Skip to main content

ဟုမ္မလင်းရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ (ဟောင်း)၏ နေအိမ်တွင် ဆန္ဒမဲ လက်မှတ်စာအုပ်များနှင့် UEC တံဆိပ်တုံးများ သိမ်းဆည်းရမိ

နေပြည်တော် ဇူလိုင်  ၆

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် ဟုမ္မလင်းရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးဘိုချစ်၏နေအိမ်၌ လက်လုပ်ဗုံးများ စုဆောင်းထားကြောင်း သတင်းအရ ၂-၇-၂၀၂၁ ရက်နေ့တွင် လုံခြုံရေးပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေခဲ့ရာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သော ပြည်သူ့ လွှတ်တော်ဆန္ဒမဲလက်မှတ်စောင်ရေ ( ၅၀ ) ပါ ဆန္ဒမဲလက်မှတ်စာအုပ် ၂ အုပ်နှင့် ဆန္ဒမဲပေး ရာတွင် အသုံးပြုခဲ့သော UEC တံဆိပ်ပါ တံဆိပ်တုံး ၃ ခု သိမ်းဆည်းရမိခဲ့သည်။ ဦးဘိုချစ်မှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး သိမ်းဆည်းရမိခဲ့သော ရွေးကောက်ပွဲသုံးပစ္စည်းများကို ဟုမ္မလင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် အပ်နှံထားကြောင်း သိရှိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဟုမ္မလင်းမြို့နယ်၏ ဆန္ဒမဲလက်မှတ်များအား မြေပြင်စစ်ဆေးခဲ့စဉ်က ပျောက်ဆုံးဆန္ဒမဲလက်မှတ် ၇၈၂၂ စောင်နှင့် အပို ၃၈၅၇ စောင် ရှိကြောင်း ၂၉-၅-၂၀၂၁ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

 

သတင်းစဉ်