပြီး ဝန်ကြီး ဌာနအနေဖြင့် ဆက်လက်ဆောင်ရွက်မည်ဖြစ် ကြောင်း ပြန်လည်ဖြေကြားသည်။
NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက လက်ရှိမြေပြင်တွင် ရောဂါပိုးတွေ့ရှိမှု အများကြီးဖြစ်နေပြီး ပြီးခဲ့သည့်အစိုးရလက်ထက်တွင် စာသင်ကျောင်းများကို သံသယလူနာ စောင့်ကြည့်ရန်အတွက် အသုံးပြုခဲ့ခြင်းများရှိကြောင်း၊ လက်ရှိကျောင်းများကို ခေတ္တ ပြန်ပိတ်ထားသော်လည်း အမျိုးသားရေးတာဝန်အနေဖြင့် ဖြေရှင်းနေသည့်အခါ စာသင်ကျောင်း များကို အသုံးချရန် အစီအစဉ်ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။ ။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ကျောင်းအားလုံး အသုံးချရန်မရှိကြောင်း၊ တချို့မြို့များတွင် သွားရေး လာရေးအချက်အချာကျသည့် စာသင်ကျောင်းတချို့ကို လတ်တလော စတင်ပြင်ဆင် နေပြီဖြစ်ကြောင်း ဖြေကြားသည်။
NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးကNLD ပါတီမှ ဦးဉာဏ်ဝင်း အပါအဝင် ထိပ်ပိုင်း ခေါင်းဆောင်များ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရ ပြီဆိုပြီး သတင်းများထွက်နေကြောင်း၊ အဆိုပါကိစ္စကို အတည်ပြုပေးစေလိုကြောင်း၊ အမှန်တကယ် ဟုတ်/မဟုတ် သိလိုကြောင်း၊ ၎င်းတို့ကို မည်ကဲ့သို့ ကုသမှုပေးနေသည်ကို ထုတ်ပြန်ပေးစေလိုကြောင်း၊ စစ်ရေးပိုင်းအနေဖြင့် တပ်မတော်ဘက်မှ လိုင်ဇာကို အချိန်မရွေးသိမ်းလို့ရသည့် အနေအထားကို ရောက်နေပြီဆိုပြီး သတင်းများတက်လာကြောင်း၊ တပ်မတော်ဘက်ကလည်း ငြိမ်းချမ်းရေးကိုထိခိုက်မည် စိုးရိမ်သဖြင့် ချိန်ဆနေသည်ဟု ပြောဆိုမှုများ ထွက်လာကြောင်း၊ အဆိုပါ ကိစ္စအပေါ် ဗိုလ်ချုပ် အနေဖြင့် မည်ကဲ့သို့ပြောကြားပေးနိုင်မည်ကို သိလိုကြောင်း မေးမြန်းသည်။
ငြိမ်းချမ်းရေးကို ရှေးရှု
ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် ပြောကြားခဲ့သည်ရှိကြောင်း၊ EAO အဖွဲ့များ မည်သည့်နေရာတွင်ရှိသည်၊ ဌာနချုပ်များ မည်သည့်နေရာတွင်ရှိသည်ကို သိပြီးဖြစ်ကြောင်း၊ သို့သော် မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးကိုရှေးရှုပြီး | EAO များ ယခင်ကတည်းကနေထိုင်သည့်နေရာများ၊ ဌာနချုပ်များကို နိုင်ငံတော်၏အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် လုံခြုံရေးကို မထိခိုက်သရွေ့ မတိုက်ခိုက်ဘူးဟု ပြောထားသည်ရှိကြောင်း၊ အဆိုပါ အတိုင်းပင် ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည် ဖြေကြားသည်။
နေပြည်တော်တိုင်းမ် သတင်းဌာနမှ အယ်ဒီတာ ဦးမင်းမောင်က လက်ရှိမြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ Third Wave ရောက်သည့် အချိန်ဖြစ်ကြောင်း၊ ပထမနှင့် ဒုတိယလှိုင်း များတွင်လည်း စာသင်တိုက်သံဃာတော်များ၊ ဆရာတော်များအနေဖြင့် ဆွမ်း၊ ကွမ်း ကိစ္စအတွက် အခက်အခဲများစွာဖြင့် ရင်ဆိုင်နေရသည်ကို မြေပြင်ကွင်းဆင်းမှုများအရ သိရှိရကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် ထိုဆရာတော်များ၏ အခက်အခဲများအား တစ်ဖက်တစ်လမ်းမှ မည်ကဲ့သို့ကူညီ ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း ဆက်လက်မေးမြန်းသည်။ ။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းကိစ္စကို တပ်မတော်အနေဖြင့် နေ့စဉ်၊ အပတ်စဉ်လုပ်ဆောင် လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်မှ ပြုလုပ်ခြင်း မဟုတ်ကြောင်း၊ ၊ တပ်မတော်အနေဖြင့် ဆရာဒကာ စီမံချက်ဆိုပြီး ယခင်ကတည်းကရှိကြောင်း၊ ဆရာဒကာစီမံချက် ဆိုသည်မှာ ထူးထူးဆန်းဆန်း စီမံချက်မဟုတ်ကြောင်း၊ ဆရာတော်၊ သံဃာတော်များနှင့် ပတ်သက်ပြီး ပရိယတ္တိ၊ ပဋိပတ္တိ၊ ပရိဝေဒသာသနာ့တာဝန်များ ထမ်းဆောင်နိုင်ရန်အတွက် လိုအပ်သည့် ဆွမ်း၊ ကွမ်းကိစ္စများကို စီစဉ်ဆောင်ရွက် ပေးနိုင်ရန်တပ်မတော်အနေဖြင့် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် ဆရာတော်များ၏ ကျန်းမာရေးနှင့် ဆရာတော်များ၏ ကျောင်းသန့်ရှင်းရေးကိစ္စများကို အရှိန်အဟုန်ဖြင့် ဆက်လက်လုပ်ဆောင်ပေးရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ အစိုးရ ဖြစ်မှလုပ်တာ မဟုတ်ကြောင်း၊ ယခင်ကတည်းက ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဆက်လက်၍လည်း ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။
လူထုရင်ဖွင့်သံမီဒီယာမှ အယ်ဒီတာ ဦးမင်းဂေါင်က တစ်နိုင်ငံလုံးက ပြည်သူတွေရော တပ်မတော်ကို ထောက်ခံသည့် အမျိုးသားရေးသမားများ အပါအဝင် အားလုံးစိတ်ဝင် စားနေကြကြောင်း၊ အဆိုပါကိစ္စမှာ NLD ခေါင်းဆောင်များကို အရေးယူသည့် ကိစ္စဖြစ်ကြောင်း၊ လက်ရှိတွင် တည်ဆဲဥပဒေအရ ထိုက်သင့်သည့် အရေးယူဆောင်ရွက်မှုများ တွေ့ရပါကြောင်း၊ ဒီထက်လေးနက်သည့် အကြောင်းခြင်းရာများကို ပြည်သူများက မျှော်လင့်နေကြကြောင်း၊ သတင်းစာရှင်းလင်းပွဲ တစ်ခါလုပ်လျှင် ဒါတွေပါ မလားဆိုပြီး ပြည်သူတွေမျှော်လင့်နေသည့်အသံ များကို မိမိတို့ကြားနေရကြောင်း၊
ဒါကြောင့် နောက်ထပ် သတင်းစာရှင်းလင်းပွဲများတွင် NLD ၏ တာဝန်ရှိသည့် ထိပ်ပိုင်း ခေါင်းဆောင်များ၏ အကြောင်းခြင်းရာများကို ထည့်သွင်းဆွေးနွေးလိုမှု ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။
ဥပဒေအပေါ်ကျူးလွန်ခြင်း၊မကျူးလွန်ခြင်းနှင့်သာဆိုင်
ဗိုလ်ချုပ်ဇော်မင်းထွန်းက ကြိုတင်ပြော၍မရကြောင်း၊ ဖြစ်ပေါ်လာသည့် အခြေအနေတွေအပေါ် မူတည်ပြီး လုပ်ရမည်ဖြစ်ကြောင်း၊ ငယ်ငယ်ကဆိုခဲ့သည့် နိုင်ငံတော်သီချင်းတွင် တရားမျှတ လွတ်လပ် ခြင်းနှင့်မသွေဆိုပြီး ပါရှိကြောင်း၊ တပ်မတော်အနေ ဖြင့်လည်း မဲစာရင်း မသမာမှုကြောင့် တာဝန်ယူ ခဲ့ခြင်းဖြစ်ကြောင်း၊ တရားမျှတမှုအတွက် လုပ်ဆောင် ခဲ့ခြင်းဖြစ် ကြောင်း၊ အရေးယူခြင်း၊မယူခြင်းကလည်း သူ့ရဲ့ဥပဒေအပေါ်ကျူးလွန်ခြင်း၊ မကျူးလွန်ခြင်းနှင့် သာဆိုင်ပါကြောင်း၊ Emotion ဖြင့်လုပ်၍မရကြောင်း၊ တရားဥပဒေအပေါ်သာ မူတည်လိမ့် မည်ဖြစ်ကြောင်း၊ တရားဥပဒေအရ အရေးယူသင့်သည်ဆိုလျှင် အရေးယူမည်ဖြစ်ပြီး အရေးမယူသင့်ပါက အရေးမယူဘူး ဆိုသည့်အခြေအနေမျိုးသာ ဖြစ်လာမည်ဖြစ်ကြောင်း၊ သတင်းထောက်ကြီးတို့ သိပြီးဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ သတင်းစာရှင်းလင်းပွဲတွင် UEC မှရှင်းလင်းသည့် အကြောင်းအရာများ၊ မိမိတို့ရှင်းလင်းသည့် အကြောင်းအရာများတွင် မည်သူများက မည်သည့် ပြစ်မှုကိုကျူးလွန်နေသည်၊ မည်ကဲ့သို့လုပ်သည်ကို သတင်းထောက် ကြီးတို့လည်း တွေ့ရှိပြီးဖြစ်ကြောင်း၊ တရားဥပဒေအတိုင်းသာ ဖြစ်မည်ဟု ပြန်လည်ဖြေကြား သည်။
နိဂုံးချုပ်အနေဖြင့် ဗိုလ်ချုပ်ဇော်မင်းထွန်းက ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များ၊ ပြည်သူများကို အသိပေးချက်များ၊ သတင်းမှန် ပြန်ကြား ချက်များကို အစိုးရပိုင်သတင်းဌာနများမှလည်း ထုတ်လွှင့်လျက်ရှိကြောင်း၊ တက်ရောက်လာကြသည့် မီဒီယာများအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် စည်းမျဉ်း၊ စည်းကမ်းများ၊ ကျန်းမာ ရေးအသိပညာပေးမှုများကို ပြည်သူများ ပိုမိုသိရှိလာ စေရန် မိမိတို့တတ်စွမ်းသမျှ ဆောင်ရွက်ပေးကြစေ လိုကြောင်း မေတ္တာရပ်ခံပြောကြားသည်။ ။