နေပြည်တော် ဇူလိုင် ၁၆
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် လိုင်စင်လျှောက်ထားရန် လိုအပ် သော ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာပစ္စည်းများနှင့် Liquid Oxygen များ တင်သွင်းမှုကို လိုင်စင်လျှောက်ထားရန်မလိုဘဲ ခွင့်ပြုထားပြီး ဖြစ်သည်။ Oxygen Concentrator များ တင်သွင်းမှုကိုလည်း အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်နှင့် သွင်းကုန်လိုင်စင် လျှောက်ထားရန်မလိုဘဲ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင် နှုန်း ကင်းလွတ် ခွင့်ဖြင့် လွယ်ကူလျင်မြန်စွာ တင်သွင်းခွင့်ပြုပေးလျက်ရှိသည်။
တင်သွင်းနိုင်ခဲ့ ဇူလိုင် ၁၂ ရက်မှ ၁၆ ရက်အထိ Liquid Oxygen နှင့် Oxygen Gas လီတာ ၃၀ ဒသမ ၈၆၉ သန်း၊ Oxygen Cylider အိုးအလွတ် အခု ၁၁၀၀၊ Oxygen ပါဝင်သည့် cylider အိုး ၁၁၄၈ ခု၊ Oxygen Concentrator 1999 Qı Oxygen Generator cl:co: Cylider Filling I Generator osôcp:1 Cylider Filling System adai aocale:op8: ၈၄ ဒသမ ၈၆၁ တန် တင်သွင်းနိုင်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ပစ္စည်း များကို တရုတ်နယ်စပ် လမ်းကြောင်းများမှတစ်ဆင့် တင်သွင်းရာတွင် လွယ်ကူလျင်မြန်စွာ တင်သွင်းနိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန နိုင်ငံခြားစီးပွားဆက်သွယ် ရေးဦးစီးဌာနအနေဖြင့် ရန်ကုန်မြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးရုံးနှင့် ညှိနှိုင်းဆောင်ရွက်လျက် ရှိရာ တင်သွင်းလိုသူများအနေဖြင့် မိမိတင်သွင်း လိုသည့် ကုန်ပစ္စည်း အမျိုးအစားများနှင့် သယ်ဆောင်မည့်ယာဉ်များအား နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာနသို့ ချိတ်ဆက်ဆောင်ရွက်ပါက လုပ်ငန်းများ ပိုမိုချောမွေ့စွာ ဆောင်ရွက် နိုင်မည် ဖြစ်သည်။
ပုံမှန်အတိုင်းဆောင်ရွက်ပေးသွားမည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာ ပစ္စည်းများ လွယ်ကူ လျင်မြန်စွာ တင်သွင်းနိုင်ရေးအတွက် အများပြည်သူရုံးပိတ်ရက် များအဖြစ် ကြေညာထားသည့် ၁၇-၇-၂၀၂၁ ရက်မှ ၂၅-၇-၂၀၂၁ ရက်အထိ ရုံးပိတ်ရက်များတွင်လည်း နယ်စပ်ကုန်သွယ်ရေး စခန်းများ၌ ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်