နေပြည်တော် ဇူလိုင် ၄
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ် ရှိ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၁) တည်ဆောက်ရေး(ပေါင်းလောင်းဝန်း) အတွင်း ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ ဒုတိယဝန်ကြီး ဦးသန့်စင်နှင့် အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်တို့က ရတနာတန်းဝင် ကျွန်းပင် များကိုလည်းကောင်း၊ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲများက ပျိုးပင်များကိုလည်းကောင်း သတ်မှတ် နေရာများတွင် တစ်ပြိုင်တည်း စိုက်ပျိုးပေးကြသည်။
ထို့နောက် အရာထမ်း၊ အမှုထမ်းများက ပိတောက်၊ ကျွန်း၊ ပျဉ်းကတိုး၊ မာန်ဂျန်ရှား၊ စွယ်တော်၊ မြန်မာ့ရှား၊ ငုရွှေ၊ ပုန်းညှက်၊ ကုက္ကို စသည့် ပျိုးပင်ပေါင်း ၁၀၀၀ စုပေါင်း စိုက်ပျိုးကြသည်ကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနအကြီးအကဲများက လှည့်လည်ကြည့်ရှုအား ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)