နေပြည်တော် ဇူလိုင် ၁၀
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက ရေဒီယိုနားဆင်သူ ပရိသတ်များအတွက် သတင်းနှင့် ဗဟုသုတအဖြာဖြာ၊ ကောင်းနိုးရာရာ တေးသီချင်းများအပြင် ကျန်းမာရေးနှင့် အမေးအဖြေ အစီအစဉ်များ အပါအဝင် အစီအစဉ် ပေါင်း စုံလင်စွာဖြင့် သပြေရေဒီယိုကို ဇူလိုင် ၁၁ ရက် (ယနေ့) တွင် စတင်ထုတ်လွှင့်နေပြီဖြစ်သည်။ ။
“သပြေ-ရေဒီယို”ကို မြန်မာနိုင်ငံအလယ်ပိုင်းတွင် လှိုင်းလတ် လှိုင်းနှုန်း MW 711 KHz နှင့် ရန်ကုန်မြို့ နှင့် အနီးတဝိုက်တွင် FM လှိုင်းနှုန်း 99.6 MHz တို့ဖြင့် ဖမ်းယူရရှိနိုင်မှာဖြစ်ပြီး နေ့စဉ် နံနက် (၇)နာရီမှ နေ့လယ် (၁၂)နာရီအထိနှင့် ညနေ(၄)နာရီမှ ည(၉)နာရီအထိ ထုတ်လွှင့် လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်