(ယမန်နေ့မှအဆက်)
NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက ပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲများတွင် ပြောခဲ့ သည့် NLD ပါတီ ဖျက်သိမ်းမည်ဆိုသည့်သတင်းများ မှာ ပြန့်လွန်းအားကြီးနေကြောင်း၊ ကော်မရှင်အနေဖြင့် ထိုသို့ဖျက်သိမ်းမည့် အခြေအနေအထိ ရောက် မရောက်နှင့် အထောက်အထားများကို ရှင်းပြပေးစေ လိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ကော်မရှင်အနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် (၅) ရပ်နှင့်အညီ ဆောင်ရွက်လျက် ရှိကြောင်း၊ လုပ်ငန်းစဉ်(၁)နှင့်ပတ်သက်ပြီး ဆောင်ရွက် မှုများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ထုတ်ပြန်ချက်များထုတ်ပြန်ပြီး ဆောင်ရွက် လျက်ရှိကြောင်း၊ NLD ပါတီဖျက်သိမ်းရေးနှင့် ပတ်သက်၍ သတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ (၂၀၀၈ ခုနှစ်) ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံရေးပါတီ ဥပဒေ၊ နည်းဥပဒေ သတ်မှတ်ပြဌာန်းချက်များရှိပြီး ဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ဖျက်သိမ်းမည်၊ မဖျက်သိမ်းမည်တို့ကို ကြိုတင်ဆုံးဖြတ်ထားခြင်း မရှိသေးကြောင်း၊ ထိုကိစ္စ နှင့်ပတ်သက်ပြီး ဥက္ကဋ္ဌနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ အားလုံးပါဝင်သည့် အစည်းအဝေးကသာ ဆုံးဖြတ်မည်ဖြစ်ကြောင်း၊ ဆုံးဖြတ်ပြီး ပါကလည်း ဆုံးဖြတ်ချက်ကို အသိပေးသွားမည်ဖြစ် ကြောင်း ပြန်လည်ဖြေကြားသည်။
NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက ရွေးကောက်ပွဲကို တပ်မတော်က အာဏာထိန်းပြီး တစ်နှစ်အတွင်း ပြန်ပြီးကျင်းပမည်၊ အခြေအနေတည် ငြိမ်ပါက ရွေးကောက်ပွဲကျင်းပမည့် အခြေအနေမျိုး အထိ ရောက်လာခဲ့မည်ဆိုပါက လက်ရှိ COVID-19 ရောဂါဖြစ်ပွားနေသည့် အခြေအနေမျိုးတွင် မည်သို့ ပြော၍ရမည်ကို သိလိုကြောင်း မေးမြန်းသည်။ ။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက အရေးပေါ်ကာလဆိုင်ရာ ပြဌာန်း ချက်များနှင့်အညီ အားလုံးဆောင်ရွက်ပြီးပြီဆိုသည့် အနေအထား၌ ခြောက်လအတွင်း ရွေးကောက်ပွဲ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယခုအနေအထားတွင် အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များနှင့် အညီဆောင်ရွက်နေဆဲကာလဖြစ်ကြောင်း၊ ထိုအပေါ်တွင် မူတည်ပြီး အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ နှင့်အညီ ရွေးကောက်ပွဲ ကျင်းပရန်ရှိသည့်အချိန်တွင် ရွေးကောက်ပွဲကို သတ်မှတ်ချက် များနှင့်အညီ စနစ်တကျဖြင့် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ covID-19 ရောဂါနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် ၂၀၂၀) ပြည့်နှစ် ရွေးကောက်ပွဲတွင်လည်း အတိုင်းအတာ တစ်ခုအထိ အတွေ့အကြုံ ရရှိခဲ့သည့် အတွက် လိုအပ်သလို စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားသည်။
NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက ၆ကြိမ်မြောက်သတင်းစာ ရှင်းလင်းပွဲတွင် ပြောထား မှုများ၊ ဖြေကြားမှုများလည်းရှိကြောင်း၊ ယခုကြားထဲ တွင်လည်း မဲစာရင်းမှားယွင်းမှုများကို အပြီးသတ် ထုတ်ပြန်ထားမှုလည်းရှိကြောင်း၊ အရေးယူမှုနှင့် ပတ်သက်၍ ရည်ရွယ်ချက်ရှိရှိ အရေးယူမည်ဟု ပြောကြားခဲ့မှုလည်းရှိကြောင်း၊ ယခုအရေးယူပြီးခဲ့ မှုရှိပါက မည်မျှရှိမည်လဲ၊သို့မဟုတ်မယူရသေးဘူးဆို ပါက အရေးယူရန် မည်မျှရှိနေပြီကိုသိလိုကြောင်း မေးမြန်းသည်။ ။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ ဆိုင်ရာ အခန်း(၁၃)၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှု များအရ အရေးယူဆောင်ရွက်မှုများရှိခဲ့ကြောင်း၊ ထိုကိစ္စကိုလည်းပြီးခဲ့သည့် ဆောင်းစာရှင်းလင်းပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာနက ရရှိခဲ့သည့် စာရင်းများကို အခြေခံပြီးရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း၊ ဤသည်မှာ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် ပတ်သက်ပြီး အရေးယူခြင်းဖြစ်ကြောင်း၊ ၎င်းတို့မှာ မဲနှစ်ခါပေးခြင်း၊ အယောင်ဆောင်ပေးခြင်းတို့က ၅၀၀ ခန့်ရှိကြောင်း၊ တော်တော်များများလည်း ပြီးစီးပြီးပြတ်ပြီးဖြစ် ကြောင်း၊ အလားတူ ပြီးခဲ့သည့် မေးမြန်းမှုမှာ ကော်မရှင်နှင့် ကော်မရှင်မှတာဝန်ရှိသူများ၏အပိုင်း ကို မေးသည်ဟုယူဆကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်၍ စိစစ်ဆောင်ရွက်ဆဲဖြစ်ပြီး လိုအပ်သည်များကို စိစစ်ပြီး ဥပဒေအရအရေးယူရန် ဆောင်ရွက်နေမှုများ လည်းရှိကြောင်း၊ ပြီးစီးသွားသည့်အချိန်တွင် တိတိ ကျကျစိစစ်၍ သေချာ မှန်ကန်သွားပြီ၊ အရေးယူသည့် အပိုင်းကို ရောက်သည့်အချိန်တွင် အဆိုပါစာရင်း ဇယားများကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားသည်။
NHP သတင်းဌာနမှ အယ်ဒီတာချုပ်ဦးဝင်းဦးက ရွေးကောက်ပွဲကို ကျင်းပသည့်အချိန်တွင် မဲဆန္ဒရှင် ဦးရေ၊ ဆန္ဒမဲပေးခွင့်ရှိသူဦးရေ၏ မည်မျှရာခိုင်နှုန်း မဲလာထည့်မှ ရွေးကောက်ပွဲအထမြောက်ခြင်းမျိုး သတ်မှတ်သားမှုရှိပါသလား၊ ရှိပါက ပြန်ရှင်းပြပေးစေ လိုကြောင်း မေးမြန်းသည်။ ။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ရွေးကောက်ပွဲနှင့်ပတ်သက်၍ မိမိတို့ကျင့်သုံးသည့် ရွေးကောက်ပွဲ မဲပေးသည့်စနစ် မှာ မဲမပေးမနေရစနစ်မဟုတ်ကြောင်း၊ ကိုယ့်ဆန္ဒ အလျောက် မဲပေးပိုင်ခွင့်ရှိကြောင်း၊ ထိုသို့ ပေးသည့် အခါတွင် ဘယ်နှယောက်ပေးမှ၊ ဘယ်နှယောက် မပေးမှတို့မရှိကြောင်း၊ မဲပေးသည့် မဲဆန္ဒရှင်စာရင်း၊ မဲပေးသည့်ရလဒ်အပေါ်မူတည်ပြီး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ တစ်ခုသတိချပ်ရမည်မှာ မဲသည် မိမိ ဆန္ဒအလျောက်ပေး၍ရကြောင်း၊ မပေးဘဲနေနိုင် သည်မှာမှ သော်လည်း တစ်စုံတစ်ဦးတစ်ယောက် ကို မဲမပေးရအောင် မည်ဆိုပါကရွေးကောက်ပွဲ ဆိုင်ရာ ပြစ်မှုများနှင့် တိုက်ရိုက်ငြိစွန်းပြီး အရေးယူ ရမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
NHP သတင်းဌာနမှ အယ်ဒီတာချုပ်ဦးဝင်းဦးက ရွေးကောက်ပွဲကို PR စနစ် ကျင့်သုံးမည့်ကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံရေးပါတီများနှင့် အလုပ်ရုံဆွေးနွေး ပွဲပြုလုပ်ရန် ပြောထားမှုများရှိကြောင်း၊ ဘယ်နှစ်ကြိမ် လုပ်ခဲ့ပြီးပြီလဲ၊ PR စနစ်အပေါ် အရင်က ထုတ်ပြန်ထားမှုကို ပါတီအများစုက လက်ခံသည်ဟုကြောင်း၊ အကယ်၍ အလုပ်ရုံဆွေးနွေးပွဲလုပ်ခဲ့ပြီး ပြီဆိုပါက ထိုဆွေးနွေးပွဲတွင် ၎င်းတို့ဘက်က သဘောမတူသည့် အနေအထားမျိုးများ ကြုံတွေ့မှု မျိုးရှိခဲ့လားဆိုသည်ကိုသိလိုကြောင်း မေးမြန်းသည်။
သင့်လျော်သည့် PR စနစ်ကျင့်သုံးရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက PR စနစ် ကျင့်သုံးရေးနှင့် ပတ်သက် ပြီး ဖေဖော်ဝါရီလက ပါတီများနှင့် တစ်ကြိမ်တွေ့ဆုံ သည့် အချိန်တွင်ဆွေးနွေးခဲ့ကြောင်း၊ မေလတွင် လည်း ပါတီများနှင့် တွေ့ဆုံခဲ့ကြောင်း၊ ဆွေးနွေးချက် များအရ ပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲများတွင် ကြားခဲ့ကြောင်း၊ အများစုကလက်ခံကြောင်း၊ မူအားဖြင့်လက်ခံ၍ မည်သည့်စနစ်၊ မည်သည့်ပုံစံဖြင့် သွားမည်ဆိုသည့် အသေးစိတ်အပိုင်းကို ဆက်လက် ဆောင်ရွက်ရန်ညှိနှိုင်းခဲ့မှုရှိကြောင်း၊ နှစ်ကြိမ်တွေ့ဆုံ ပြီးဖြစ်ကြောင်း၊ နောက်တစ်ကြိမ် ထပ်တွေ့သည့် အချိန်တွင် PR စနစ်ကျင့်သုံးရေးနှင့်ပတ်သက်၍ အသေးစိတ်ထပ်မံဆွေးနွေးရန် ရှိကြောင်းနှင့် စာတမ်း ၁၈ ခုခန့်ရရှိထားကြောင်း၊ ထိုအပေါ်တွင်မူတည်၍ အားလုံးအတွက် ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် သင့်လျော်သည့် PR စနစ်ကျင့်သုံးရေးကို ဆွေးနွေး ဆုံးဖြတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက နိုင်ငံရေးပါတီများ အားကောင်းရန်အတွက် ဆရာ တို့က လိုအပ်သည့်နေရာက ကူညီပေါင်းစပ်ပေးသွား မည်ကို ဖြေကြားထားမှုများရှိကြောင်း၊ ယခုအချိန် အထိ UEC ဘက်က ကူညီမှုအပိုင်းတွင် မည်မျှ လုပ်ခဲ့ပြီးပြီလဲ၊ ထိုအပေါ်တွင် နိုင်ငံရေးပါတီဘက်က အားရမှုမရှိသေးသည့် အခြေအနေမျိုးရှိကြောင်း၊ ၎င်းတို့တွင် အရမ်းလိုအပ်နေသည့် အခက်အခဲများရှိ
ကြောင်း၊ ထိုအက်ဆရာကထပ်မံ၍ဖြေကြားပေး စေလိုကြောင်း၊ မည်သို့ပံ့ပိုးသွားမည်ကို သိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက လက်ရှိ တည်ဆဲနိုင်ငံရေးပါတီ ၉၃ ပါတီရှိကြောင်း၊ ထိုပါတီများသည် မိမိယုံကြည်သည့် နိုင်ငံရေးလမ်းစဉ်ပေါ်၌မူတည်ပြီး (၂၀၀၈ ခုနှစ်) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်စွာ စည်းရုံးပြီး မိမိမူဝါဒလမ်းစဉ်အတိုင်း သတ်မှတ်ထားသော နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြည်သူများကိုစည်းရုံး၍ မိမိနိုင်ငံရေး ပါတီ၏ ဆောင်ရွက်စရာလုပ်ငန်းများကို ဆောင်ရွက် ပိုင်ခွင့်ရှိကြောင်း၊ ဤသည်မှာ ဥပဒေ၊ နည်းဥပဒေအရ ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် ဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ဆက်သွယ်ဆောင်ရွက်သည့်အချိန်တွင် အဆင်ပြေအောင် မိမိတို့ကရုံးလုပ်ငန်းသဘောတရား အရ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တွေ့ဆုံ ဆွေးနွေးသည့်အချိန်တွင်လည်း နိုင်ငံရေးပါတီများ သည် မိမိပါတီများ၏ အခက်အခဲများဖြစ်ဖြစ်၊ အစည်းအဝေး Agenda အရသော်လည်းကောင်း၊ ဆွေးနွေး ပိုင်ခွင့်များလည်း ရှိကြောင်း၊ ဆွေးနွေးသည့် အချက်များပေါ်မူတည်ပြီး ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ဆောင်ရွက်ပေးနိုင်သည့် အချက်အလက်များကို အတတ်နိုင်ဆုံး အဆင်ပြေအောင် ဆောင်ရွက်ပေးရန် ကော်မရှင်အနေဖြင့် ဆန္ဒရှိပါကြောင်း၊ ဆောင်ရွက်လျက်ရှိသည်ကိုကြားခဲ့ခြင်း ဖြစ်ကြောင်း ပြန်လည်ပြောကြားသည်။ ။
NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက မည်သို့လိုအပ်ချက်များ၊ အခက်အခဲများကို စာတင် ခြင်းမျိုးဖြစ်စေ၊ ပါတီများ၊ တာဝန်ရှိပုဂ္ဂိုလ်များက UEC ကို လာရောက်၍ လူချင်းတွေ့တင်ပြခြင်းဖြစ်စေ၊ ထိုကဲ့သို့လုပ်ဆောင်မှ ကူညီမှုက အမြန်ဆုံးရမည် ဆိုသည့်သဘောမျိုးလားဟု မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ထိုသဘောမျိုး မှန်ပါကြောင်း၊ ပါတီများတွင်လည်း ပါတီများ၏ လိုအပ်ချက်များ၊ အခက်အခဲများ ရှိနိုင်ကြောင်း၊ အလားတူ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၌လည်း ဆောင်ရွက်နိုင်သည့် Capacity နှင့် ဆောင်ရွက်နိုင်မည့် ဥပဒေနှင့် အညီ လုပ်နိုင်သည့် လုပ်ငန်းစဉ်များရှိကြောင်း၊ ထိုအပေါ်တွင်မူတည်ပြီး ကော်မရှင်အနေဖြင့် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားမည့် အနေအထားကို ဖြေကြားခြင်းဖြစ်ကြောင်း ပြန်လည် ကြားသည်။
နေပြည်တော်တိုင်းမ်သတင်းဌာနမှ အယ်ဒီတာ ဦးမင်းမောင်ကရွေးကောက်ပွဲကိုနောက်ခြောက်လဆို လျှင် ကျင်းပပေးမည်ကို မိမိတို့ကြားသိရကြောင်း၊ အကယ်၍ နောက်ခြောက်လနေပါက နိုင်ငံရေးနှင့် covD-19 ရောဂါ မတည်ငြိမ်မှုများဖြစ်ပွားသည့် အပေါ်၌မကျင်းပနိုင်ခဲ့ပါက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် မည်သည့်အရာများ လုပ်ဆောင် ပေးနိုင်မည်ကို ကြားပေး၍ရမည်ဆိုပါက ဖြေကြားပေးစေလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက နောက်ခြောက်လတွင် ဆောင်ရွက် ပေးမည်ဟု ကြားခဲ့ခြင်းမဟုတ်ကြောင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်အရ တစ်နှစ်ရှိကြောင်း၊ အလားတူ ဆောင်ရွက်စရာလုပ်ငန်းများ ဆောင်ရွက်ရန်ကျန်ရှိနေပါက သာမန်အားဖြင့် ခြောက်လ နှစ်ကြိမ် သက်တမ်းတိုးနိုင်မှုများလည်း ဥပဒေအရရှိကြောင်း၊ ကာလုံမှ ထိုကိစ္စများအားလုံး ဆောင်ရွက်ပြီးပါက ရွေးကောက်ပွဲကျင်းပပေးပါဟု မိမိတို့ကော်မရှင်ကို အကြောင်းကြားသည့်အချိန်တွင် ဆောင်ရွက်ပြီးသည့် အနေအထား ပြီးစီးကာမှ မိမိတို့ က ခြောက်လအတွင်း ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ဤအချိန် Time Limit များက သာမန် အားဖြင့် လွတ်ခွာလာဆောင်က်ပေးရန် အစီအစဉ် မရှိသေးကြောင်း၊ သို့သော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅) ရပ်ပါအချက်(၁)နှင့် အချက်(၅)အတိုင်း ဆောင်ရွက်နိုင်ရေးကို အဆင်သင့် ဖြစ်အောင် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ပြန်လည်ဖြေကြားသည်။
နေပြည်တော်တိုင်းမ်သတင်းဌာနမှ အယ်ဒီတာ ဦးမင်းမောင်က NLD ပါတီက မဲလိမ်၊ မဲခိုးမှုပြဿနာ ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့က စိစစ်တွေ့ရှိချက်များအပေါ်တွင် ဥပဒေ by Law အတိုင်း အရေးယူဆောင်ရွက်မည်ကို သိထားကြောင်း၊ အရေးယူဆောင်ရွက်ရာတွင်ပါတီဖျက်သိမ်း သည့်အထိ အရေးယူဆောင်ရွက်ရန် ရှိပါသလား၊ ပြစ်မှုကျူးလွန်သည့် လူကိုသာလျှင် Decision အမိန့်ချ၍ အပြစ်ပေးအရေးယူမည်လား၊ ထိုနှစ်ခုကို ကွဲကွဲပြားပြားသိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ထိုကိစ္စနှင့်ပတ်သက်ပြီး ကြိုတင်၍ ဆွေးနွေးဆုံးဖြတ်ထားခြင်း မရှိသေးကြောင်း၊ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားလုံး အစည်းအဝေး၌ ထိုကိစ္စအားလုံးကို ဆွေးနွေးဆုံးဖြတ် ပြီးမှသာ ကြားနိုင်မည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။
97 Media မှ သတင်းထောက်ချုပ် နန္ဒလင်းကျော်(ထားဝယ်)က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) အနေဖြင့် အချိုးကျကိုယ်စားပြုစနစ် (PR) အတွက် ပြင်ဆင်ဆောင်ရွက်နေသည့်အချိန် တွင် နိုင်ငံရေးပါတီများက စာတမ်းများပြုစု၍ တင်ပြ သောအခြေအနေကို သိရှိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက နိုင်ငံရေးပါတီ ၁၈ ပါတီခန့်ဆီက စာတမ်းများရထားပြီးဖြစ်ကြောင်း၊ ထိုစာတမ်းများ အပေါ်မှ လိုအပ်လျှင် Forum တစ်ခုလုပ်၍ ဆွေးနွေး ပြီးမှ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း ပြန်လည်ဖြေကြားသည်။
လူထုရင်ဖွင့်သံသတင်းမီဒီယာမှ အယ်ဒီတာ ဦးမင်းဂေါင်က NLD ပါတီ၏ မဲစာရင်းမှားယွင်းမှုများနှင့် ပတ်သက်ပြီး လူထုဆန္ဒပြမှုများ၊ တောင်းဆိုမှုများ၊ ပါတီများကလည်း သတင်းစာရှင်းလင်းပွဲများဖြင့် အကြိမ်ကြိမ်ရှင်းလင်းတင်ပြခဲ့ပြီး UEC ကိုယ်တိုင် ကလည်း ရှင်းလင်းတင်ပြပြီးဖြစ်ကြောင်း၊ ထိုအတွက် ဥပဒေကြောင်းအရ နိုင်ငံအတွင်း၌ တရားမျှတမှုနှင့် အမှန်တရားကိုလိုလားသည့် ပြည်သူအားလုံးက မျှော်လင့်တောင့်တပြီးဖြစ်ကြောင်း၊ UEC က အားလုံး စစ်ဆေးပြီးပြီကို ယနေ့ သိရကြောင်း၊ စစ်ဆေးပြီး သည့်အချိန်တွင် မကြာမီအချိန်အတွင်း မည်သည့် အချိန်ကာလတွင် Result ကို ဆုံးဖြတ်မည်လဲ၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကလည်း ဥပဒေ အတိုင်းသာဆောင်ရွက်ရန် ညွှန်ကြားသည်ကို သိရ ကြောင်း၊ ဥပဒေအတိုင်းဆိုပါက အဖြေမှာ မိမိတို့ အမျိုးသားရေးသမားများအပါအဝင် တရားမျှတမှု လိုလားသူများ၏ ဆန္ဒကရှင်းလင်းကြောင်း၊ အားလုံးက တရားမျှတမှုဥပဒေအတိုင်းသာ လိုချင်ကြ ကြောင်း၊ မိမိတို့သိလိုသည်မှာ မည်မျှလောက် မြန်မြန်ဆန်ဆန်၊ အားလုံးလည်း ပြီးသွားပြီဖြစ်၍ ထို Result ကို တစ်နိုင်ငံလုံးက ပြည်သူများက မျှော်လင့်နေကြကြောင်း၊ အခြေအနေအားလုံးက လည်း စစ်ဆေးပြီးပြီဖြစ်သည့်အတွက် မည်သည့် ကာလတွင် အစည်းအဝေးထိုင်ပြီး ဆုံးဖြတ်မည်ကို အကြမ်းဖျင်းသိလိုကြောင်း၊ နောက်တစ်ချက်မှာ ထိုကိစ္စနှင့်ပတ်သက်ပြီး ဆုံးဖြတ်ပါက နိုင်ငံရေးပါတီ များကို ဖိတ်ကြားတိုင်ပင်မှုများ၊ သိသာမြင်သာအောင် ဆောင်ရွက်ရန် ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ထိုကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် အမှတ်စဉ်(၁)အတိုင်း ဆောင်ရွက်သည့်နေရာတွင် ရလဒ်များထုတ်ပြန်သည့် အနေအထားမှာ အားလုံး အတွက် ထုတ်ပြန်ပြီးစီးသည့် အနေအထားမျိုးအထိ
ရောက်ပြီးဖြစ်ကြောင်း၊ သို့သော်လည်း နောက်ထပ် အသေးစိတ်ဆောင်ရွက်နေမှုများလည်းရှိကြောင်း၊ အားလုံးပြီးစီးသွားပြီဆိုပါက ဆရာမေးသည့်မေးခွန်း အတိုင်း ဤကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးဆုံးဖြတ် နိုင်မည်ဟု ပြန်လည်ဖြေကြားသည်။
လူထုရင်ဖွင့်သံသတင်းမီဒီယာမှ အယ်ဒီတာ ဦးမင်းဂေါင်က နိုင်ငံရေးပါတီ ၉၀ ကျော်ကို နိုင်ငံခြား ငွေစီးဆင်းမှုများနှင့်ပတ်သက်မှုအပါအဝင် အခြား စိစစ်ခိုင်းသည့် သဘောတရားကို ပြည်ထဲရေးသို့ တင်ထားသည်ကို အကြမ်းဖျင်းသိထားကြောင်း၊ ထိုအနေအထားတွင် မည်မျှစစ်ဆေးပြီးထားပြီလဲ၊ ဘယ်တော့လောက် ထုတ်ပြန်ကြေညာမည်ကို အကြမ်းဖျင်းသိလိုကြောင်း မေးမြန်းသည်။
အချိန်ကာလတစ်ခုပေးထား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ထိုကိစ္စများအတွက် နိုင်ငံရေးပါတီ အားလုံး ၉၃ ပါတီအတွက် ဆောင်ရွက်နေကြောင်း၊ မကြာခင် အားလုံးပြီးစီးမည်ဖြစ်ကြောင်း၊ မိမိတို့ အချိန်ကာလတစ်ခု ပေးထားမှုလည်းရှိကြောင်း၊ ပြီးစီး ရန်လည်းနီးပြီဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
လူထုရင်ဖွင့်သံသတင်းမီဒီယာမှ အယ်ဒီတာ ဦးမင်းဂေါင်က ပြီးစီး၍ Result ကို တွေ့လာပါက ဥပဒေအရ အမှန်တကယ် တိတိကျကျအရေးယူမည်လားဆိုသည်ကို သိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက စိစစ်ချက်၊ တွေ့ရှိချက်အားလုံးကို ခြုံငုံသုံးသပ်ပြီးမှ ဥပဒေနှင့်အညီဆုံးဖြတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
VOM သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက မြေပြင်တွင် ဖြစ်ပျက်နေသည့် လူသတ်မှုများ အလွန်များနေကြောင်း၊ သာမန် လူများပါ ကြောက်စိတ်ဝင်နေသည့်အတွက် ယင်း ဖြစ်စဉ်တွင် အုပ်ချုပ်သူများအနေဖြင့် တာဝန်ရှိနေကြောင်းကို ဝေဖန်သံများကြားနေသည့်အတွက် ဖြစ်လျှင် မည်သူမျှမကူညီနိုင်သည့် အနေအထားကြောင့် ယင်းနှင့်ပတ်သက်ပြီး မည်သို့ထိန်းသိမ်း ရန်စီစဉ်ထားသည်ကိုသိလိုပါကြောင်း မေးမြန်းသည်။
အချိန်မီသတင်းများ ပို့ကြရန်ပြောကြား ဗိုလ်ချုပ် ဇော်မင်းထွန်းက မြေပြင်တွင် COVID-19 ရောဂါနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် အစိုးရအဖွဲ့ ဝင်များလည်း သိရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဇူလိုင် လ ၉ ရက်နေ့ ဆွေးနွေးပွဲတွင်လည်း အောက်ခြေက သတင်းမှန်များရရှိအောင် အချိန်မီသတင်းများပို့ကြရန် ပြောကြားခဲ့ကြောင်း၊ ယခုဖြစ်ပျက်နေသည့် အခြေအနေကို မိမိတို့ဝန်ခံကြောင်း၊ ဆေးရုံ၊ ဆေးခန်း များ၌လည်း ပြည့်နေတာရှိကြောင်း၊ Q စင်တာ များတွင်လည်း ပြည့်နေတာရှိကြောင်း၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ရောဂါအခြေအနေများအရ လက်ခံဆောင်ရွက်ပေးနေပြီး တပ်မတော် အနေဖြင့်လည်း ကူညီအားဖြည့်ပြင်ဆင်ဆောင်ရွက် လျက်ရှိကြောင်း၊ တပ်မတော်ဆေးရုံများ၌ COVID-19 ရောဂါအခြေအနေအရ ထားရှိနိုင်ဖို့အတွက် စုစုပေါင်း ၁၄ နေရာပြင်ဆင်ထားကြောင်း၊ နေပြည်တော်တိုင်း၌ ကျန်းမာရေးနှင့် ရောဂါနှိမ်နှင်းရေးတပ်၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်၌ အောင်ပန်းတွင်ရှိသည့် စစ်ဆေးရုံ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ မင်္ဂလာဒုံတွင်ရှိသည့် စစ်ဆေးရုံနှစ်ရုံ၊ ယခင်ကတည်းကရှိခဲ့သည့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၊ မှော်ဘီတွင်ရှိသည့် တပ်မတော်ဆေးအကူကျောင်း၊ မှော်ဘီရှိ စစ်မြေပြင်ဆေးတပ်ရင်း၊ အင်းတိုင်ရှိ တပ်မတော်ဆေးရုံ၊ ရဲမွန်ရှိ တိုက်ပွဲဝင်စည်းရုံးရေး သင်တန်းကျောင်း၊ အင်းစိန်ရှိ သီရိမင်္ဂလာသာသနာ့ ဗိမာန်၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်ရှိ စစ်မြေပြင်ဆေးတပ်ရင်း(စစ်တွေ)နှင့် စစ်ဆေးရုံတစ်ခု ပြင်ဆင်နေကြောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ တပ်မတော်ဆေးရုံကြီး(၁/၅၀၀) ခုတင် ၅၀၀ ဆံ့ ဆေးရုံကြီးနှင့် ပင်မစစ်လက်နက်ပစ္စည်းတပ် (မန္တလေး)တို့တွင် ထားရှိရန်နေရာ ၁၄ နေရာစီစဉ် ထားကြောင်း၊ ထားရှိရန်အတွက် ဝင်ဆံ့အင်အားက အရေးကြီးလူနာ ၂၃ ယောက်၊ မစိုးရိမ်ရလူနာ ၃၆၃၅ ဦး ပေါင်း ၃၆၅၈ ဦးဖြစ်ကြောင်း၊ မေ့ဆေးပါရဂူတစ်ဦး၊ ဆေးကုသမှုပါရဂူတစ်ဦး၊ ဓာတ်ခွဲပါရဂူတစ်ဦး၊ ဆေးမှူး သုံးဦး၊ အထက်တန်းသူနာပြုအရာရှိ ခြောက်ဦး၊ အကူ သူနာပြု သုံးဦးအပါအဝင် ဆေးတစ်ဖွဲ့ ကို ၂၁ ဦးနှင့် အဖွဲ့သုံးဖွဲ့ ဖွဲ့ကာ ဆေးရုံ၊ ဆေးတပ်များ၌ COVID-19 ရောဂါ လူနာထားရှိမှုများကို ဆောင်ရွက်ထားကြောင်း၊ ယခုလက်ရှိ တပ်ရင်း/တပ်ဖွဲ့များ၌ ထားရှိ နိုင်ရန်ပြင်ဆင်မှုအနေဖြင့် ထားရှိရန်နေရာ ၉၃၁ နေရာ ပြင်ဆင်ထားကြောင်း၊ ဝင်ဆံ့အင်အား ၂၂၆၉၉ ဦးဖြစ်ပြီး လက်ရှိကုသပေးနေသည်မှာ ၂၈၆၀ ကုသ ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က တပ်ရင်းတပ်ဖွဲ့အလိုက် ပြင်ဆင်ခိုင်း ထားကြောင်း၊ တပ်ရင်း/တပ်ဖွဲ့များက မြန်မာနိုင်ငံအနှံ့နီးပါး မြို့တိုင်း၊ ဒေသတိုင်းတွင်ရှိကြောင်း၊ ၎င်း တပ်ရင်း/ တပ်ဖွဲ့များမှာ ခွဲခြားစောင့်ကြည့်လူနာများထားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး မပြီးစီးသေးကြောင်း၊ မကြာမီရက်ပိုင်းအတွင်း ပြီးစီးမည်ဖြစ်ကြောင်း၊ သူ့နေရာနှင့်သူ ထားရှိနိုင်မည် ဆိုလျှင် ထားရှိနိုင်မှု ကိုလည်း ထိန်းချုပ်ရာရောက်ကြောင်း၊ ထို့အပြင် ဒေသအလိုက် အထောက်အကူ ပြုရာရောက်မည် ဖြစ်သည့်အတွက် အားလုံးကိုပြင်ဆင်ထားကြောင်း၊ ယခုလတ်တလော မပြီးစီးသေးသည့် အခြေအနေ ရှိသည့်အတွက် အမြန်ဆုံးဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနကလည်း ပြင်ဆင်ဆောင်ရွက်ထားမှုများရှိပါကြောင်း၊ လူနာများအတွက် ပြင်ဆင်ဆောင်ရွက် ထားရှိမှုနှင့်ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေဖြင့် ဖြည့်စွက်ပြောကြားပေးစေလို ကြောင်း ပြန်လည်ဖြေကြားသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ရန်ကုန် တိုင်းဒေသကြီးတွင် ၂၀၂၁ ခုနှစ် ဇူလိုင် ၄ ရက်အထိပြင်ဆင်ထားသည့် ကုသရေးစင်တာပေါင်း ခြောက်ခုရှိကြောင်း၊ ကုသရေးဌာန (မင်းဓမ္မ) တွင် ခုတင်၂၅၀ ပြင်ဆင်ထားပြီး နည်းနည်းသက်သောင့် သက်သာလူနာများထားရန်ဖြစ်ကြောင်း၊ ကုသရေး ဌာန(မရမ်းကုန်း)တွင် ခုတင် ၅၀၀ ပြင်ဆင်ထားပြီး အလယ်အလတ်အတန်းစားများကို ထည့်သွင်း ပြင်ဆင်ထားကြောင်း၊ ကုသရေးဌာန (သုဝဏ္ဏ)တွင် ၃၀၀ ၊ကုသရေးဌာန(လှိုင်)တွင် ၅၄၀၊ ကုသရေးဌာန (ဒဂုံဆိပ်ကမ်း)တွင် ၁၉၂၀၊ကုသရေးဌဌာန(ဖောင်ကြီး) တွင် ၄၀၀ အားလုံးပေါင်း ၃၉၁၀ ပြင်ဆင်ထားရှိပြီး အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်လျက်ရှိကြောင်း၊ အလားတူ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အထွေထွေ ရောဂါကုဆေးရုံသစ်ကြီး၊ ခုတင် ၅၀၀ အထူးကု ဆေးရုံကြီး၊ အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီး၊ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံ၊ မြောက်ဥက္ကလာ ပြည်သူ့ဆေးရုံ၊ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)၊ ရန်ကုန်ကလေးဆေးရုံကြီး၊ ရန်ကင်းကလေးဆေးရုံ ကြီးနှင့် အရိုးအထူးကုဆေးရုံကြီးများမှာလည်း coVID-19 ရောဂါ လူနာများထားရှိနိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း၊ ယင်းမှာ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဆောင်ရွက်ထားရှိမှုအခြေအနေ ဖြစ်ပါကြောင်း၊ အဓိကအားဖြင့် မိမိတွင် coVID-19 ရောဂါ သံသယလက္ခဏာများခံစားရပြီဆိုလျှင် ဒေသန္တရကျေးလက် ကျန်းမာရေးဌာနခွဲများကို တည်ဆောက်ပြီးမှ မြို့နယ်ကျန်းမာရေးစနစ်၊ ထိုမှ ပြည်နယ်/ တိုင်းဒေသကြီး ကျန်းမာရေးစနစ်၊ ဗဟိုဆိုပြီး ကျန်းမာရေးစနစ်ကို တည်ဆောက် ထားတာဖြစ်ကြောင်း၊ Catchment Area ဟုခေါ်ကြောင်း၊ သူ့ဒေသအလိုက် သတင်းပေးပို့ရမည့် လက္ခဏာရှိသူများ၊ ရောဂါဝေဒနာခံစားနေရသည့် လူနာများ၊ အဓိကအားဖြင့် CoVID-19 ရောဂါနှင့် ပတ်သက်၍ သက်ဆိုင်ရာဒေသန္တရကို ဆက်သွယ် မည်ဆိုလျှင် ဒေသန္တရက လိုအပ်သည်များကို စစ်ဆေးပေးကြောင်း၊ ရောဂါ၏အခြေအနေအပေါ် လူနာ၏အခြေအနေအပေါ်မူတည်ပြီး မည်သည့် ဆေးရုံတွင် လူနာဘယ်နှယောက်ရကြောင်း၊ မည်သည့်ဆေးရုံတွင် လူ၁ဘယ်နှယောက်ဆင်းကြောင်း၊ ၎င်းတို့အပေါ်မူတည်ပြီး လူနာများကို ပို့ဆောင်ပေးသည့်အပိုင်း၊ ဒီဆေးရုံကိုရည်ညွှန်းပြီး ခုတင်နေရာရှိသည့်၊ ထားပေးသည့်အပိုင်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက် ရှိကြောင်း ဖြည့်စွက်ဖြေကြားသည်။
ဆက်လက်၍ VOM သတင်းဌာနမှ သတင်း ထောက်ဦးမောင်မောင်ထွန်းက ဒေါက်တာခင်ခင်ကြီး ကလည်း Facebook တွင် ရေးထားကြောင်း၊ ဒေသန္တရကိုသွားပါ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဆက်သွယ်ပါဟု ရေးထားသောကြောင့် ဒေသန္တရကို သွားသော်လည်း ငြင်းလွှတ်ကြောင်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးကိုဆက်သွယ်သည့်အခါ ၎င်းတို့က လုံခြုံရေးအခြေအနေအရ ဘယ်လိုမှ ဆက်သွယ် ၍မရကြောင်း၊ ဖြစ်လာပါက ဘယ်ကိုအမြန်ဆုံး ဆက်သွယ်ရမည်ကို သိလိုကြောင်း၊ ဖြစ်နေသည်က လည်း အတော်ဖြစ်နေသည့်အတွက် အောက်ဆီဂျင် များပြတ်နေကြောင်း၊ အောက်ဆီဂျင်ရှာ၍ မရကြောင်း၊ ထိုကိစ္စကို တစ်ခါတည်းသိလိုပါကြောင်း မေးမြန်းသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ၎င်း မေးခွန်းကို မေးမြန်းသည့်အတွက် ကျေးဇူးတင်ကြောင်း၊ အဓိက ယခုရင်ဆိုင်နေရသည်မှာ မျိုးရိုးဗီဇပြောင်းသည့် ဗိုင်းရပ်စ်ဖြစ်သည့်အတွက် ကူးစက်မှုနှုန်းကလည်း အလွန်မြန်ကြောင်း၊ ခဏ လေးအတွင်း မိသားစုလိုက်ကူးစက်မှုများရှိကြောင်း၊ လူနာဦးရေများပြားလာသည့်အတွက် Service ကို လိုချင်သည့်ဦးရေများလာကြောင်း၊ ထိုအခါ service ကပေးရမည့်ပမာဏနှင့် ဒေသန္တရ System၊ မြို့နယ် ကျန်းမာရေးစနစ်၊ တိုင်းကျန်းမာရေးစနစ်၊ တစ်ဖက် က ကုသရေးဆေးရုံများကို လွှဲပြောင်းသည့်စနစ်၊ ဤသည်မှာ တစ်ဖက်ကလူနာ တအားများလာသည့် အခါ system အပေါ်ပိလာကြောင်း၊ ထိုသို့ပိလာခြင်းကြောင့် ကျန်းမာရေးဝန်ထမ်းများသည် တချို့နေရာ တွင် သူနာပြု ၅၀ ရာခိုင်နှုန်း၊ တချို့နေရာတွင် သူနာပြု ၆၀ ရာခိုင်နှုန်းခန့်ဖြင့် လည်ပတ်နေကြောင်း၊ တစ်ဖက်ကလည်း HR နှင့်ပတ်သက်ပြီး Challenge ရှိသည့်အချိန်၊ တစ်ဖက်ကလည်း Demand များနေ သည့်အတွက် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အမှန်တကယ် မိမိတို့တွင် Source များ များစွာရှိကြောင်း၊ အဓိကက မြို့နယ်ကျန်းမာရေး စနစ်များနှင့် မြို့နယ်ရပ်မိရပ်ဖ လူမှုကူညီရေး အသိုင်းအဝိုင်း အသင်းများ ပူးပေါင်းပြီး ဆောင်ရွက်ရန်လိုပါကြောင်း၊ ပူးပေါင်းဆောင်ရွက်ပါက မြို့နယ် ကျန်းမာရေးစနစ်တွင် တာဝန်ယူမှု၊ တာဝန်ခံမှုကို ရည်ညွှန်းပေးနိုင်သည့် မြို့နယ်ကျန်းမာရေးဦးစီးဌာန မျိုးရှိပါကြောင်း၊ ထို့အတူ တစ်ဖက်တွင်လည်း လူမှုရေးအသင်းအဖွဲ့နှင့်အတူ စေတနာ့ဝန်ထမ်း များပါသည့် အဖွဲ့ အစည်းများရှိကြောင်း၊ နှစ်ဖက် ညှိနှိုင်းပြီး Contact များမှ Demand ဖြစ်လာသည့် Request များကိုဖြေရှင်းပေးနိုင်ရန် လူများများလိုပြီး ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း၊ ထို့ကြောင့် မြို့နယ်အလိုက် ပူးပေါင်းဆောင်ရွက်မည့် အင်အား များရလာလျှင် မြို့နယ်ကျန်းမာရေးဌာနများလည်း အင်အားတောင့်လာမည်ဖြစ်ကြောင်း၊ System အပေါ်တွင် ခြင်းကိုလည်း လျှော့နိုင်မည်ဖြစ်ပါကြောင်း၊ အချို့ကိစ္စများတွင် Positive ဖြစ်သော်လည်း ပြင်းပြင်းထန်ထန်မဖြစ်ပါကြောင်း၊ မဖြစ်သော်လည်း အိမ်ပြန်ပို့ပါက အိမ်ကလူများကူးမည်ဖြစ်ပါကြောင်း၊ ၎င်းကို Community Positive Center အနံ့ပျောက် စင်တာကဲ့သို့သော နေရာမျိုးတွင်ထားရပါကြောင်း၊ ထို့ကြောင့် ရပ်မိရပ်ဖအကူအညီနှင့် သူ့မြို့နယ်လိုက် ထားပေးနိုင်ပါက ကူးစက်မှုကွင်းဆက်များ ပြတ်တောက်သွားမည်ဖြစ်သလို အရေးပေါ်လူနာများ အတွက် ရွှေ့ပြောင်းပေးမည့်အင်အားများ များစွာ ရမည်ဖြစ်ပါကြောင်း၊ ပူးပေါင်းမှုသည်အဓိကဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားသည်။
VOM သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက မြန်မာပြည်တစ်ပြည်လုံးတွင် ဖြစ်နေသည်က လူသတ်မှုများ အလွန်များလာပါကြောင်း၊ ဒလန်ဆိုပြီးသတ်၊ မီတာစာရေးဆိုပြီး သတ်၊ အမျိုးမျိုးသတ်နေကြပါကြောင်း၊ ထိုသို့ သတ်ဖြတ်မှုများသည် သာမန်လူများ ကြောက်စိတ်၊ စိုးရိမ်စိတ်များဝင်နေပါကြောင်း၊ ၎င်းဖြစ်စဉ်တွင် အုပ်ချုပ်သူများအပေါ်တွင် တာဝန်ရှိသည်ဟူ၍ ဝေဖန်မှုများရှိနေပါကြောင်း၊ မည်သူမျှမကယ်နိုင်သည့် အခြေအနေမျိုးဖြစ်နေပါကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး မည်သို့စီစဉ်ထားသည်ကို သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက လုံခြုံရေးနှင့် ပတ်သက်ပြီး ရပ်ကွက်အုပ်ချုပ်ရေး၊ ရာအိမ်မှူးများကို သတ်ဖြတ်ခြင်းများ၊ ဒလန်ဆိုပြီးသတ်ဖြတ်ခြင်းများ၊ ဒလန်ဆိုပြီး စွပ်စွဲပြီး ရပ်ရွာထဲတွင်နေမရအောင် လုပ်ခြင်းများရှိနေပါကြောင်း၊ ယခုထိလည်းရှိနေပါကြောင်း၊ မိမိတို့အနေဖြင့် အကာအကွယ်အပြည့်အဝ မပေးနိုင်ခြင်းမျိုးရှိသည်ကို ဝန်ခံပါကြောင်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများကို ရပ်ရွာထဲတွင် ကာကွယ် စောင့်ရှောက်မှု အချို့နေရာတွင် ပေးနိုင်သော်လည်း ခရီးထွက်သွားလျှင် မပေးနိုင်ပါကြောင်း၊ မေတ္တာရပ်ခံ လိုသည်မှာ သံသယရှိသည့် အုပ်ချုပ်ရေးမှူးများ၊ ရန်ပြုခံရသည့်သူများအနေဖြင့် ခရီးထွက်ခြင်း၊ သွားခြင်းများရှိလျှင် သက်ဆိုင်ရာ ယုံကြည်စိတ်ချရ သည့်လုံခြုံရေးတပ်ဖွဲ့ဝင်များကို အသိပေး၊ သတိပေး သွားရန် ပထမဦးဆုံးပြောလိုပါကြောင်း၊ လုံခြုံရေး အခြေအနေအရ အကူအညီ တောင်းခံခြင်းမျိုးများ လည်းရှိပါကြောင်း၊ တောင်းခံသည်ကိုလည်း အပြည့် အဝမပေးနိုင်ခြင်းမျိုး ရှိပါကြောင်း၊ သို့သော် သက်ဆိုင် ရာကို အကြောင်းကြားသွားရန်လိုကြောင်းကို ပြောလိုပါကြောင်း၊ ဆောင်ရွက်နေမှုအခြေအနေမှာ အကုန်လုံး ပြည့်ပြည့်စုံစုံမရှိသေးပါကြောင်း၊ ရပ်ကွက်၊ ကျေးရွာအလိုက် လုံခြုံရေးအထောက်အကူပြုအဖွဲ့ ဟူ၍ ဖွဲ့စည်းဆောင်ရွက်နေခြင်းများရှိပါကြောင်း၊ အချို့နေရာများတွင် အောင်မြင်နေပါကြောင်း၊ ရာခိုင်နှုန်းအားဖြင့် ၄၅ ရာခိုင်နှုန်းခန့် လွှမ်းမိုးနိုင်သည်ဟုပြောလိုပါကြောင်း၊ တစ်စတစ်စ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၎င်းတို့သည် လက်နက်ကိုင်ဆောင်သည့်အဖွဲ့ မဟုတ်ပါကြောင်း၊ သို့သော် ၎င်းတို့သည် အကြမ်းဖက်လုပ်ရပ် များနှင့်ပတ်သက်ပြီး အသိပေးမှုများ၊ ကြိုတင်သတိ ပေးမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းလုံခြုံရေးစနစ်တွင် ပြည်သူလူထုပူးပေါင်း ပါဝင်မှုများလေ အောင်မြင်မှုများလေဖြစ်မည်ဖြစ်ပါကြောင်း။ အကြမ်းဖက်လုပ်ရပ်များကို လက်မခံ ရပ်ကွက်၊ ကျေးရွာနှင့် ကျောင်းများ မီးရှို့ရန် လာသည့်သူများကို ပြည်သူလူထု၏ အကူအညီ၊ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် ဖမ်းဆီးရမိခြင်း များလည်းရှိပါကြောင်း၊ ထို့အပြင် အချို့နေရာများတွင် အကြမ်းဖက်လုပ်ရပ်များကို ပြည်သူလူထုလည်း သိလာပြီး လက်မခံကြတော့ကြောင်း၊ COVID-19 ရောဂါနှင့်ပတ်သက်ပြီး စစ်ဆေးရေးဂိတ်များရှိကြောင်း၊ ထိုစစ်ဆေးရေးဂိတ်များကို လက်ပစ်ဗုံး နှင့်ပစ်ခြင်း၊ မိုင်းနှင့်ပစ်ခြင်းမျိုးများရှိပါကြောင်း၊ ထိုသူများကို မကြာသေးမီက ဖမ်းမိပါကြောင်း၊ ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုလိုပါကြောင်း၊ လုံခြုံရေးနှင့် ကာကွယ်ရေးတွင် တပ်မတော်၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့နှင့် ကျန်သည့်လုံခြုံရေးအဖွဲ့ အစည်းအသီးသီးသည် အဓိကတာဝန်ရှိပါကြောင်း၊ တာဝန် မရှိဘူးဟုမဆိုလိုပါကြောင်း၊ မိမိတို့လုပ်ဆောင်ရာတွင် အနှောင့်အယှက်၊ အဖျက်အဆီး များလည်း ရှိပါကြောင်း၊ သို့သော် ပြည်သူလူထု၏ ပူးပေါင်းဆောင် ရွက်မှုဖြင့် အောင်မြင်လာမည်ဟု ယုံကြည်ပါကြောင်း၊ ရန်ပြုခံရခြင်း၊ အသတ်ခံရခြင်းနှင့်ပတ်သက်ပြီး ရပ်ရွာများတွင် ရပ်ရွာအလိုက် လုံခြုံရေးအထောက် အကူပြုအဖွဲ့များ အမြန်ဆုံးဖွဲ့စည်းပေး နိုင်ရန်အတွက် ဝိုင်းဝန်းကူညီပေးကြရန် ပြောလိုပါကြောင်း ပြန်လည် ဖြေကြားသည်။
VOM သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက ဆန္ဒပြပွဲများကြောင့် ဖမ်းဆီး ထိန်းသိမ်းထားရာတွင် ၃၀ ရက်နေ့က လူ ၂၀၀၀ ကျော်ခန့် လွှတ်ပေးခဲ့သည်ကိုတွေ့ရပါကြောင်း၊ ရုံးတင် စစ်ဆေးနေသည့် တရားခွင်ကအမှုများ ပါကြောင်း၊ တရားသူကြီး၏ ရုပ်သိမ်းခွင့်မပါဘဲ လွှတ်သည်၊ ဥပဒေအထက်က အမိန့်ပေးသူရှိသည် ဟု ပြောဆိုဝေဖန်နေမှုများလည်း ကြားသိရပါကြောင်း၊ လွှတ်ပေးသည့် လုပ်ငန်းစဉ်နှင့်ပတ်သက်၍ မည်သည့်အတွက်ကြောင့် လွှတ်ပေးခြင်း၊ အဘယ်ကြောင့် လွှတ်ပေးခြင်းမျိုးဆိုသည်ကို သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက အခြေခံထားသည့် အချက်သည် အချို့ နေရာများတွင် ဆန္ဒပြပွဲ၌ ပါဝင်ခြင်းမျိုးရှိခြင်း၊ ၅၀၅ နှင့် အရေးယူခံထား ရသူများရှိပါကြောင်း၊ ၎င်းတို့သည် ဆူပူဆန္ဒပြမှုတွင် ဦးဆောင်ဦးရွက်ပြုလုပ်သူမဟုတ်ခြင်း၊ ဆူပူလှုပ်ရှားမှု တွင် ထဲထဲဝင်ဝင်ပတ်သက်ခဲ့သူမဟုတ်ခြင်း၊ တစ်ဆင့်ခံလှုံ့ဆော်မှုကြောင့်သာ ၎င်းတို့ပါဝင်ရခြင်း ဖြစ်ကြောင်း အခြေခံစိစစ်ချက်များနှင့်စိစစ်ပြီး လွှတ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ လွှတ်ရန်အတွက်လည်း ပြည်ထဲရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာလုံခြုံရေး အဖွဲ့ အစည်းများ၊ တိုင်းနှင့်ပြည်နယ်တွင်ရှိသည့် စီမံအုပ်ချုပ်ရေးအဖွဲ့ များ၏ သုံးသပ်ချက်များနှင့် လွှတ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ လူအများလွှတ်သည့် နေရာတွင် အမှားအယွင်းပါကောင်း ပါနိုင်ပါကြောင်း၊ သို့သော် မှားယွင်းပါခဲ့လျှင်လည်း ရာခိုင်နှုန်းနည်း မည်ဟု ပြောလိုပါကြောင်း ပြန်လည်ဖြေကြားသည်။
ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲမှူးကြီးကျော်လင်း က စိစစ်ရာတွင် အဓိကအားဖြင့် လူသတ်မှု၊ လုယက်မှု၊ ဖောက်ခွဲဖျက်ဆီးမှု၊ လက်နက်/ခဲယမ်းများ နှင့် မိသည်များ၊ ဆူပူဆန္ဒပြမှုတွင် နောက်ကွယ်က ထဲထဲဝင်ဝင်ပံ့ပိုးဆောင်ရွက်ခဲ့သည်များကို စိစစ်ပြီး ချန်လှပ်ထားခြင်းဖြစ်ပါကြောင်း၊ အများနှင့် ရောယောင်ပါခဲ့ခြင်းမျိုး၊ ဖြစ်ပေါ်လာသည့် စိတ်ခံစား ချက်ကြောင့် အစောပိုင်းတွင် ပါခဲ့သော်လည်း နောင်တွင် ဆက်မလုပ်သူများ၊ အချို့က Social Punishment များကိုကြောက်ပြီး ပါဝင်သူများ ဖြစ်ပြီး အတတ်နိုင်ဆုံးစိစစ်ပြီး လွှတ်ပေးရန်အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဥပဒေအထက်တွင် ရှိနေသည့် ပုံစံမျိုးမဟုတ်ပါကြောင်း၊ လွှတ်ပေး သည့်အပိုင်းတွင် အပိုင်း ၂ ပိုင်းရှိပါကြောင်း၊ တစ်ပိုင်း မှာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးသည့် အပိုင်းဖြစ်ပါကြောင်း၊ စစ်ဆေးပေါ်ပေါက်ချက်အရ တရားစွဲတင် နိုင်ရန် သက်သေခံအထောက်အထားမပြည့်စုံသည့် ကိစ္စမျိုးတွင် သက်ဆိုင်ရာဥပဒေရုံးကို မိမိတို့က ပိတ်သိမ်းခွင့်တောင်းခံပြီး လွှတ်ပေးခြင်းမျိုးဖြစ်ပါကြောင်း၊ တရားစွဲပြီးသည်များကိုလည်း တရားစွဲ အဖွဲ့က ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ အရ ရုပ်သိမ်းခြင်းကို ရုပ်သိမ်းလွှာများတင်ပြီး ဆောင်ရွက် ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဥပဒေအတိုင်း ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း ဖြည့်စွက်ဖြေကြားသည်။
VOM သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းကဘဏ်တွင် မိမိငွေရှိပါလျက်နှင့် ငွေထုတ်၍မရကြောင်း၊ KBZ Pay Wave Money များမှာလည်း ငွေလွှဲလိုက်သော်လည်း သွားထုတ် သည့်အခါ ရာခိုင်နှုန်းပေးရပါကြောင်း၊ ဘဏ်ကိစ္စကြောင့် စီးပွားရေးများရပ်ဆိုင်းပါကြောင်း၊ ယခုအခါ coVID ကြောင့် စီးပွားရေးများ ရပ်ဆိုင်းခြင်းများ နှင့်ပတ်သက်၍ မည်သို့ကုစားပေးမည်ကို သိလိုပါကြောင်း မေးမြန်းသည်။ ဗိုလ်ချုပ်ဇော်မင်းထွန်းက COVID-19 ရောဂါကြောင့် စီးပွားရေး ကျပ်တည်းသည့် ကိစ္စသည် ကုန်သွယ်မှုကဏ္ဍများတွင် ယမန်နေ့ကစီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ကြေညာထားခြင်းရှိပါကြောင်း၊ ကုန်သွယ်မှုကဏ္ဍတွင် အချို့နေရာများ ရပ်တန့်လျက်ရှိခြင်းကြောင့် ပိုပြီးအခက်အခဲ တွေ့လာနိုင်ပါကြောင်း၊ မိမိတို့တစ်နိုင်ငံတည်း မဟုတ်ဘဲ ကမ္ဘာ့နိုင်ငံများ၊ အချို့ နိုင်ငံတော်တော် များများတွင် ဖြစ်နေသည့် အခြေအနေဖြစ်ပါကြောင်း၊ အခြေခံလူတန်းစားများ၏ စားဝတ်နေရေးနှင့် ပတ်သက်ပြီး လုပ်ဆောင်ပေးမည့်အစီအစဉ်များ ရှိပါကြောင်း၊ အတိအကျကို မိမိအနေဖြင့် ကြိုတင် မပြောနိုင်သေးပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် coVID-19 ရောဂါနှင့်ပတ်သက်၍ ဘဏ္ဍာငွေနှင့်ပတ်သက်ပြီး မည်သည့်ကန့်သတ်ချက်မျှမရှိပါကြောင်း၊ ထိထိရောက်ရောက် မြန်မြန် ဆန်ဆန်နှင့် မှန်မှန်ကန်ကန်အသုံးပြုနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများကို ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း၊ COVID-19 ရောဂါကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးအကျပ်အတည်းနှင့် စားဝတ်နေရေး အကျပ်အတည်းများကို အချိန်မီဖြေရှင်းသွားမည်ဟု ပြောလိုပါကြောင်း၊ ငွေရေးကြေးရေးနှင့်ပတ်သက်ပြီး ယခုကန့်သတ်ထားသည့်ပမာဏကိုလောလောဆယ် ဖြေလျှော့ပေးရန် အစီအစဉ်မရှိပါကြောင်း၊ အစီအစဉ် မရှိရခြင်းသည် နောက်ခံအကြောင်းအရင်းများရှိခြင်းကြောင့် ဖြစ်ပါကြောင်း၊ အချို့ဘဏ်များသည် ငွေရေးကြေးရေးနှင့်ပတ်သက်၍ ချေးထားခြင်းများရှိပါကြောင်း၊ ချေးထားသည်များမှ ပြန်မဆပ်သည့်ငွေများရှိကြောင်း၊ ၂၀၁၉-၂၀၂၀ ခုနှစ်ခန့်က ဖြစ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထိုကိစ္စများကို ဖြေရှင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘဏ်များနှင့် ပတ်သက်ပြီး လက်ရှိကြုံတွေ့နေရသည့် အခက်အခဲ များကို ယခုလကုန်ပိုင်းနှင့် ဩဂုတ်လတွင် ဖြေလျှော့ပေးနိုင်မည်၊ ပိုပြီးအဆင်ပြေနိုင်မည်ဟု ပြောလိုပါကြောင်း ပြန်လည်ဖြေကြားသည်။ ။
(ဆက်လက်ဖော်ပြပါမည်)