နေပြည်တော် ဇူလိုင် ၉
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုး စိုက်ထည့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပရဝုဏ်၌ ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် နှင့် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း များက ဝန်ကြီးဌာနရှိ ရေကန်အတွင်းသို့ ငါးသားပေါက်များ စိုက်ထည့်ပေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ၂၀၂၁ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအထိမ်းအမှတ်အဖြစ် ကံ့ကော်ပင်များကို စိုက်ပျိုးပေးကြပြီး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းများက သတ်မှတ် နေရာများတွင် သစ်ပင်များ စိုက်ပျိုးကြသည်။
ထို့နောက် အရာထမ်း၊ အမှုထမ်းများက သစ်ပင်ပျိုးပင်များကို သတ်မှတ်နေရာများ၌ စုပေါင်း စိုက်ပျိုးကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးကြသည်။
ယနေ့အခမ်းအနားတွင် ငါးသားပေါက်ကောင်ရေ (၆၀၀၀) စိုက်ထည့်ပြီး ပိတောက်ပြာ၊ ကျွန်း၊ စကားဝါ၊ ပျဉ်းကတိုး၊ ကံ့ကော်၊ ခရေ၊ ယင်းမာ၊ သစ်ပိတောက်ပင်နှင့် နှစ်ရှည်ပင်များ အပါအဝင် စုစုပေါင်း (၁၃၅)ပင် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)