Skip to main content

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ သတင်းမီဒီယာသမားများအတွက် Press Helmet များနှင့် မီဒီယာ ဥပဒေစာအုပ်များ လှူဒါန်း

ရန်ကုန် ဇူလိုင် ၁၃

 

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ရန်ကုန်မြောက်ပိုင်း ခရိုင် လူထုအခြေပြုဌာနသို့ သတင်း သမားများအတွက် Press Helmet ၂၅ လုံးနှင့် သတင်း မီဒီယာဥပဒေ၊ နည်းဥပဒေစာအုပ် များ ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၁၁ နာရီတွင် ကျင်းပ ပြုလုပ်ရာ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီတွဲဖက် အတွင်း ရေးမှူး (၂)၊ သတင်းမီဒီယာ ကျင့်ဝတ်နှင့် သတင်းမီဒီယာ ဖွံ့ဖြိုးရေး ကော်မတီအဖွဲ့ ခေါင်းဆောင် ဦးအောင်ပြည့်စုံနှင့် သတင်းမီဒီယာ ကောင်စီဝင်များ က မြောက်ပိုင်းခရိုင်ဦးစီးအရာရှိ ဒေါ်အေးအေးခိုင်ထံ ပေးအပ် လှူဒါန်းခဲ့ကြသည်။

သတင်းစဉ်