Skip to main content

မြန်မာ-တရုတ် နှစ်နိုင်ငံ လယ်ယာကဏ္ဍပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆွေးနွေး

နေပြည်တော် ဇူလိုင် ၉

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး သည် ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်ကို Online Virtual ဖြင့် တွေ့ဆုံ၍ နှစ်နိုင်ငံလယ်ယာကဏ္ဍကုန်သွယ်မှု တိုးမြှင့် ရေးဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။

ဆွေးနွေးစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံ လယ်ယာ၊ သားငါးထွက်ကုန်များ ကုန်သွယ်မှုတွင် လိုအပ်သော ပိုးမွှားရောဂါထိန်းချုပ်ရေးဆိုင်ရာများ၊ အပင်၊ တိရစ္ဆာန်နှင့် သားငါးပိုးမွှားရောဂါ ကင်းစင်ရေး သဘော တူညီချက်များ နှင့်အညီ စိုက်ပျိုးရေး၊မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ GACC တို့အကြား လက်မှတ်ရေးထိုးပြီး ဆောင်ရွက်ဆဲလုပ်ငန်းများ နှင့်  လက်မှတ်ရေးထိုးဆောင်ရွက်ရန် လုပ်ငန်းဆိုင်ရာများကိုလည်းကောင်း၊ နှစ်နိုင်ငံ အစိုးရအကြား လက်မှတ်ရေးထိုးခဲ့သည့် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းလုပ်ငန်းများကို အပြည့်အဝအကောင်အထည်ဖော်ဆောင်နိုင်ရေး ဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံလယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)