နေပြည်တော် ဇူလိုင် ၁၃
COVD-19 ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာများကို ကုသရေး လုပ်ငန်းများ ဆောင်ရွက် ရာတွင် အောက်ဆီဂျင်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုစေရန် အတွက် တပ်မတော် အနေဖြင့် အောက်ဆီဂျင်အိုးများကို ဆေးရုံများနှင့် COVID-19 ရောဂါကုသရေးဌာနများအရောက် သွားရောက်လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်ရှိ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး အလုံး၆၀ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော် သားများက လည်းကောင်း၊ မန္တလေးမြို့ရှိ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး အလုံး ၂ဝ ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော် သားများ ကလည်းကောင်း တပ်မတော် Oxygen Plant များမှ အောက်ဆီဂျင်များ ဖြည့်သွင်းပြီး တပ်မတော်မော်တော်ယာဉ်များဖြင့် သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်