နေပြည်တော် ဇူလိုင် ၁၀
ပြည်သူလူထုအတွက် အဓိက အကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက် ပေးလျက်ရှိသည့် အပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေးဆိုင်ရာ ကုသမှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေး ဆေးရုံများ၌ ကျန်းမာရေးစောင့်ရှောက်မှုများကို နေ့ညမပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၆၉၂၉၇ ဦးနှင့် အတွင်းလူနာပေါင်း ၇၈၁၈၅ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။
အထူးကြပ်မတ်ကုသပေးလျက်ရှိ
ယင်းလူနာများအနက် အကြီးစားခွဲစိတ်ကုသရန် လိုအပ်သူ ၁၂၄၉၀၊ အသေးစား ခွဲစိတ်ကုသရန် လိုအပ်သူ ၆၆၄၃ ဦး၊ စုစုပေါင်း ၁၉၁၃၃ ဦးတို့ကို ခွဲစိတ် ကုသပေးနိုင် ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ်ကုသပေး လျက်ရှိသည်။
ထို့ပြင်ကလေးမီးဖွားလူနာ ၆၃၄၄ ဦးကို ခွဲစိတ်၍လည်းကောင်း၊ ၈၉၈၄ ဦးကို သာမန်ဖြင့် လည်းကောင်း မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ ကလေးငယ် ၁၅၃၂၈ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေး ကဏ္ဍမြင့်မားရေးတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်