Skip to main content

တပ်မတော်ဆေးရုံများနှင့် ယာယီအရေးပေါ်ဆေးရုံများ၌ ယနေ့အထိ ပြင်ပလူနာ နှစ်သိန်း ခြောက်သောင်းကျော် ကုသပေးနိုင်ခဲ့

နေပြည်တော် ဇူလိုင် ၆

 

ပြည်သူလူထုအတွက် အဓိက အကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးလျက် ရှိသည့်အပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေးဆိုင်ရာ ကုသမှုများ ဆောင်ရွက်ပေးနိုင် ရန်အတွက်တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများ၌ ကျန်းမာရေး စောင့်ရှောက်မှု များကို နေ့ညမပြတ် ဆောင်ရွက်ပေး လျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ပေါင်း ၂၆၆၈၅၉ ဦးနှင့် အတွင်းလူနာ ပေါင်း ၇၇၅၀၆ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။

 

ယင်းလူနာများအနက် အကြီးစား ခွဲစိတ်ကုသရန်လိုအပ် သူ ၁၂၃၇၁ ဦး၊ အသေးစား ခွဲစိတ် ကုသရန်လိုအပ်သူ ၆၅၄၃ ဦး စုစုပေါင်း ၁၈၉၁၄ ဦးတို့ကို ခွဲစိတ် ကုသပေးနိုင်ခဲ့သည့်အပြင် စိုးရိမ် ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ် ကုသပေး လျက်ရှိသည်။

 

ထို့ပြင် ကလေးမီးဖွားလူနာ ၆၂၆၆ ဦးကို ခွဲစိတ်၍လည်းကောင်း၊ ၈၉၁၂ ဦးကို သာမန်ဖြင့် လည်းကောင်း မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ ကလေးငယ် ၁၅၁၇၈ ဦးကို အောင်မြင် စွာ မွေးဖွားပေးနိုင်ခဲ့ပြီး တပ်မတော် အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ မြင့်မားရေး တွင် ဆက်လက် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်