Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော် ဇူလိုင် ၇

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၅၂) ၌ ကျင်းပသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ အမြဲတမ်း အတွင်းဝန် ဦးမင်းမင်းနှင့် ညွှန်ကြားရေးမှူးချုပ်များက ရတနာတန်းဝင်  ကျွန်းပင်များကို စိုက်ပျိုးကြပြီး ဝန်ထမ်းများက သတ်မှတ်နေရာများတွင် ဝါးပိုးဝါးပင်များကို စိုက်ပျိုးကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ဝန်ထမ်းများ၏ သစ်ပင်စိုက်ပျိုးမှုကို လိုက်လံကြည့်ရှု အားပေးသည်။

ယနေ့သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်းပင်၊ ဝါးပိုးဝါး ၊ မန်ဂျန်ရှားပင်၊ ငှက်ပျောပင် စုစုပေါင်း (၂၂၀၀) စိုက်ပျိုးခဲ့ကြပြီး  ရုံးအမှတ် (၃) နှင့် ရုံးအမှတ် (၅၂) တို့၌ ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် အထိ သစ်ပင်စိုက်ပျိုး ပွဲတော်များတွင် စိုက်ပျိုးခဲ့သည့် စိန်တလုံးသရက် ၉၀ ရာခိုင်နှုန်း၊ ရတနာတန်းဝင် ကျွန်းပင် ၈၉ ရာခိုင်နှုန်း၊ ပျဉ်းကတိုး ၈၇ ရာခိုင်နှုန်းနှင့် နှစ်ရှည်သီးနှံပင် စုစုပေါင်း ၉၄ ရာခိုင်နှုန်းမှာ အောင်မြင်ဖြစ်ထွန်းခဲ့ကာ လျော့နည်းရာခိုင်နှုန်း နေရာများတွင် စိန်တလုံးသရက်နှင့် ရတနာတန်းဝင်ကျွန်း၊ ပျဉ်းကတိုးနှင့် နှစ်ရှည်သီးနှံပင်များကို အစားထိုးစိုက်ပျိုးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)