ပဲခူး ဇူလိုင် ၆
ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုဖြင့် ငါးသယံဇာတ မပြုန်းတီးရေး၊ ငါးရိက္ခာဖူလုံစေရေး၊ ငါးစားသုံးမှု မြင့်မားလာစေရေးအတွက် ပဲခူးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသော ပဲခူးမြို့နယ် အင်းတကော်မြို့ရှိ ရွှေပြည်(၁) ရေလှောင်တမံ အတွင်း၌ ယမန်နေ့ နံနက် ၉ နာရီ တွင် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ကိုဗစ်၁၉ရောဂါ စည်းမျဉ်းစည်းကမ်း ညွှန်ကြားချက်များနှင့် အညီ ကျင်းပသည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ခရိုင်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်၊ ပဲခူး ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ အင်းတကော်မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ငါးမျိုး စိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များ၊ ပဲခူးငါးလုပ်ငန်း စခန်းတာဝန်ခံနှင့်ဝန်ထမ်းများ၊ သနပ်ပင်ငါးလုပ်ငန်း စခန်းတာဝန်ခံနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။ ရွှေပြည်(၁) ရေလှောင်တမံ အတွင်းသို့ ပဲခူးငါးလုပ်ငန်း စခန်းမှ ငါးခုံးမကြီးငါးသား ပေါက်ကောင်ရေ ၁၀၀၀၀၀ ၊ ရွှေဝါငါးကြင်း ငါးသား ပေါက်ကောင် ရေ ၅၀၀၀၀၊ သနပ်ပင် ငါးလုပ်ငန်း စခန်းမှ ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ ၁၅၀၀၀၀၊ ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ ၁၀၀၀၀၀ စုစုပေါင်း ငါးသားပေါက်ကောင်ရေ | ၄၀၀၀၀၀ အား ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရ သည်။
သတင်းစဉ်