နေပြည်တော် ဇူလိုင် ၆
မိန်းကလေးတစ်ဦး တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူများကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေအရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် (၄)ရပ်ကွက် စာဂ ၁၆ လမ်းနေ ရဲဇော်ထက်(ခ)ကိုရဲ(မိ)၊ လှိုင်သာယာမြို့နယ်နေ မခင်လေး (တိမ်းရှောင်)နှင့် စစ်ကိုင်းတိုင်း ဒေသကြီး တမူးမြို့ စော်ဘွားကုန်းရပ်ကွက်နေ မအေးအေးဝင်း(ခ) မြတ်နိုး(ခ) အေးအေးမာ(ခ) မွန်မွန်မြတ်(မိ) တို့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်နေ မ--- (၂၁ နှစ်)အား တရုတ်နိုင်ငံသို့ ပို့ဆောင်၍ တရုတ်ဇနီးအဖြစ် ရောင်းစားရန် စီစဉ်ခဲ့မှုကို မူဆယ်မြို့မရဲစခန်း (ပ)၇၃၀/၂၀၂၀၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ၂၈(က)/၃၂ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး မူဆယ်ခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇွန် ၃၀ ရက်တွင် တရားခံ ရဲဇော်ထက်(ခ)ကိုရဲနှင့် မအေးအေးဝင်း (ခ)မြတ်နိုး (ခ) အေးအေးမာ(ခ)မွန်မွန်မြတ်တို့ကို လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်းနှင့် တိမ်းရှောင်တရားခံအား တရားခံပြေး ကြေညာခဲ့ကြောင်း သိရသည်။
သတင်းစဉ်