Skip to main content

မိုးညှင်း၊ မဘိမ်းနှင့် ကလောမြို့တို့၌ မူးယစ်ဆေးဝါများသိမ်းဆည်ရမိ

နေပြည်တော် ဇွန် ၂၇

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၅ ရက် မွန်းလွဲ ၃ နာရီတွင် မိုးညှင်းမြို့နယ် ပင်လုံကျေးရွာအုပ်စု နန့်စီးအောင်ကျေးရွာ နန့်စီးအောင် ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် TOYOTA HIACE အမျိုးအစား ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ခရီးသည် မင်းဇော်ဦး (ခ)ပန့်ကြီးထံမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၆၂၀နှင့် စိတ်ကြွရူးသွပ် ဆေးပြားအကြေ ဝ ဒသမ ၀၂၄ ကီလိုတို့ကို လည်းကောင်း၊ ထိုနေ့ နံနက် ၁၁ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့ သည် မဘိမ်းမြို့နယ် တုံကွာကျေးရွာအုပ်စု တုံကွာကျေးရွာအနီးတွင် မသင်္ကာဖွယ် တွေ့ရှိသူ ဘသောင်းကို စစ်ဆေးရှာဖွေရာဘိန်းဖြူ  ၀ ဒသမ ၃၆ ကီလိုကို လည်းကောင်း။

 

ထို့အတူ ဇွန် ၂၅ ရက် မွန်းလွဲ ၃ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ကလောမြို့နယ် ဝက်ဖြူရေ ကျေးရွာအုပ်စု နန့်ပန်တက် ကျေးရွာ စစ်ဆေးရေးဂိတ်အနီး တွင် Super Custom အမျိုးအစား AMBULANCE မော်တော်ယာဉ်သည် စစ်ဆေးရေးဂိတ်သို့ မရောက်မီ ရပ်တန့်ပြီး ယာဉ်မောင်းမှာ လမ်းဘေးတောအတွင်းသို့ ထွက်ပြေးသွားသဖြင့် ယာဉ်ကို စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၅ ဒသမ ၂၄၈ ကီလိုသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သိရသည်။

 

ရဲပြန်ကြား