Skip to main content

လောက်ကိုင်မြို့နယ်၌ ကိုဗစ်-၁၉ လူနာများအတွက် Quarantine Centre အဖြစ် တောင်ညီနောင် အနီးတွင် ကွန်တိန်နာအလုံး ၂၀၀ ဖြင့် ဆောက်လုပ်ထား

လောက်ကိုင် ဇူလိုင် ၁၅

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်အတွင်း coVID-19 ရောဂါဖြစ်ပွားမှု နေ့စဉ်မြင့်တက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါတွေ့ရှိသူများကို Quarantine Centre အဖြစ် တောင်ညီနောင် အနီး၌ ကွန်တိန်နာ အလုံး ၂၀၀ ဖြင့် ဆောက်လုပ်နေရာချထားကြောင်း သိရသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်အတွင်း ဇွန် ၁၆ရက်မှ ဇူလိုင် ၁၂ ရက် ညနေ ၅ နာရီအထိ COVID-19 ရောဂါပိုး တွေ့ရှိမှုအခြေအနေမှာ COVID - 19 အတည်ပြုလူနာ ယခင် ၁၈၀၁ ဦး၊ ယနေ့ ၇၇ ဦး၊ စုစုပေါင်း ၁၈၇၈ ဦး ဆေးရုံတက်ကုသကာ ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းသူ ယခင် ၃၈၁ဦး၊ ယနေ့ ၁၂၀၊ စုစုပေါင်း ၅၀၂ ဦး၊ စုစုပေါင်းသေဆုံးသူ ငါးဦး၊ လက်ရှိအတည်ပြုလူနာပေါင်း ၁၃၇၀ ဆက်လက်ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း COVID-19 ဖြစ်ပွားမှု ကူးစက်မှုနှုန်း အလွန်များပြားလျက် ရှိသောကြောင့် ကွန်တိန်နာများဖြင့် ဆောက်လုပ်ပြီး လူနာများအား သီးသန့်ထားရှိနိုင်ရေး ဆောင်ရွက်လျက်ရှိကာ ကွန်တိန်နာအခန်းတစ်ခန်းလျှင် ရေချိုးခန်း၊ အိမ်သာ၊ ဘေစင်၊ ရေပူရေအေး၊ ခုတင်၊ လျှပ်စစ်မီးနှင့် အဲကွန်းများဖြင့် ပြည့်စုံစွာတပ်ဆင်ထားပြီး လူနာများကို စတင်လက်ခံထား ရှိနေကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)