ရန်ကုန် ဇူလိုင် ၁၇
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့ နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့တော်ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးတွင် တာဝန်ထမ်းဆောင်နေသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သန့်ရှင်းရေး ဝန်ထမ်းများအတွက် စေတနာရှင်ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းမှုကို လက်ခံ ရယူ၍ ကျေးဇူးတင်စကား ပြောကြားသည်။
ရန်ကုန်မြို့တော်ဝန်က ကျေးဇူးတင်စကားပြောကြားရာတွင် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဝန်ထမ်း များအနေဖြင့် ယခုကဲ့သို့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကျရောက်နေချိန်တွင် ကိုဗစ်-၁၉ ရောဂါကုသသည့် ဆေးရုံများ၊ စင်တာများမှ ဘေးအန္တရာယ်ရှိ အမှိုက်များသိမ်းဆည်း မီးရှို့ဖျက်ဆီးခြင်း၊ သေဆုံးလူနာများအား သင်္ဂြိုလ်ပေးခြင်း စသည့် အလွန်အန္တရာယ်များ သည့်တာဝန်များကို ထမ်းဆောင်နေရသည့်အတွက် အသက်ကိုပဓါနမထား၊ ကိုယ်ကျိုးမငဲ့ပဲ တာဝန်ထမ်းဆောင်နေသည့် စေတနာရှင် ဝန်ထမ်းများဖြစ်ကြောင်း၊ ယခုလိုသန့်ရှင်းရေး ဝန်ထမ်းများကို စေတနာထားပြီး လှူဒါန်းခြင်းသည်လည်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး တာဝန်ကို ဖြည့်ဆည်း ပေးရာရောက်သည့်အတွက် များစွာကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ယနေ့ပြုလုပ်သည့် အလှူငွေပေးအပ်ပွဲ အခမ်းအနားတွင် စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၂၇) ကျောင်းဆင်းအရာရှိများနှင့် လူထုမိတ်ဆွေ ယာဉ်လိုင်းမှ အလှူငွေ ငွေကျပ်သိန်း (၃၀) အား ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)