Skip to main content

၂၀၂၁ ခုနှစ်၊ နေပြည်တော်တွင် ကျင်းပမည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများအား ယာယီရပ်နားထား

နေပြည်တော် ဇူလိုင် ၁၄

၂၀၂၁ ခုနှစ်၊ နေပြည်တော်တွင် ကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစား ပြိုင်ပွဲများ ဖြစ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် U-21 (အမျိုးသား) ဘောလုံးပြိုင်ပွဲကို ဇွန် ၂၄  ရက်မှ ဇူလိုင် ၉ ရက်အထိလည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် U-25 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲကို ဇူလိုင် ၂၈ ရက်မှ ဩဂုတ် ၁၁ ရက်အထိလည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အလေးမ ပြိုင်ပွဲ ကို ဩဂုတ် ၂၆ ရက်မှ ၃၀ ရက်အထိလည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝူရှူးပြိုင်ပွဲကို စက်တင်ဘာ ၇  ရက်မှ ၉ ရက်အထိနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဖူဆယ်ပြိုင်ပွဲအား စက်တင်ဘာ  ၁၇  ရက်မှ   ၂၇ ရက်အထိ ကျင်းပရန် စီစဉ်ထားရှိသည်။

အဆိုပါ အားကစားပြိုင်ပွဲများအနက်မှ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၁) နှစ်အောက် အမျိုးသား(ဘောလုံး) ပြိုင်ပွဲကို ဇွန် (၂၄) ရက်မှ ဇူလိုင် () ရက်အထိ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း ကျန်ရှိသည့် အားကစားပြိုင်ပွဲများကို ယခုအခါ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှု အခြေအနေများအရ ဒေသ ဖြတ်ကျော်သွားလာမှု အကန့်အသတ်များ ရှိနေပါ၍ ယခင်ကြေညာထားသည့် ရက်များအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများအား ဆက်လက်ကျင်းပနိုင်ခြင်း မရှိပါသဖြင့် ပွဲစဉ်များအား ယာယီရပ်ဆိုင်းထားခြင်းဖြစ်ပါကြောင်းနှင့် ပြိုင်ပွဲများအား ကျင်းပနိုင်မည့် အခြေ အနေပေါ်မူတည်၍ ပြောင်းလဲကျင်းပမည့် ပြိုင်ပွဲအစီအစဉ်များနှင့် နေ့ရက်တို့ကို ကြေညာပေးသွား မည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)