Skip to main content

ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာများအတွက် လိုအပ်ချက် များနှင့် မြို့တော်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်

ရန်ကုန် ဇူလိုင် ၁၃

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့ နံနက် ၇ နာရီခွဲတွင် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာ ကွန်ဗင်းရှင်းစင်တာ (MCC)၌ ရန်ကုန်မြို့ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာများတွင် အောက်ဆီဂျင်အိုး များ လိုအပ်နေ မှုကြောင့် လီတာ ၄၀ အောက်ဆီဂျင် အိုးများ ဖြည့်တင်းပေးနိုင်ရေး ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

ကြည့်ရှုစစ်ဆေး ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ ဆောင်ရွက်လျက်ရှိသော လှိုင်သာယာမြို့နယ် ပီမိုးနင်းလမ်း (တောင်ငူ လမ်းမှ မကွေးလမ်း အထိ) ကွန်ကရစ်လမ်းခင်းဆောင်ရွက်နေမှုကိုလည်းကောင်း၊ ရေစီးရေလာစီမံ ခန့်ခွဲမှုဌာနမှ ဆောင်ရွက်လျက်ရှိသော ရန်ကုန်ညောင်တုန်း လမ်းတစ်လျှောက် ရေစုကန်မြောင်းကို ၂၁ တန် Amphibious Excavator ဖြင့် ဗေဒါ၊ အမှိုက်၊ ဒိုက်၊ နုန်းများ ဆယ်ယူ ရှင်းလင်းနေမှုကို လည်း ကောင်း၊တောင်ဥက္ကလာပမြို့နယ် မာဃလမ်းရှိ အရှည်ပေ ၄၀၊ အကျယ်ပေ၃ဝ ရှိသံမဏိသံပေါင် ကွန်ကရစ် ကြမ်းခင်း မာဃတံတား ပြန်လည်ပြုပြင်တည်ဆောက် ရန် ပြင်ဆင်ဆောင်ရွက် နေမှုကို လည်းကောင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ် စက်ရုံလမ်းရှိ ဝန်ထမ်း သင်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါ သံသယရှိ လူနာ ၆၀ ထားရှိနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေမှုကို လည်းကောင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်ပတ်လမ်းရှိ ကန်တော်ကြီး သဘာဝဥယျာဉ်အတွင်း မန်ကျည်း တန်းမြောင်း ရေထိန်းတံခါးမှ တိရစ္ဆာန် ဥယျာဉ်အတွင်းသို့ ရေစီးနေမှုနှင့် ကန်တော်ကြီး ဥယျာဉ်အတွင်း စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်နေမှု များကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

သတင်းစဉ်