Skip to main content

(၅၄)ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့အစည်းအဝေးနှင့် ဆက်စပ်အစည်းအ ဝေးများကျင်းပ

 

နေပြည်တော် ဇူလိုင် ()

(၅၄)ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့အစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများဖြစ်သည့် (၃၉) ကြိမ်မြောက် အာဆီယံ+တရုတ်၊ ဂျပန်၊ ကိုရီးယားခရီးသွားလုပ်ငန်း အာဏာပိုင် အဖွဲ့အစည်းအဝေး၊ (၂၆) ကြိမ်မြောက် အာဆီယံ-အိန္ဒိယခရီးသွားလုပ်ငန်းအဖွဲ့ အစည်း အဝေးများကို အင်ဒိုနီးရှားနိုင်ငံမှဦးဆောင်၍  ဇူလိုင် ရက်နှင့် ရက်တို့၌ နံနက်၈နာရီခွဲတွင် ဗွီဒီယို ကွန်ဖရင့်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ အာဆီယံခရီးသွားလုပ်ငန်းအာဏာပိုင် အဖွဲ့ခေါင်းဆောင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ အာဆီယံဆိုင်ရာ အဖွဲ့အစည်းများဖြစ်သည့် အာဆီယံ-တရုတ်ဗဟိုဌာန၊ အာဆီယံ-ဂျပန်ဗဟိုဌာန၊ အာဆီယံ-ကိုရီးယား ဗဟိုဌာန၊ အာဆီယံခရီးသွားလုပ်ငန်းအသင်း(ASEANTA) အာဆီယံခရီးသွားလုပ်ငန်းသုတေသနအဖွဲ့ (ATRA) အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ(US-ABC) နိုင်ငံတကာခရီးသွားလုပ်ငန်းအဖွဲ့ အစည်းများဖြစ်သည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO) ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီ (WTTC) ပစိဖိတ်- အာရှခရီးသွားလုပ်ငန်းအဖွဲ့(PATA)တို့မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက် ခဲ့ကြပြီး မြန်မာနိုင်ငံ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးပထမနေ့တွင် အာဆီယံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု မူဘောင်အရ ကိုဗစ်-၁၉ ကာလတွင်းနှင့် အလွန်ကာလများတွင် အာဆီယံဒေသတွင်းခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု များဖြစ်သည့် အာဆီယံခရီးသွားလုပ်ငန်းမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၅) အကောင်အထည်ဖော်မှု၊ ခရီးသွားလုပ်ငန်းစျေးကွက်မြှင့်တင်ရေးမဟာဗျူဟာ (၂၀၂၁-၂၀၂၅) အကောင်အထည် ဖော်ဆောင်မှု၊ အာဆီယံစင်တာများဖြစ်သည့် အာဆီယံ-တရုတ်စင်တာ၊ အာဆီယံ-ဂျပန် စင်တာ၊ အာဆီယံ-ကိုရီးယားစင်တာများ၏ အာဆီယံဒေသတွင်း ခရီးသွားလုပ်ငန်းများ တိုးတက်ရေးဆောင်ရွက် နေမှု၊ အာဆီယံဆက်စပ်အဖွဲ့များဖြစ်သည့် အာဆီယံခရီးသွားလုပ်ငန်းအဖွဲ့ (ASEANTA) အာဆီယံ ခရီးသွားလုပ်ငန်းသုတေသနအဖွဲ့(ATRA) အမေရိကန်-အာဆီယံစီးပွားရေးကောင်စီ (US-ABC) နိုင်ငံ တကာခရီးသွားလုပ်ငန်းအဖွဲ့အစည်းများဖြစ်သည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်(UNWTO) ကမ္ဘာ့ခရီး သွားလုပ်ငန်းကောင်စီ (WTTC) ပစိဖိတ်-အာရှခရီးသွားလုပ်ငန်းအဖွဲ့ (PATA)များမှ ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတကာခရီးသွားလုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းပြန်လည် ဖွင့်လှစ်နေမှုတို့ကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

အစည်းအဝေး ဒုတိယနေ့တွင် အာဆီယံ+၃ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု မူဘောင်အရ တရုတ်၊ ဂျပန်၊ ကိုရီးယားတို့နှင့်ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများ၏ ဖြစ်ပေါ်တိုးတက်မှု၊ အာဆီယံ+၃ခရီးသွားလုပ်ငန်းပူးပေါင်း ဆောင်ရွက်ရေး Work Plan (၂၀၂၁-၂၀၂၅) အကောင်အထည်ဖော်ဆောင်မှု၏ တိုးတက်မှု၊ အာဆီယံခရီးသွားလုပ်ငန်း များ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများမှ ပံ့ပိုးကူညီ ဆောင်ရွက် ပေးမည့် အခြေအနေ၊ အာဆီယံ+အိန္ဒိယခရီးသွား လုပ်ငန်းပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရေး သဘောတူစာချုပ်အရ အာဆီယံ+အိန္ဒိယခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး Work Plan (၂၀၂၁-၂၀၂၂) ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်မည့်အခြေအနေ၊ အာဆီယံနှင့် အိန္ဒိယနိုင်ငံတို့အကြား ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် နေမှု၊ အာဆီယံ+အိန္ဒိယအရေးပေါ် အခြေအနေဆက်သွယ်ဆောင်ရွက် ရေးဆိုင်ရာကိစ္စရပ်၊ ခရီးသွား လုပ်ငန်းဆိုင်ရာ မဟာဗျူဟာများနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ဆိုင်ရာ သတင်းအချက်အလက် ဖလှယ်ရေးကိစ္စရပ်၊ အဖွဲ့ဝင်နိုင်ငံများတွင် နိုင်ငံတကာခရီးသွား ဧည့်သည် ရောက်ရှိမှုတို့ကို အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။

 (သတင်းစဉ်)