Skip to main content

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၁) စိုက်ပျိုးမွေးမြူရေးရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစု ဝင်များအား ထောက်ပံ့ပစ္စည်းများပေးအပ်

နေပြည်တော် ဇူလိုင် ၆

 

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် အမှတ်(၁) စိုက်ပျိုးမွေးမြူရေးရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမ များကို ကျောင်းဝတ်စုံများ၊ စားသောက် ကုန်ပစ္စည်းများ ထောက်ပံ့ခြင်းနှင့် မြန်မာ့သားကောင်း အဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်)ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များကို စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။

 

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန် ရှိသူများက ဆရာ၊ ဆရာမ ၃၇ ဦးအတွက် ကျောင်းဝတ်စုံ ၃၇ စုံနှင့် စားသောက်ကုန် ပစ္စည်းများကိုလည်းကောင်း၊ မြန်မာ့သားကောင်း အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(လေးထောင့်ကန်)ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်အိမ်ထောင်စု ၆၄ စုတို့အတွက် စားသောက်ကုန် ပစ္စည်းများ ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်