Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ထံ MRTV က တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းလာမှုများကို ပြန်လည်ဖြေကြားခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဗိုလ်ကြီးဒေါ်အေးသဇင်မြင့်က MRTV မှ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းလာမှု များကို အောက်ပါအတိုင်း ရှင်းလင်းဖြေကြားခဲ့ပါ သည်-

မေး။ ဇွန်လ ၂၇ ရက် မွန်းလွဲပိုင်းက ဂန့်ဂေါမြို့မှ ကလေးမြို့ဘက်ကိုသွားတဲ့ နစက ဘက်က တပ်သားအင်အား ၅၀ ပါ စစ်ကား သုံးစီးကို ကလေး PDF ကချုံခိုတိုက်ခိုက်ခဲ့ပြီး စစ်သားကိုးဦးကျဆုံးတယ်ဆိုပြီး ခေတ်သစ် မီဒီယာက ဖော်ပြထားတာကို တွေ့ရပါတယ်။ အဲဒီသတင်းကို အတည်ပြုပေးစေလိုပါတယ်။

ဖြေ။    လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေတည်ငြိမ် လုံခြုံရေးဆောင်ရွက်လျက်ရှိစဉ် ဇွန် ၂၇ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ကလေး-ဂန့်ဂေါ သွားကားလမ်း ကလေးမြို့နယ် နတ်ချောင်း ကျေးရွာအကျော်မှာ အကြမ်းဖက်လက်နက် ကိုင်များကလက်နက်ငယ်၊ တူမီးသေနတ်များ နဲ့ ပစ်ခတ်တဲ့အတွက် အပြန်အလှန်ပစ်ခတ် မှုဖြစ်ပွားခဲ့ပါတယ်။ အကြမ်းဖက်လက်နက် ကိုင်များကဆယ်မိနစ်လောက်ပဲ နှောင့်ယှက် ပစ်ခတ်ခဲ့ပြီး အနောက်ဘက်ကို ထွက်ပြေး သွားခဲ့ပါတယ်။ စစ်ကားသုံးစီးကို ကလေး PDF က ချုံခိုတိုက်ခိုက်ခဲ့ပြီး စစ်သားကိုးဦး ကျဆုံးတယ်ဆိုတဲ့ Khit Thit Media ရဲ့ သတင်းကတော့ သတင်းအမှားဖြစ်ပါတယ်။

မေး။ မရမ်းကုန်းမြို့ ဘုရင့်နောင်တံတားအနီး သမိုင်း (၁) ရပ်ကွက် လဝကရုံး နောက်ကျော တွင် ဗုံးပေါက်ကွဲပြီးနောက် တပ်မတော်က ရပ်ကွက်ထဲထိ ဝင်ရောက်ပစ်ခတ်မှုများ ရှိကြောင်း ခေတ်သစ်သတင်းမီဒီယာမှ ဖော်ပြထားရှိမှုကို အခြေအနေမှန် သိလိုပါတယ်။

ဖြေ။ ဇွန် ၂၇ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် မရမ်းကုန်းမြို့နယ် (၁) ရပ်ကွက် ဗိုလ်ချုပ် လမ်းနဲ့ (၁၂) လမ်းထောင့်၌ လက်လုပ်ဗုံး တစ်လုံးပေါက်ကွဲကြောင်း သတင်းရရှိသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များ စီးနင်းလာသော မော်တော်ယာဉ်အနီး လက်လုပ်ဗုံးတစ်လုံး ထပ်မံပေါက်ကွဲခဲ့ပါတယ်။ အဆိုပါ လက်လုပ်ဗုံးအား Honda Fit (အဖြူရောင်) ယာဉ်တစ်စီးက (၁၂) လမ်းဘက်မှ မောင်းဝင်လာကာ ဗိုလ်ချုပ်လမ်း ပေါ်၌ ပစ်ချထားခဲ့ပြီး မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်းနဲ့ အဝေးမှဖုန်းဖြင့် ဖောက်ခွဲခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ယာဉ်မှာ အနည်းငယ်ပျက်စီးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးနဲ့ ပြည်သူတစ်ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပါတယ်။ လက်လုပ်ဗုံးဖောက်ခွဲခဲ့သည့် ယာဉ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များကပိတ်ဆို့ ရှာဖွေလျက်ရှိပြီး ရပ်ကွက်အတွင်း ဘာပစ်ခတ်မှုမှမရှိကြောင်း ပြောလိုပါတယ်။