Skip to main content

ဝဿာန်မိုးရာသီ တေးသီချင်းများဖျော်ဖြေပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ပြသမည်

နေပြည်တော် ဇူလိုင် ၁၄

ဝဿာန်မိုးရာသီ တေးသီချင်းများ ဖျော်ဖြေပွဲ၏ ပွဲစဉ်(၇)ကို ဇူလိုင် (၁၆)ရက်၊ ည(၈)နာရီ သတင်းအပြီးတွင်  မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌  ထုတ်လွှင့်ပြသမည် ဖြစ်သည်။

ယင်းအစီအစဉ်ကို  စန္ဒရားဇော်မင်းဦး တေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ တေးသံရှင်များ ဖြစ်ကြ သည့် စိုးအောင်(ကောင်းကင်ပြာ)၊ စန်းလွင် (ဒွါရာဝတီ)၊ ရဲထိုက်၊ နေဇင်အောင်၊ ပန်းအိဖြူ၊ အိအိချွန်၊ ယဉ်ဝေယံထွန်း၊ အိအိလှိုင်၊ ဆွေဆွေမြင့်နှင့်  မေ့ချစ်သက်တို့က ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။

ထိုသို့ တင်ဆက်မှုကို ဇူလိုင် (၁၈)ရက် နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ထပ်မံထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)