Skip to main content

ဒေသန္တရ စီမံကိန်းရည်မှန်းရန် အဆိုပြုချက်ဆိုင်ရာ တိုင်းဒေသကြီး စီမံကိန်းရေးဆွဲ အကောင်အထည် ဖော်ရေးကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကျင်းပ

မန္တလေး ဇူလိုင် ၆

၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂ခုနှစ်မတ်လအထိ ခြောက်လ အတွက် ဒေသန္တရစီမံကိန်း ရည်မှန်းရန် အဆိုပြုချက်ဆိုင်ရာ တိုင်းဒေသကြီး စီမံကိန်းရေးဆွဲ အကောင်အထည် ဖော်ရေး ကော်မတီ ဒုတိယအကြိမ် အစည်း အဝေးကို ယနေ့တွင် မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး နှစ်ထပ်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တက်ရောက်

အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၄)၊ တိုင်းဒေသကြီး စီမံကိန်းရေးဆွဲအကောင် အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဌေး၊ ကော်မတီအတွင်းရေး မှူးနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး စီမံကိန်းရေးဆွဲအကောင် အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ က အဖွင့်အမှာစကား ပြောကြားပြီးနောက် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ အတွင်းရေးမှူးက ခြောက်လအတွက် ဒေသန္တရစီမံကိန်းရည်မှန်းရန် အဆိုပြုချက်နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး သည်။ ကော်မတီဝင်များက မိမိတို့ဌာနအလိုက်ခြောက်လအတွက် ဒေသန္တရ စီမံကိန်းရည်မှန်းချက်အဆိုပြုချက် များကို ဆွေးနွေးတင်ပြကြသည်။

ဆွေးနွေး

အဆိုပါ အစည်းအဝေးတွင် အဆိုပြုတင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများသည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် ၉ ရပ်နှင့် ကိုက်ညီမှု ရှိ/မရှိ၊ တိုင်းဒေသကြီးနှင့် ပြည်သူလူထုအတွက် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုမည့် လုပ်ငန်းစီမံကိန်း များဖြစ်/မဖြစ်တို့ကို စိစစ်ခြင်း၊ ခွင့်ပြုနိုင်သည့် ဘတ်ဂျက်ဘောင် အတွင်း ရေးဆွဲနိုင်ရန်နှင့် ရေးဆွဲပြီးသည့် ဦးစားပေးအလိုက် လုပ်ငန်းစီမံကိန်းများကို စီမံကိန်း ရေးဆွဲရေးဦးစီးဌာနသို့ ပေးပို့ရန် ပြုစုဆောင်ရွက်ခြင်းကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရ သည်။

 

သတင်းစဉ်