Skip to main content

မိုးယွန်းကြီးအင်း(ဘေးမဲ့တော)နှင့်ကျေးရွာများတွင် ငါးရစ်ငါးသန်ရာသီချိန် ငါးဖမ်းဆီးခြင်း မရှိစေရေး

ပညာပေးလုပ်ငန်းများဆောင်ရွက် နေပြည်တော် ဇူလိုင် ၁၁ ငါးလုပ်ငန်းဦးစီးဌာနသည် မြန်မာနိုင်ငံရှိ ရေချို/ရေငန် ရေပြင်များတွင် ငါး/ပုစွန်မျိုးများ မပြုန်းတီးစေဘဲ ငါး/ပုစွန်အထွက်တိုးစေရန် မျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့တိုးပွားစေရန်နှင့် ငါးသယံဇာတများ ထိန်းသိမ်းနိုင်ရန်ရည်ရွယ်၍ ရေနေသတ္တဝါ (အရှင်)များ၏ မိတ်လိုက်၊ မျိုးပွားရာသီချိန်ကာလ ငါးရစ်တက်ချိန်များတွင် ဖမ်းဆီးခြင်း၊ ဝယ်ယူစုဆောင်းခြင်း မပြုကြရန် အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များဖြင့် တားမြစ်ထားပြီးဖြစ်သည်။

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေသော ပဲခူးမြို့နယ်ရှိ မိုးယွန်းကြီးအင်း(ဘေးမဲ့တော)နှင့် ပျဉ်ပုံ၊ တာဂွ၊ ဘုရားလေး၊ ဝမ်းဘဲအင်းကျေးရွာများသို့ (၉-၇-၂၀၂၁) ရက်နေ့တွင် ပဲခူးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ မိုးယွန်းကြီးအင်း(ဘေးမဲ့တော) အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူပူးပေါင်း၍ ငါးရစ် ငါးသန်ရာသီချိန်တွင် ငါးဖမ်းဆီးခြင်းမပြုရန် တားမြစ်စာနှင့် အဆိပ်အတောက်ဖြင့် (ဆေးချခြင်း)၊ ဘက်ထရီရှော့တိုက်(ကျဉ်စက်)ဖြင့် ငါးဖမ်းဆီးခြင်း မပြုရန် တားမြစ်စာများအား ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်