နေပြည်တော် ဇူလိုင် ၁၆
ကိုဗစ်-၁၉ ရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အမိန့်ထုတ်ပြန်လျက်ရှိရာ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာထုတ်လုပ်ရေးနှင့် ဖြန့်ဖြူး ရောင်းချ ရေး လုပ်ငန်းများကို ပိတ်သိမ်းရန် ထုတ်ပြန်ထားခြင်းမရှိဟု သိရသည်။
ထုတ်ပြန်ထား
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ ပါလုပ်ပိုင်ခွင့်များအရ ၂၀၂၁ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သော အမိန့်များတွင် ပြည်သူများ အနေဖြင့် နေအိမ်တွင် နေထိုင်ရေး(Stay at Home) အစီအစဉ်ကြေညာခြင်းများသာ ထုတ်ပြန် ထားသည်။
ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်ခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အများပြည်သူ အလုပ်ပိတ်ရက်များနှင့် ဆက်စပ်နေသည့် ကြားရက်နှစ်ရက်ကို အများပြည်သူ အလုပ်ပိတ်ရက်များအဖြစ် သတ်မှတ်ခြင်း အမိန့်များတွင်လည်း ဆေးဝါးနှင့်ဆေးပစ္စည်းကိရိယာ ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းများကို ပိတ်သိမ်းကြောင်း လုံးဝမပါရှိခဲ့ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
အဆိုပါကြေညာချက်၌ အများပြည်သူလိုက်နာနေထိုင်ရမည့် စည်းကမ်းချက်များတွင် အမှတ်စဉ် (ဂ)၌ ဆေးဝါးနှင့်ဆေးပစ္စည်းကိရိယာ များရောင်းချသည့်ဆိုင်များကို ဖွင့်လှစ်ရောင်းချသွား ရန်နှင့် အမှတ်စဉ် (င)တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ (အစိုးရဆေးရုံများ၊ ပုဂ္ဂလိက ဆေးရုံများနှင့် ဆေးခန်းများ ဆက်လက်ဆောင်ရွက်ရန်ဟူ၍ သတင်းထုတ်ပြန်ထားသည်။
အစားထိုးစားသုံးနိုင် သို့သော် ကောလာဟလသတင်းအမှားများ ဖြစ်ပေါ်လျက် ဈေးကွက် အတွင်း ကြက်ဥများဝယ်လိုအားများ ပြားလျက်ရှိနေသည်။ ထို့ကြောင့် ရှားပါးဈေးတက်ချိန်တွင် ကြက်ဥအစားထိုးအဖြစ် ပဲနီလေး၊ ကုလားပဲ၊ ပဲပိစပ်၊ မြေပဲ၊ ပဲပြား တို့ဟူး၊ ငှက်ပျောသီး၊ အာလူး၊ နွားနို့၊ ကန်စွန်းဥ၊ ကြက်သား၊ ငါးအမျိုးမျိုးစသည့် အစားအစာများကိုလည်း အစားထိုး စားသုံးနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ပြည်သူသို့ အသိပေးသတင်း ထုတ်ပြန်ထားသည်။
ထက်လျှံ