Skip to main content

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၉-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ

(၈-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၉-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၅,၇၄၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၄,၃၂၀) ဦး တွေ့ရှိရပါသည်။သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၈၄၁,၅၆၉)ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၈၄,၃၇၅) ဦး ရှိပြီ ဖြစ်ပါသည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၁,၁၅၁) ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၁၄၃,၄၆၀)ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်ပါသည်။ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ (၆၄) ဦး ရှိသဖြင့် ယနေ့ အထိ သေဆုံးသူစုစုပေါင်း (၃,၆၈၅) ဦး ရှိပါသည်။

#Ministry of Health and Sports, Myanmar