Skip to main content

သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်

နေပြည်တော် ဇူလိုင် ၁၄

သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ် (၂၃)ကို ဇူလိုင် ၁၆ ရက်၊ ညနေတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့် မည်ဖြစ်သည်။

အဆိုပါ ပွဲစဉ်(၂၃) ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးအစီအစဉ်ကို အစီအစဉ် တင်ဆက်သူ ထူးပြည့်အောင်နှင့် မေဇင်အောင်တို့က တင်ဆက်ကြမည်ဖြစ်ပြီး မိသားစုလေးစုဖြင့် သုံးပွဲယှဉ်ပြိုင် ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို  ဇူလိုင်  (၁၆ ၊ ၁၇ ၊ ၁၈ ) ရက်များတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ညနေ()နာရီ သတင်းအပြီး၌ ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)