ရန်ကုန် ဇူလိုင် ၅
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့ နံနက် (၉) နာရီတွင် ရန်ကုန်နည်းပညာ တက္ကသိုလ် အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်နှင့် ပါမောက္ခ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
သင်ကြားလေ့ကျင့်ပေးရမည်ဖြစ်
ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ကမ္ဘာတွင် သိပ္ပံနှင့် နည်းပညာကဏ္ဍ၌ ပြောင်းလဲတိုးတက်လျက်ရှိသော Industrial Revolution(4.0) ဆိုင်ရာနယ်ပယ်များ၊ Artificial Intelligent နှင့် Robotics ဆိုင်ရာနယ်ပယ်များ၊ Cloud Computing နှင့် Internet of Things ကဲ့သို့ Big Data များကို အခြေခံသည့် ဘာသာရပ်နယ်ပယ်များကို ဒေသတွင်းအဆင့်၊ နိုင်ငံ တကာအဆင့်များနှင့် ချိန်ထိုး၍ မိမိနိုင်ငံ၏ စက်မှုကုန်ထုတ်လုပ်ငန်းများနှင့် ဝန်ဆောင်မှု နယ်ပယ်များတွင် သိပ္ပံနှင့်နည်းပညာရပ်များအား အသုံးချ ဆောင်ရွက်နိုင်ရေးနှင့် ခေတ်နောက်ကျ မကျန်စေရေးအတွက် သင်ကြားလေ့ကျင့်ပေးရမည်ဖြစ်ပါကြောင်း။
တိုးမြှင့်ဆောင်ရွက်
သိပ္ပံနှင့်နည်းပညာကဏ္ဍအား ဦးဆောင်နေသည့် ရန်ကုန်နည်းပညာတက္ကသိုလ် အပါအဝင် တစ်နိုင်ငံလုံးရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျုတာတက္ကသိုလ်များနှင့် သက်ဆိုင်ရာ အထူးပြု တက္ကသိုလ်များအနေဖြင့် သုတေသန အသားပေးဆောင်ရွက်နိုင်သည့် တက္ကသိုလ်များအဖြစ် ရောက်ရှိနိုင်ရေး နှစ်အလိုက် ဆောင်ရွက်သွားမည့် Plan များ ချမှတ်၍ သုတေသနများ တိုးတက် ဆောင်ရွက်ခြင်း၊ သုတေသနပြုရန်အတွက် စနစ်ကောင်းနှင့် ပတ်ဝန်းကျင်ကောင်းများ ဖြစ်ထွန်း စေရေး ဆောင်ရွက်ခြင်း၊ သိပ္ပံပြပွဲ၊ ပြိုင်ပွဲများ၊ တီထွင်မှုပြပွဲပြိုင်ပွဲများနှင့် သုတေသန စာတမ်းဖတ်ပွဲများ ပြုလုပ်ခြင်းတို့ဖြင့် နိုင်ငံ့အကျိုးပြု သုတေသနနှင့် တီထွင်ဆန်းသစ်မှုများအား တိုးမြှင့်ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ပေါင်းစပ်ညှိနှိုင်း
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နှင့် အစိုးရစက်မှု လက်မှုသိပ္ပံ (အင်းစိန်) သို့ သွားရောက်ပြီး ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီး၊ ဌာနမှူး၊ ဆရာ၊ ဆရာမ များနှင့်တွေ့ဆုံ၍ သင်ကြားသင်ယူမှုနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်