Skip to main content

အကျဉ်းဦးစီးဌာန မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော် ဇူလိုင် ၁၁

 

အကျဉ်းဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်ရုံး၏ ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို နေပြည်တော်ကောင်စီ နယ်မြေ နေပြည်တော် အချုပ်ထောင် မြေနေရာ၌ ကျင်းပသည်။

 

မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ တွင် ပြည်ထဲရေးဝန်ကြီးဌာ အကျဉ်းဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဇော်မင်းက ကံ့ကော်ပင်ကို စိုက်ပျိုးပေးပြီး တက်ရောက်လာကြသူ များက အရိပ်ရအပင်များကို အသီးသီး စိုက်ပျိုးကြသည်။

 

ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းနှင့် တာဝန်ရှိ သူများက သစ်ပင်စိုက်ပျိုးနေကြ သည့် အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ ကို ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးသည်။

 

ယနေ့ပြုလုပ်သော မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ မဲဇလီ၊ ကုက္ကိုနှင့် ကံ့ကော် စုစုပေါင်း အပင်၁၄၄၀ စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်