Skip to main content

လုံခြုံရေး တပ်ဖွဲ့ဝင်များထံ လက်လုပ်သေနတ်များနှင့် ဆက်စပ်ပစ္စည်းများ လာရောက်အပ်နှံ

နေပြည်တော် ဇွန် ၂၈

တိုင်းဒေသကြီး/ ပြည်နယ်များရှိမြို့နယ်အချို့၌ အေးချမ်းစွာနေထိုင်လိုသည့်ပြည်သူလူထုများ က ၎င်းတို့၏ သဘောဆန္ဒအလျောက် လက်လုပ်သေနတ်များနှင့် ဆက်စပ်ပစ္စည်းများအား အုပ်ချုပ်ရေး တာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်နှင့် ချင်းပြည်နယ်၊ မတူပီမြို့နယ်တို့မှ တူမီးသေနတ် ၁၀ လက်၊ လက်လုပ်သေနတ် ၁၆ လက်၊ ဒူးလေး ၅ လက်နှင့် ဆက်စပ်ပစ္စည်းများအား ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများမှ တစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ပြည်သူလူထုက လာရောက်အပ်နှံသော လက်လုပ်သေနတ်များနှင့် ဆက်စပ် ပစ္စည်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်ခံရယူခဲ့ပြီး စနစ်တကျသိမ်းဆည်းထားရှိကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်