Skip to main content

မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများ နှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက် ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်၊ ဇူလိုင် ၆        

   

မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ ဇူလိုင်လ ၅ ရက်နေ့ နံနက် ၇ နာရီခွဲ အချိန်တွင် ပေါင်းတည်မြို့နယ်၊ မှတ်တိုင်နယ်မြေရဲစခန်း (ပ)၁/၂၀၂၁၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)အမှုမှ တရားခံ ကျော်မင်းဦး(ခ) အောကြီးနှင့် ဆက်စပ်တရားခံ ကျော်သူရ(ခ)ဖိုးကျော်တို့ ၂ ဦး၏ ထွက်ဆိုချက်အရ ကျော်သူရ(ခ) ဖိုးကျော်နှင့် သဲကုန်းမြို့နယ်၊ ပျဉ်ကြီးကျေးရွာနေ စန်းမောင်(ခ)စန်းကြီး(၅၈)နှစ် (ဘ)ဦးအောင်မောင်းတို့ ၂ ဦး သည် ပေါင်းတည်မြို့နယ်၊ ကျောင်းစုကျေးရွာနေ ညွန့်လှိုင်(၅၅)နှစ် (ဘ)ဦးကုလားဆိုသူမှ စေခိုင်း၍  နတ်တလင်းမြို့နယ်၊ ညောင်လေးပင် ကျေးရွာနေ ကိုပေါက်ကင်း(စိစစ်ဆဲ)ထံမှ တူမီးသေနတ် ၁၃ လက်အား ငွေကျပ် ၃ သိန်းဖြင့် ဝယ်ယူကာ သဲကုန်းမြို့နယ်၊ ညောင်ပင်စု ကျေးရွာနေ မြင့်စိုး(၄၈)နှစ် (ဘ)ဦးတင်မောင်၏ နေအိမ်တွင် အပ်နှံထားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရှာဖွေခဲ့ရာ အဆိုပါနေအိမ်အတွင်းမှ မြင့်စိုးအား တူမီးသေနတ် ၁၃ လက်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်၍ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်တွင် ဆက်စပ်တရားခံ စန်းမောင် (ခ)စန်းကြီး၏ နေအိမ်သို့ သွားရောက်စစ်ဆေးရာ စန်းမောင်(ခ)စန်းကြီးအား ၎င်း၏နေအိမ်၌ ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။        

အထက်ပါ အကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များအား သိုဝှက်သိမ်းဆည်း ထားရှိသူများနှင့် လက်ဝယ်ထားရှိသူများအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

သတင်းစဉ်