Skip to main content

COVID-19 ရောဂါ ကူးစက်မှုကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အများပြည်သူ အလုပ်ပိတ်ရက်များနှင့် ဆက်စပ်နေသည့် ကြားရက်နှစ်ရက်အား အများပြည်သူ အလုပ်ပိတ်ရက်အဖြစ်ကြေညာ

၂၀၂၁ ခုနှစ်ဇူလိုင်လ ၁၇၊ ၁၈ နှင့် ၁၉ ရက်နေ့တို့သည် စနေနေ့၊ တနင်္ဂနွေနေ့နှင့် အာဇာနည်နေ့ ဇူလိုင်လ ၂၁ ရက်နေ့သည် အီဒုလ်အအဿွဟာ (ကုရ်ဘာနီအီးဒ်)နေ့ ၊ ဇူလိုင်လ ၂၃၊ ၂၄ နှင့် ၂၅ ရက်နေ့တို့သည် ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့နှင့် စနေနေ့၊ တနင်္ဂနွေနေ့ အများပြည်သူ အလုပ်ပိတ်ရက်များ ဖြစ်ကြပါသည်။ COVID-19 ရောဂါကူးစက်မှုကို ထိရောက်စွာ ကာကွယ် ထိန်းချုပ်ကုသနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ကြားရက်များ ဖြစ်သော ဇူလိုင်လ ၂၀ ရက်နေ့နှင့် ဇူလိုင်လ ၂၂ ရက်နေ့တို့ကို အများပြည်သူအလုပ်ပိတ်ရက်များ အဖြစ် သတ်မှတ်ကာ ဇူလိုင်လ ၁၇ ရက်နေ့မှ ဇူလိုင်လ ၂၅ ရက်နေ့အထိအား တစ်ဆက် တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်ရှည်အဖြစ် လွှဲပြောင်းနိုင်သည့် စာချုပ် စာတမ်းများ အက်ဥပဒေ ပုဒ်မ ၂၅ အရ အများပြည်သူတို့၏ အလုပ်ပိတ်ရက်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာ အမှတ် (၂၁၁ /၂၀၂၁) ဖြင့် ကြေညာထားသည်။