Skip to main content

ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီနှင့် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီတို့၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးများကျင်းပ

နေပြည်တော် ဇူလိုင် ၁၄

ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်း‌အဝေးခန်းမ၌ Online Platform ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင်     ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ယနေ့ အစည်းအဝေးတွင် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေ၏ ရရှိ/သုံးစွဲ/ လက်ကျန်အခြေအနေများ၊ ရန်ပုံငွေသုံးစွဲမှုနှင့်စပ်လျဉ်း၍ စာရင်းစစ်ဆေး အကြံပြုချက်များ၊  တိုင်းဒေသကြီး/ပြည်နယ်များ၌ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေ ထိန်းသိမ်းရေး လုပ်ငန်းကော်မတီ အဖွဲ့ ဖွဲ့စည်းထားရှိမှုအခြေအနေများကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ကော်မတီဝင်များအနေဖြင့် ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ကော်မတီဒုတိယဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ရန်ပုံငွေစာရင်းများပြုစုရာတွင် ဖေဖော်ဝါရီ ၁ ရက်မှစပြီး ရရှိ/ သုံးစွဲ/ လက်ကျန်စာရင်း အပိုင်းခွဲခြား ပြုစုရန်လိုအပ်ကြောင်း ဆွေးနွေးသည်။

ထို့နောက် ကော်မတီအတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန်က အမျိုးသားသဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ ရရှိ/သုံးစွဲ/ လက်ကျန်အခြေအနေများ၊ ရန်ပုံငွေသုံးစွဲမှုနှင့် စပ်လျဉ်း၍ စာရင်းစစ်ဆေး အကြံပြုချက်များကို  ရှင်းလင်းတင်ပြပြီး  တင်ပြမှုများအပေါ် ကော်မတီ အဖွဲ့ဝင် များနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းဆွေးနွေးကာ  ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

မွန်းလွဲပိုင်းတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ အစည်း အဝေး (၁/၂၀၂၁) ကို Online Platform ဖြင့် ဆက်လက်ကျင်းပသည်။

အစည်းအဝေးတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က သဘာဝဘေး တုံ့ပြန်ရေး လုပ်ငန်းများ၌ အားလုံး ဝိုင်းဝန်းပူးပေါင်းကာ စုပေါင်းအားဖြင့် ဆောင်ရွက်ကြရန် လမ်းညွှန်ထားရှိကြောင်း၊ နေပြည်တော် ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ Quarantine Center များ၌ ကိုဗစ်-19 ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် ကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် စောင်၊ ခြင်ထောင်၊ မြက်ဖျာ၊ တာပေါ်လင်စများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စေတနာ့ဝန်ထမ်း Volunteer အဖွဲ့အစည်းများအတွက် လိုအပ် သည့် စက်သုံးဆီ၊ စားစရိတ်နှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်သောနည်းစနစ်နှင့် အထောက်အကူပြု ပစ္စည်းများ ပံ့ပိုးပေးနိုင်ရေး ဆက်လက်တင်ပြ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်က သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် စီမံချက်များရေးဆွဲရန်၊ ကိုဗစ်-19  နှင့် ပတ်သက်၍လည်း ထည့်သွင်းစဉ်းစားဆောင်ရွက်ရန်လိုကြောင်း ဆွေးနွေးသည်။

ဆက်လက်၍ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းကော်မတီဖွဲ့စည်းမှု၊ လုပ်ငန်းတာဝန်များနှင့် အမျိုးသားကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် လုပ်ငန်းကော်မတီအဖွဲ့ဝင်များဖြစ်သည့် နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၊ အဖွဲ့ဝင် (၁) များ၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များက လတ်တလောတွင် COVID-19 နှင့်ပတ်သက်၍ ဆောင်ရွက်မှုနှင့် လိုအပ် ချက်များကို ဆွေးနွေးတင်ပြရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)