Skip to main content

ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများဆောင်ရွက်

နေပြည်တော် ဇူလိုင် ၆

တပ်မတော် (ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာန ချုပ်များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄) မျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက် လျက်ရှိသည်။ ။

 

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့ရှိ မြို့မ ဘုန်းတော်ကြီးကျောင်း၊ ကောင်းမှုလျှံဘုန်းတော် ကြီးကျောင်း၊ ဆိုက်ခေါင် ဘုန်းတော်ကြီး ကျောင်း၊ အောင်မင်္ဂလာတပ်ဦးဘုန်းတော်ကြီးကျောင်း၊ ဇေယျသုခဘုန်းတော်ကြီးကျောင်း၊ ကောင်းဆန်းဘုန်းတော် ကြီးကျောင်း၊ ဝမ်ဟုန်ပြန့်ဘုန်းတော်ကြီးကျောင်း၊ မိုက်ညောင် ဘုန်းတော်ကြီးကျောင်းနှင့် မွန်ပြည်နယ် မော်လမြိုင်မြို့ ဥဒါဟရုဏ်စာသင်တိုက်တို့မှ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲအမယ်(၄)မျိုး၊ Covid-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် လှူဖွယ် ပစ္စည်းများကိုလည်းကောင်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့ ဥဒါဟရုဏ်စာသင်တိုက်တို့မှ သံဃာတော်များအား နေ့ဆွမ်းများကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်း ကြသည်။ ။

 

ထို့ပြင် အဆိုပါ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံ ဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

 

သတင်းစဉ်