Skip to main content

မန္တလေးမြို့ပေါ်ရှိ COVID-19 ရောဂါ၊ ကာကွယ် ၊ ထိန်းချုပ် ကုသနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ စစ်ဆေး

နေပြည်တော် ဇူလိုင် ၁၁

 

 မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်ရှိ နဒီမြန်မာဟိုတယ်၌ Covid-19 Test Centre ပြုလုပ်ထားရှိမှုကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေး ကောင်စီဝင်များနှင့် တာဝန်ရှိသူများက ယနေ့ မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှု စစ်ဆေး ရာ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ Best Management ဖြစ်အောင် ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းတင်ပြရာ တိုင်းမှူး က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ တိုင်းမှူးနှင့်အဖွဲ့သည် ချမ်းမြ သာစည်မြို့နယ်ရှိ မန္တလာသီရိအားကစားကွင်း၌ COVID-19 ရောဂါ အတည်ပြု လူနာများအတွက် လိုအပ်သော အောက်ဆီဂျင်များ လုံလောက်စွာ ပေးအပ်နိုင်ရေးအတွက် ပြုလုပ်ထားသော Oxygen  Plant နှင့် ချမ်းမြသာစည်လေဆိပ်ဟောင်း၌ ပြင်ဆင် ဆောင်ရွက်နေသော COVID-19  ရောဂါ ကုသရေးဌာန  တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ အဆိုပါ ကုသရေး ဌာနသည် အရေးပေါ်လူနာ ၆၀ ဆံ့ တစ်ခန်းနှင့်  အတည်ပြုလူနာ ၇၂ ဦးဆုံ နှစ်ခန်း စုစုပေါင်း ၂၀၄ ဦးကို ကုသပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ထို့နောက်တိုင်းမှူးနှင့်အဖွဲ့သည် မန္တလေးမြို့ နေ ပြည်သူများအနေဖြင့် COVID-19 ရောဂါ ကာကွယ် တားဆီးရေးအတွက် ထုတ်ပြန်ထား သော Stay at Home စည်းကမ်းချက် လိုက်နာမှုအပေါ် မန္တလေး မြို့တွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်