Skip to main content

သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲအသိပညာပေးအစီအစဉ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လွှတ်ပြသမည်

 

 

နေပြည်တော် ဇူလိုင် ၈

 သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေး အစီအစဉ် (Family Quiz) ပွဲစဉ်(၂၂)ကို ဇူလိုင် ၉ ရက် ညနေပိုင်းတွင် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။

အဆိုပါပွဲစဉ်(၂)၏ ကိုဗစ်-၁၉ ဆိုင်ရာအသိပညာပေးအစီအစဉ်ကို အစီအစဉ်တင်ဆက်သူရဲထိုက် နှင့် ဆုမြလှိုင်တို့က တင်ဆက်ကြမည်ဖြစ်ပြီး မိသားစုလေးစုဖြင့် သုံးပွဲယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲ များကို ဇူလိုင် ၉ ရက်နှင့် ဇူလိုင် (၁၀ ၊ ၁၁) ရက်များ တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ညနေ ၆ နာရီ သတင်းအပြီး၌ ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်