Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအကြို လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲ တက်ရောက်ကြည့်ရှု အားပေး

 

နေပြည်တော် ဇူလိုင်

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်အောင်မြင်မှု ရရှိရန်အတွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) စခန်းသွင်း လေ့ကျင့် လျက်ရှိသော မြှားပစ်အားကစားနည်း ပြိုင်ပွဲအကြို လက်ရည်ဆန်းစစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လု ပွဲစဉ်များနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ ညနေ နာရီခွဲတွင် ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင် တက်ရောက်ကြည့်ရှုအားပေးကာ ဆုများ ချီးမြှင့်သည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်နှင့် တက်ရောက်လာကြသူများက  ဗိုလ်လုပွဲစဉ်အဖြစ် Compound Individual တစ်ဦးချင်းပြိုင်ပွဲနှင့် Mix Team နှစ်ယောက်တွဲပြိုင်ပွဲများ၊ Recurve Individual တစ်ဦးချင်း နှင့် Mix Team နှစ်ယောက် တွဲပြိုင်ပွဲများကို ကြည့်ရှုအားပေးကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုများချီးမြှင့်ရာတွင် Compound တစ်ဦးချင်းရှုံးထွက်ပြိုင်ပွဲတွင် ဆုရရှိ သူများကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးကလည်းကောင်း၊ Recurve အမျိုးသမီး တစ်ဦးချင်းရှုံးထွက်ပြိုင်ပွဲတွင် ဆုရရှိသူများကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းက လည်းကောင်း၊ Recurve အမျိုးသားတစ်ဦးချင်းရှုံးထွက်ပြိုင်ပွဲတွင် ဆုရရှိသူများကို ညွှန်ကြားရေး မှူးချုပ် ဦးထွန်းမြင့်ဦးက လည်းကောင်း၊ Compound Mixed Team ရှုံးထွက်ပြိုင်ပွဲတွင် ဆုရရှိသူ များကို ဒုတိယဝန်ကြီး ဦးမျိုးလှိုင်ကလည်းကောင်း၊ Recurve Mixed Team ရှုံးထွက်ပြိုင်ပွဲတွင် ဆုရရှိကြသောကစားသမားများနှင့်  ပွဲစဉ်တစ်လျှောက်အကောင်းဆုံး ကစားသမားဆုရရှိသော နေလင်းဦးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်က လည်းကောင်း ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

 (သတင်းစဉ်)